Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
R. Lee Ermey
8.3
Full Metal Jacket (1987)
Full metal Jacket ( 1987 )IMDb Rating (8.3) / Rotten Tomatoes (90%)အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ...
movie
Full Metal Jacket (1987)
On Deadly Ground (1994)
မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
On Deadly Ground (1994)
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
Man of the House (2005)
တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာသလေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတယောာက်ပါ၊တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အပေါ်ကျလာပါတော့တယ်၊အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေးတွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်ကကော ကောင်မလေးတွေ အဆုံးထိကာကွယ် ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway
movie
Man of the House (2005)
7.9
Toy Story 2 (1999)
ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie
Toy Story 2 (1999)
1999
4K HEVC
8.3
Toy Story 3 (2010)
ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့ Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင် မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေး ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ် ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး ထဲကို ရောက်သွားခဲ့ပါတယ်။ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေက အမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့် ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့ မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့ အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့ လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…5.5GB/ 2.4GB / 1.22GB Quality…4k HEVC / ...
movie
Toy Story 3 (2010)
2010
4K HEVC
8.3
Toy Story (1995)
ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲတွေရဲ့ ပထမဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်တော်တို့ ချစ်ရတဲ့ကောင်းဘွိုင်လေးဝူဒီတို့တသိုက်နဲ့ အာကာသရိန်းဂျားကြီးဘတ်ဇ် စတွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အန်ဒီဆိုတဲ့ ကောင်လေးရဲ့ အရုပ်တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ မွေးနေ့ပွဲလို ခရစ္စမတ်လို နေ့တွေ ရောက်တိုင်း လက်ဆောင်တွေထဲမှာ သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်တွေ ရောက်လာမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်တွေကြောင့် အန်ဒီ သူတို့ကိုအချစ်လျော့သွားမှာကို စိုးရိမ်နေကြတာပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့မွေးနေ့တစ်ခုအရောက်မှာ သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ရောက်လာပါတော့တယ်။အဲဒါကတော့ နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ် လိုက်ရီးယားပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ထုံးစံအတိုင်း အန်ဒီက အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသဘောကျနေတဲ့အချိန် အရင်က အန်ဒီအကြိုက်ဆုံးအရုပ်လေး ဖြစ်ခဲ့တဲ့ ကောင်းဘွိုင်လေးဝူဒီက ဘတ်ဇ်ကို မကျေမနပ်ဖြစ်ရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။နေရာလုဘက် ဖြစ်နေတဲ့ သူတို့၂ယောက်ကို ဘယ်လိုကိစ္စမျိုးက နားလည်မှုရသွားစေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို မတည့်တဲ့ကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်းရိုင်းပင်းပြီး ကူညီဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 1.9GB / 976MB Quality…4k HEVC / WEB DL 1080p ...
movie
Toy Story (1995)
1995
4K HEVC
6.0
Body Snatchers (1993)
Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie
Body Snatchers (1993)
1993
8.6
Se7en (1995) Seven
"The world is a fine place and worth fighting for."Ernest HemingwayCM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ..... ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ...
movie
Se7en (1995) Seven
4K HEVC
7.6
Starship Troopers (1997)
Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie
Starship Troopers (1997)
1997
6.2
Sommersby(1993)
Sommersby(1993)အညွှန်း********************(zawgyi)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ကလေးဖြစ်သူက ဂျက်ကို အံအားသင့်စွာဖြင့်ကြိုဆိုကြသည်....ဂျက်ကိုသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ တစ်ရွာလုံးကတော့ ၀ိုင်းဝန်းကြိုဆိုကြသည်.... ဒီနေရာမှာ ဘာထူးထူးဆန်းလာလဲဆိုတော့ ဂျက်ရှိစဉ်ကထဲက မွေးထားတဲ့ခွေးက စိမ်းစိမ်းကားကား ထိုးဟောင်ခဲ့တယ်...ပြီးတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ချုပ်တော့လည်း ဖိနပ်အတိုင်းကို မှတ်မိနေတဲ့ဆိုင်ရှင်က ဆိုက်သေးသွားတယ်နော်လို့မှတ်ချက်ချပြန်တယ်.... ဂျက်ရှိစဉ်ကထဲက သေဆုံးတဲ့သူတစ်ယောက်ရှိတယ်..ဒါကိုလည်းစကားမှားပြီးပြောမိပြန်တယ်....သူဟာ ဂျက်နဲ့တထေရောထဲတူတဲ့သူဖြစ်ပေမယ့် ဂျက်အတုလား အစစ်လား တကယ့်ကို ဝေခွဲရခက်ပါတယ်... ဒီကားနဲ့ပတ်သက်ပြီးဇာတ်ကြောင်းက ဒီလောက်ပဲပြောပါရစေ...အတွေးပေါင်းများစွာနဲ့ လှပသောရုပ်ရှင်ကြောင့် ခံစားမှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ... ဒီကားဟာ ရစ်ချက်ဂီယာနဲ့ မင်းသမီးကြီး ဂျိုဒီဖော့်စ်စတာတို့ အဓိကသရုပ်ဆောင်ထားပါတယ်.. ရစ်ချက်ဂီယာလို့ မသိကြပေမယ့် Pretty Woman ဇာတ်ကားနဲ့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေရင်းနှီးကြမှာပါ...ဒီကားကိုကြည့်ရင် ဂျက်ရဲ့အပြုအမူ လုပ်ကိုင်ဆောင်ရွက်ပုံတွေ စကားပြောပုံတွေကို အသေးစိတ်ဂရုစိုက်ကြည့်စေချင်တယ်... ဂျက်ဘာကြောင့်ဒီလိုလုပ်တာလဲ..ဘာဖြစ်လို့ ဒီလိုလမ်းတွေကိုရွေးချယ်ခဲ့တာလဲ... ဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားတို့ကို အတွေးပေါင်းများစွာ ချန်ပေးခဲ့လိမ့်မယ်... ဂျက်လုပ်တာမှန်ရဲ့လား....ငါသာဆိုရင် ဒီလမ်းကိုရွေးချယ်နိုင်ပါ့မလား.... တခြားရွေးချယ်စရာတစ်ခုဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား...ဆိုတာမျိုးတွေပေါ့... ခံစားကြည့်ကြပါ....ခင်ဗျားတို့ နှလုံးသားကို မဖမ်းစားနိုင်ဘူးဆိုရင် သေချာတယ် ခင်ဗျားတို့နှလုံးသားဟာ ကျောက်သားတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ....(unicode)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ...
