Channel Myanmar

Qi Dao

The Last Supper ( 2012 ) 6.1
The Last Supper ( 2012 ) ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။ Filesize : 1.63 GB / 831 MB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Action , History Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Last Supper ( 2012 )

The Wild Goose Lake (2019) 6.8
The Wild Goose Lake (2019) The Wild Goose Lake (2019)=====================IMDb Rating - 6.8/10#Unicode2014ဘာလင်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear Awardကို Diao Yinanရဲ့ Balck Cold, Thin Iceကားကရသွားခဲ့တယ်။ BCTIမတိုင်ခင်မှာ သူစိတ်ကူးရထားတဲ့ BCTIနဲ့ခပ်ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ် သူ့မှာရှိတယ်။ ဒီဇာတ်လမ်းကို သူဇာတ်ညွှန်း အခါခါရေးကြည့်ပေးမယ့် မပြည့်စုံသေးဘူးလို့ ခံစားရတဲ့အတွက် သူမရိုက်ဖြစ်ခဲ့ဘူး။ ဒီနောက်မှာတော့ သူစိတ်ကူးထားတဲ့ ဇာတ်လမ်းဟာ အပြင်လောကမှာ အမှန်တကယ်ဖြစ်သွားခဲ့တာသူသိလိုက်ရတယ်။ ဒီသတင်းကိုဖတ်ပြီး သူ့ဇာတ်ညွှန်းရဲ့ Plot Lineကို ပြင်ရေးခဲ့ပေမယ့်လည်း စိတ်တိုင်းမကျခဲ့တဲ့အတွက် ၂၀၁၉အထိရောက်လာခဲ့တာပါပဲ။။ဖန်တီးသူဟာ သူ့အနုပညာကို အတော် တန်ဖိုးထားခဲ့တာပါ။ရုပ်ရှင်ရဲ့နာမည်ဟာ အင်္ဂလိပ်မူအရ ငန်းရိုင်းကန်ပေမယ့် တရုတ်မူမှာတော့ "တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း"လို့ မူကွဲပါတယ်။ဒုတိယမူဟာ စာရေးသူဒါရိုက်တာ ပေးထားတဲ့အမည်ပါပဲ။ဒါနဲ့ပက်သက်ပြီး အင်တာဗျူးမှာ ဒီအမည်နဲ့ပက်သက်ပြီး သူဖြေသွားတာ အတော်လှပါတယ်။"တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်းဆိုတာ ကျွန်တော်ဒီဇာတ်ညွှန်းစရေးတော့ ပထမဆုံး ရေးလိုက်တဲ့စကားစုပါပဲ။တောင်ပိုင်းက အတော်ရိုမန့်တစ်ဆန်ပြီး အပူပိုင်းဆန်တဲ့ ဒေသပါပဲ။ဘူတာရုံဆိုတာက လူတွေ ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာပဲလေ။ တစ်ချို့လူတွေ ထာ၀ရအပြီးအပိုင်ခွဲခွာ သွားကြတဲ့နေရာဆိုလည်းဟုတ်တယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ မှတ်ညဏ်တစ်ခုပါပဲ။ ကြီးပျင်းလာတဲ့ တစ်လျှောက်က ကျွန်တော်တို့ မှတ်ညဏ်တွေနဲ့ ဘူတာရုံနဲ့ကို ပိုင်းခြားပစ်လို့မရနိုင်ဘူး။ ကျွန်တော်ခုလေးတင်ပြောခဲ့သလိုပဲ ဘူတာရုံဆိုတာက လူတွေ ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာ ဇာတ်လမ်းတွေ ဖြစ်ပျက်ကြတဲ့နေရာလို့ပဲ ခံစားရရုံပါပဲ။ဒါကြောင့် "တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း" ဆိုတဲ့ နာမည်ကလေးထဲမှာ သူမတူတဲ့ရသတစ်မျိုးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။"တဲ့။သရုပ်ဆောင်တွေဘက်လှည့်ရရင် ACTRESS ကတော့ BCTIမှာကတည်းက သူနဲ့လက်တွဲခဲ့သူ ဆိုတော့ ဘာမှအထူးတလည်ပြောစရာမရှိပေမယ့် Lead Actor မြန်မာပရိတ်သတ်နဲ့ ရင်းနှီးပြီးသား မက်မွန်မြေကချစ်တေးတစ်ပုဒ်နဲ့ Chinese ...
movie

The Wild Goose Lake (2019)

2019