Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
R. Madhavan
8.4
3 Idiots (2009)
IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie
3 Idiots (2009)
2009
4K HEVC
7.2
Shaitaan (2024)
Shaitaan (2024) "မကောင်းဆိုးဝါး" IMDb - 7.2/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်က ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။ အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲက တောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင် အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါ ပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။ မူရင်းရုပ်ရှင် Vash (2023)ကို ကြည့်ပြီးသူတွေကတော့ ဇာတ်လမ်းကိုသိပြီးသားဖြစ်မှာဆိုပေမဲ့ တင်ဆက်ပုံကွဲပြားတဲ့အတွက် မတူညီတဲ့ရသကို ခံစားရစေမှာပါ။စေတန်တဲ့...။ မကောင်းဆိုးဝါးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ ဒီမကောင်းဆိုးဝါးက ဘယ်သူ့ကိုကိုယ်စားပြုမှာလဲ။ သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အရာရာကို သိပ္ပံနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း၊ အထက်လမ်း၊ ...
movie
Shaitaan (2024)
2024
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
8.1
Dhokha: Round D Corner (2022)
Dhokha: Round D Corner (2022) Crime, Thriller IMDb 8.2/10 (5K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလားဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan
movie
Dhokha: Round D Corner (2022)
2022
9.2
Rocketry: The Nambi Effect(2022)
Rocketry: The Nambi Effect(2022) အညွှန်း*************************************IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical dramaဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar ...
movie
Rocketry: The Nambi Effect(2022)
8.7
Anbe Sivam(2003)
Anbe Sivam(2003) အညွှန်း**********************IMDb...8.73 Idiots ထဲကကင်မရာလေးတစ်ကိုင်ကိုင်နဲ့ ဖာဟန်ကိုသိကြတယ်မလား......ဒီကားထဲမှာတော့အဓိကမင်းသားပေါ့...ကြော်ငြာ ဗီဒီယိုရိုက်သူ အန်ဘာစုရ်တစ်ယောက် အိမ်ထောင်ပြုဖို့အတွက်ချန်နိုင်းကို လေယာဉ်နဲ့ပြန်ဖို့ စီစဉ်ထားပါတယ်။ လေဆိပ်ရောက်ရောက်ချင်းမှာပဲ မြို့ထဲမှာ အကြမ်းဖက်သမားတွေရှိကြောင်းကြေညာနေတဲ့ သတင်းကို သူတွေ့လိုက်ရတယ်။ ဒီလိုနဲ့ပဲ ထူးဆန်းတဲ့အပြုအမှုနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ရှီဗန်(မ်)ကိုတွေ့သွားပြီး အကြမ်းဖက်သမားလို့ သံသယဝင်သွားကာ ရဲနဲ့တိုင်ပါတော့တယ်။ ရဲတွေကလည်း ရှီဗန်(မ်)ကို ဖမ်းဆီးပြီး စစ်ဆေးပါတယ်...အဲ့ဒီနောက်မှာတော့ အလွဲကြီး လွဲမှုတွေဆက်တိုက်ဖြစ်ပါတော့တယ်...ဘာတွေဖြစ်မလဲဆိုတာကိုတော့... ဒီဇာတ်ကားဟာ ကွန်မြူနစ်ဝါဒ၊ ဘုရားမဲ့ဝါဒနဲ့ ပရဟိတလုပ်ငန်းတွေအပြင်Haasanရဲ့ လူသားဆန်တဲ့ အတွေးအမြင်တွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။File Size :(2.9GB) (1.2 GB) and (471 MB) Quality : Blu-Ray 720p Format…mp4 Duration…02:40:00 Genre : Adventure ,Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Anbe Sivam(2003)
7.8
Maara
Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie
Maara
2021
5.5
Nishabdham(2020)
Nishabdham(2020)အညွှန်း*************************3 idiots ဇာတ်ကားထဲက ဖာရ်ဟန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး R. Madhavan ၊ ဘာဟူဘာလီမင်းသမီး Anushka Shetty တို့ သရုပ်ဆောင်ထားတဲ့ Horror,Mystery,Thriller ကားလေး ထွက်လာလို့ဘောလိဝုဒ် ၊ တောလိဝုဒ် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း အမေရိကန်နိုင်ငံ ၊ အနောက်ကမ်းရိုးတမ်းမှာရှိတဲ့ Seattle မြို့အစွန်... လူသူအရောက်အပေါက်နည်းလှတဲ့ တောအုပ်တစ်ခုဘေးက အိမ်တစ်အိမ်... အချိန်က အမှောင်ကြီးစိုးတဲ့ မဟူရာည... မှိန်ပြပြထွန်းညှိထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်နဲ့ အတူ... ခပ်ငြိမ့်ငြိမ့် တီးလုံးသံကို အားပြုပြီး စည်းချက်ညီတဲ့ စုံတွဲအကလေးနဲ့ ချစ်သူနှစ်ဦး ပျော်မြူးနေချိန် မြေအောက်ခန်းထဲက လျှပ်စစ် မီးသီး တစ်ခုခုဖြစ်နေသံကြားလိုက်ရတယ်။ မြေအောက်ခန်းထဲမှာ ပစ္စည်းအပျက်တချို့ရယ်၊ ပန်းချီတချို့ရယ်ကလွဲပြီး တခြား ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။ ပီတာတစ်ယောက် ရီဝေဝေနဲ့ ဆင်းကြည့်ခဲ့တယ်။ ချစ်သူဖြစ်တဲ့ မလီဆာဟာ အောက်ထပ်က အော်သံတစ်ခုကို ကြားလိုက်ရတယ်။ ပီတာကို လိုက်လံကြည့်ရှုခဲ့ရာမှာတော့ ပီတာဟာ နံရံမှာ လက်နှစ်ဖက်ကို ချွန်ထက်တဲ့အရာတွေနဲ့ ပူးရိုက်ထားပြီး သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတာကို မြင်လိုက်ရပါတော့တယ်။ မလီဆာလည်း အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ တွေဝေနေချိန် သူလည်း အလစ်တိုက်ခံလိုက်ရတယ်။ ဒီအိမ်က တစ္ဆေခြောက်တယ်လို့ ...