movie
Sommersby(1993)
1993
6.7
X-Men: The Last Stand (2006)
When a cure is found to treat mutations, lines are drawn amongst the X-Men and The Brotherhood, a band of powerful mutants organized under File size- (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Chi
movie
X-Men: The Last Stand (2006)
2006
7.1
The Frighteners ( 1996 )
ဒီကားလေးကတော့ ၁၉၉၆ခုနှစ်ကထွက်ရှိခဲ့တဲ့Comedy/Fantasy/Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။IMDb rating 7.1/10ရရှိထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့Frank Bannister ဆိုတဲ့ဗိသုကာပညာရှင်တစ်ယောက်ဟာ အလွန်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့မိန်းမဖြစ်သူနဲ့စကားများရင်း ကားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာအသက်ရှင်ကျနိခဲ့တဲ့ Bannister တစ်ယောက်ဟာထူးခြားမှုတွေစတင်တွေ့ကြုံခဲ့ရတာဖြစ်ပြီး ဝိညာဉ်တွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်လာတာပဲ ဖြစ်ပါတယ်။အဲ့ဒီနောက်သူတို့မြို့်လေးအပေါ်ကပ်ဘေးကြီးတစ်ခုကျရောက်လာပြီးအဲ့ဒီကပ်ဘေးကြီးရဲ့နောက်ကွယ်မှာမကောင်းဆိုးဝါးတစ်ကောင်ရှိနေတာကိုသိရပြီးနောက် အဲ့ဒီမြို့လေးကိုကယ်နိုင်မယ့်တစ်ဦးတည်းသောသူက Bannister ပဲဖြစ်နေတာဖြစ်ပါတယ်။ဆက်လက်စောင့်ကြည့်ခံစားပါ Translated & Reivew By Thura ZarNi AungEncoded By LK
movie
The Frighteners ( 1996 )
1996
7.5
Leaving Las Vegas (1995)
Palatonic Love လို့ခေါ်တယ် စိတ်ကူးယဉ်ဆန်ဆန် ပေးဆပ်ခြင်းရရယူခြင်းဘာမှမရှိတဲ့ အချစ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။ ဘာအကြောင်းကြောင့်လဲ သေချာပြမထားဘဲ ဘန်ဆိုတဲ့ ဟောလိဝုဒ်က နာမည်ကြီး ဇာတ်ညွှန်းရေးဆရာတစ်ယောက် အရက်အလွန်အကျွံသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားနေတဲ့ နေရာကစပြထားပါတယ်။ သူက ပေါက်ကွဲဖို့ စိုင်းပြင်းနေတဲ့ ဗုံးတစ်လုံးလိုပါပဲ။ သောက်တယ် သောက်တယ် သောက်တယ်။ တခြားဘာမှသူ့အတွက် အရေးမပါတော့ဘူးလို့ ထင်နေချိန်မှာ ပြည့်တန်ဆာမလေး ဆယ်ရာ နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့ချစ်မိခဲ့ကြပါတယ်။ အခြေအနေတွေ အချိန်အခါတွေ ပေးဆပ်ခြင်း ရယူခြင်း ဘာမှမပါပဲ အချစ်သက်သက်နဲ့ချစ်ခဲ့ကြပါတယ်။သေတော့မယ့်အရက်သမားတစ်ယောက်နဲ့ ကိုယ့်ခန္ဓာကိုယ် ကို ရောင်းစားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လွမ်းစရာ ကြည်နူးစရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ငိုချင်သပ ငိုမရဖြစ်နေသူများ ကြည့်ကြပါဗျာ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7.5 ရှိပါတယ်။ ငိုချင်အောင် ရိုက်တတ်တဲ့ Director Michael Figgis ကရိုက်ကူးထားပြီး မင်းသားကြီး Nicolas Cage နဲ့ ...
movie
Leaving Las Vegas (1995)
1995
6.5
Naked Gun 33⅓: The Final Insult (1994) IMDb - 6.5/10_____Rotten - 54% Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ ...
movie
Naked Gun 33⅓: The Final Insult (1994)
1994