Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Putri Ayudya
8.9
Journey of Love (2024)
A Journey of Love (2024)အစ္စလာမ်ကျမ်းစာနှင့်အလ္လာရှင်မြတ်ကို ကိုးကွယ်ယုံကြည်သူ အစ္စလာမ်ကျောင်းက အသက် ၂၀ အရွယ် ဆရာမလေး တီရာ(ဖာတီရာ)က သူ့ကိုသဘောကျနေတဲ့ သာမန်လူပေါ်ကြော့လေး ရေးဟန် အပေါ် တိတ်တခိုးမေတ္တာသက်ဝင်နေခဲ့ပါတယ်။ ဒါပေမယ့် ဘာသာတရားရဲ့ထိန်းကျောင်းပဲ့ပြင်မှုနဲ့ သူမရဲ့အနာဂတ်မှာ ပညာဆက်လက်သင်ကြားလိုခြင်းတို့ကြောင့် အချစ်ရေးကို ရှေ့တန်းမတင်နိုင်ဘဲ ရှိနေခဲ့ပါတယ်။ ဖာတီရာနဲ့နီးစပ်ဖို့အတွက် ရေးဟန်က ကျမ်းစာသင်ဖို့ သူမကျောင်းကို ရောက်လာခဲ့ပါတယ်။ ဖာတီရာရဲ့ဖခင်ဟာ သားဖြစ်သူရဲ့ကျန်းမာရေးကြောင့် သူငယ်ချင်းသူဌေးဖြစ်သူ ဆက်ရာထံမှာ အကြွေးတွေတင်နေခဲ့ပြီး ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်ချင်နေသူလည်းဖြစ်ပါတယ်။ မိသားစုရဲ့ အခက်အခဲအကြပ်အတည်း၊ ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ ဖာတီရာတစ်ယောက် သူချစ်ရတဲ့ ရေးဟန်နဲ့ ပေါင်းဖက်နိုင်ဖို့ သူယုံကြည်အားကိုးထားတဲ့ အလ္လာရှင်မြတ်က ကူညီပေးနိုင်ပါ့မလား... ချစ်ကြသူနှစ်ဦးရဲ့ချစ်ခရီးလမ်းက ချောမွေ့နိုင်ပါ့မလား...ဒီဇာတ်ကားလေးက ၂၀၂၄ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံကာရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်(အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.17GB | 653MB Format… mp4 Duration…. 2h ...
movie
Journey of Love (2024)
7.8
Two Blue Hearts aka Dua Hati Biru (2024)
Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ ...
movie
Two Blue Hearts aka Dua Hati Biru (2024)
The Train of Death (2024)
သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
The Train of Death (2024)
6.4
Kuyang (2024)
အသစ်ထွက်ရှိထားတဲ့ အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့စုန်းတွေ ကဝေတွေ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတို့က ဘီမိုတာဝန်ကျရာရွာလေးတစ်ရွာကိုသွားဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို့ ဇနီးဖြစ်သူကပါမောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင်မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက်ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပြီး ရွာကိုရောက်သွားတဲ့အချိန်မှာတော့ ရွာရဲ့ဝမ်းနည်းစရာသမိုင်းကြောင်းကိုသိခဲ့ရပါတော့တယ်။ဒီရွာမှာ အရင်တုန်းက အကြီးအကျယ်ရေလွှမ်းမိုးခဲ့ပြီး ရွာမှာရှိတဲ့ လူတော်တော်များများကလေးလူငယ်လူကြီးမရွေးသေဆုံးခဲ့ကြပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့လူတော်တော်များများကလည်း ဒီရွာကနေထွက်သွားကြတဲ့အတွက်အခုအချိန်မှာ ရွာသူရွာသားအနည်းငယ်နဲ့ ကျောင်းသူကျောင်းသား ၇ ယောက်သာကျန်ပါတော့တယ်။ဒါပေမယ့်ကလေးဘယ်လောက်နည်းနည်း စာသင်ပေးရမဲ့ တာဝန်ရှိတာကတစ်ကြောင်း ရွာသူကြီးအဆွယ်ကောင်းတာက တစ်ကြောင်းနဲ့လင်မယားနှစ်ယောက်လုံး နောက်ရက်မှ ာစာစသင်ခဲ့ကြပါတော့တယ်။ဒါပေမယ့်သူတို့စာစသင်တဲ့ရက်ကတည်းကစပြီးကြောက်လန့်စရာတွေတစ်ခုပြီး တစ်ခုဆက်တိုက်တွေ့လာကာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.39GB / 583MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle ...