movie
Nishabdham(2020)
6.1
Zero (2018)
ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင်နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄ဝနားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ နဲ့ ကိုတင်မျိုးလွင် ပါ)File Size : (1.20 GB) Quality : WEB-DL 720p Running Time : 2h 44min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie
Zero (2018)
2018
7.6
Savyasachi (2018)
အာရွန် ဟာ မွေးဖွားလာကတည်းက ထူးခြားတဲ့သူပါ မိခင် ၀မ်းဗိုက်ထဲတွင် စတင် လွယ်စဉ်ကတည်းက အမွှာပူးဖြစ်ခဲ့သော်လဲ မွေးဖွားလာခဲ့သောအခါ အာရွန် တစ်ယောက်ထဲသာ ဖြစ်ခဲ့ပါတယ် ဆေးပညာလောကတွင် ဖြစ်ခဲသော ဖြစ်တက်သော အစဉ်အလာ တစ်ခုဖြစ်ပြီး တစ်ခြား အမွှာတစ်ယောက်အား တစ်ယောက်က စုပ်ယူသွားတာ ဖြစ်ပြီး ၂ ကိုယ် တစ်စိတ် နဲ့ အသက် ၂ခု ရှိတဲ့ သူ ဖြစ်ကြောင်း ငယ်စဉ်က ဆရာဝန်တွေက အာရွန်ရဲ့ မိဘတွေကို ရှင်းပြခဲ့ပါတယ်... အာရွန် ဟာ ဆိုးလဲ ဆိုးသူ တော်လဲ တော်တဲ့သူ လို့ အာရွန် နဲ့ ပတ်သက်မိသူတွေက ပြောဆိုကြပါတယ် တစ်ရက်မှာတော့ အာရွန် နဲ့ ပက်သက်ခဲ့မိသူတွေ ခရီးသွား ကားတစ်စီးပေါ်တွင် ဆုံမိရာကနေ စကားစပ်မိရင်း တစ်ချိန်ထဲ တစ်နေရာထဲမှာ အာရွန် ကို သိတဲ့သူတွေ ဘာကြောင့်ဆုံမိခဲ့သလဲ ဆိုတာ အထူးအဆန်းဖြစ်နေပါတယ်... ဒီလိုနဲ့ လမ်းတစ်နေရာမှာ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ကျသွားသော အခါမှာတော့.... ရုပ်ရှင်ကားကို Hein Thet Naing မှ ဘာသာပြန်ပေးထားပါတယ်
movie
Savyasachi (2018)
2018
8.3
Rang De Basanti (2006)
Rang De Basanti (2006)- ပါဝင်သူများ- Aamir Khan, Sharman Joshi, Kunal Kapoor, Siddharth Narayan, Atul Kulkarni, R.Madhavan, Soha Ali Khan"သေခြင်းတရားကို ပက်ပင်းတိုး ရင်ဆိုင်ရတဲ့အခါ တုန့်ပြန်တာချင်း မတူတာမှာ လူနှစ်မျိုးပဲ ကြုံဖူးတယ်... ပထမတစ်မျိုးက အသံ တစ်ချက်မှမထွက်ပဲ တည်ငြိမ်စွာ အသေခံတာရယ် ဒုတိယ တစ်မျိုးကျတော့ သေခြင်းတရားကို မချိတင်ကဲ ပြင်းထန်တဲ့ ဝေဒနာနဲ့ အော်ဟစ်ငိုယိုပြီး အသေခံသွားကြတာပဲ ရှိတယ်... ကျုပ်တစ်ဘဝစာ အတွေ့အကြုံကို လှုပ်ခါပစ်ခဲ့တဲ့ တတိယ တစ်မျိုး ကြုံတွေ့လိုက်ရတဲ့အခါ..."ဆိုပြီး အစချီထားတဲ့ အိန္ဒိယမှာ အင်္ဂလိပ်တွေ အုပ်စိုးတုန်းက ထောင်မှူး Mr. McKinley တစ်ယောက် သူ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ ထောင်မှာ ကြိုးမိန့်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ...
movie
Rang De Basanti (2006)
2006