Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Purva Bedi
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)
6.0
Rare Objects(2023)
Rare Objects(2023)******************ဂျပန်လက်မှုပညာထဲမှာ Kintsugiဆိုတဲ့ ပျက်ဆီးကျကွဲသွားတဲ့ အိုးခွက်လေးတွေကိုရွှေနဲ့ပြန်ပြုပြင်တဲ့ နည်းပညာတစ်မျိုးရှိပါတယ်။ ဒီအက်ရာတွေ ကျိုးပဲ့ရာတွေ၊ပြုပြင်ထားတာတွေကြောင့် အရာဝတ္ထုတစ်ခုရဲ့ ပင်ကိုယ်ဘဝတစ်ခုဖြစ်လာတယ်လို့ယုံကြည်ကြပါတယ်။ တစ်နည်းပြောရရင် အရာဝတ္ထုတစ်ခုဟာ ကျိုးပဲ့သွားလို့ ပိုလှပတန်ဖိုးတက်လာတာပါတဲ့။ အခုဇာတ်ကားလေးဟာ ဒီအဓိပ္ပာယ်လေးနဲ့ပါပဲ။ ကျောင်းတက်ဆဲအမျိုးသမီးငယ်တစ်ဦးဟာ ဆိုးဝါးလွန်းတဲ့ဘဝအချိုးအကွေ့တစ်ခုကြောင့် ပျက်ဆီးကြေကွဲနေသူပါ။ တစ်ညတာ အဖြစ်ဆိုးကြောင့် စိတ်ဓာတ်တွေကျ ကိုယ်ဝန်ဖျက်ချခဲ့ရပြီး ပြန်နာလံထူအောင်ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုယ်သူပြန်တည်ဆောက်နိုင်အောင် ကျောင်းနား၊ အမေ့ကိုအိမ်ကိုပြန်လာနေရင်းနဲ့ပဲ ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ခုမှာ အလုပ်ရသွားပါတယ်။ ဒီဆိုင်လေးမှာ အလုပ်လုပ်ရင်းနဲ့စစ်မှန်တဲ့လောက အလှတရားကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့....File Size : (2.9GB) and (884MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Rare Objects(2023)
6.5
Gabriel’s Rapture:1(2021)
Gabriel's Rapture: Part One(2021) အညွှန်း**************************************အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ....ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel's Inferno (Part - 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကိုစကြည့်လည်း အချိတ်အဆက်မိမိနဲ့ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့သူ့အရင်ထွက်ထားပြီးသားသုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ "ဒီကောင်ကွာ ဒီကောင်မကွာ" ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ဇာတ်ကားကတော့ ဂေဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက်ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ် File Size :(1.8GB)(892 MB) and (280 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie
Gabriel’s Rapture:1(2021)
6.0
Gabriel’s Inferno 2(2020)
Gabriel's Inferno Part II(2020) သို့မဟုတ် Gabriel's Rapture (2020) အညွှန်း*********************************************************************ဒီကားလေးကတော့ Gabriel's Inferno ဆိုတဲ့အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ ဒီ၀တ္ထုဟာဆိုရင်New York မြို့မှာ ရောင်းအားအကောင်းဆုံးစာရင်း၀င်တဲ့အထိ နာမည်ကြီးတဲ့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာပြောဖို့လိုမယ်တောင် မထင်ပါဘူး... Scholarship ရထားတဲ့ကျောင်းသူလေးဂျူလီယန် မစ်ချယ် နဲ့ ပရော်ဖက်ဆာ ဂေဘရီယယ် အန်မာဆင်န် တို့အချစ်ဇာတ်လမ်းအဆက်ပါ...အပိုင်း(၁)မကြည့်ရသေးတဲ့သူတွေအဖို့လုံးဝ Spoiler ကြီးဖြစ်မှာစိုးလို့အညွှန်းကိုအများကြီးမရေးပါတော့ဘူး....ဒီကားကိုမကြည့်ခင်Gabriel's Inferno (2020)ကိုကြည့်ပါ...ပြီးမှယခုကားကိုဆက်ကြည့်ကြပါ.... သရုပ်ဆောင်တွေကတော့... ပရော်ဖက်ဆာ ဂေဘရီယယ် အဖြစ် နာမည်ကျော်မင်းသားကြီး Giulio Berruti နဲ့ ဂျူလီယန် အဖြစ် မင်းသမီး Melanie Zanetti တို့က အတွဲညီညီပါ၀င်ထားပါတယ်… ဝုန်းဒိုင်းကျဲနေတဲ့ဇာတ်ကားတွေကြည့်တာ ခဏရပ်ပြီး Romance စစ်စစ်ကိုခံစားကြည့်မယ်ဆိုရင်တော့ ဒီကားလေးကို 100% recommend ပေးပါတယ်ခင်ဗျာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Thar Htet ပဲဖြစ်ပါတယ် …File Size : (850MB) and (404MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : ...
movie
Gabriel’s Inferno 2(2020)
6.3
The Assistant (2019)
ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie
The Assistant (2019)