movie
Kuyang (2024)
5.8
The Devil’s Lair (2024)
The Devil's Lair 2023အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက် ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။ အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီးတစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီး သူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ....ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Horror Quality…. 1080p | 720p File size… ...
movie
The Devil’s Lair (2024)
2024
6.7
13 Bombs (2023)
13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie
13 Bombs (2023)
2023
5.5
Pamali (2022)
ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game "Pamali"ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ...အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ"Pamali"ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်မလုပ်အပ်သည်ကို ညွှန်းချင်တာပါ...။ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ...ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်သုံးခါရွတ်တို့ ဘာတို့ပေါ့....။မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့....။ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ...။အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ... File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Pamali (2022)
6.5
The Queen of Black Magic (2019)
ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie
The Queen of Black Magic (2019)
8.1
Menunggu Bunda (2021)
Menunggu Bunda (2021)ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို "မသွားပါနဲ့ဦး အမေ" လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Family, Drama Quality…. 1080p | ...
movie
Menunggu Bunda (2021)
2021
6.5
Tumbal Kanjeng Iblis(2022)
Tumbal Kanjeng Iblis(2022)*************************မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလိုကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်း အများအပြားရှိပါတယ် ...မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,,ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီးတီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် ...သူ့အစ်မနေခဲ့တယ်လို့ ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်...အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီး တီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်းအိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာဘယ်လိုအရာတွေ ရှိနေတာလဲ.... သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်ကဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ...။ ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူးအသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။File size… 995MB& 416MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Horror , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by AOI
movie
Tumbal Kanjeng Iblis(2022)
5.7
Losmen Melati (2023)
Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Losmen Melati (2023)
2023
8.3
High School Serenade / Gita Cinta Dari SMA (2023)
High School Serenade / Gita Cinta Dari SMA (2023)ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie
High School Serenade / Gita Cinta Dari SMA (2023)
2023
6.7
Qorin(2022)
Qorin(2022)***********ဘာသာရေးကိုင်းရှိူင်းဖို့ ပညာတတ်စေဖို့ လေးစားသမှုရှိဖို့ စသည်ဖြင့်ဖွင့်ထားတဲ့အစ္စလာမ်ဘာသာ အမျိုးသမီးအဆောင်လေးတစ်ခု..ယောကျ်ားလေးဆိုလို့ ဆရာဖြစ်သူ အူစတက်ဂျယ်လနီတစ်ယောက်ပဲရှိပါတယ်။တစ်နေ့မှာတော့ ထိုဆရာဖြစ်သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါး "ကွာရင်းဂျင်းန်" ဆင့်ခေါ်ခြင်းကိုကျောင်းသူတွေနဲ့တူတူ လုပ်ဖို့ကြိုးစားခဲ့တဲ့အခါ.. တားမြစ်ထားတဲ့ကျမ်းစာဖြစ်ပြီးမကောင်းဘူးဆိုတာသိပေမယ့် စာမေးပွဲမအောင်မှာကြောက်တဲ့ကျောင်းသူလေးတွေအဖို့တော့ ဆရာခိုင်းတာလုပ်ရုံအပြင် မရှိပါဘူး..ထိုဆင့်ခေါ်ခြင်းကြီးပြီးတဲ့အခါ ဘယ်လိုမူမမှန်တာတွေ ဖြစ်လာလဲဆိုတာကတော့...File Size :(1.4GB) and (594MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Qorin(2022)
7.2
Gundala (2019)
ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie
Gundala (2019)
2019
7.4
Homecoming (2019)
Homecoming (2019)Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie
Homecoming (2019)
2019
6.4
Preman (2022)
Preman (2022)ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ...
movie
Preman (2022)
2022
6.7
Dongeng Mistis (2018)
Dongeng Mistis (2018) .............................................ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie
Dongeng Mistis (2018)
2018
7.0
The East(2021)
The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie
The East(2021)