Channel Myanmar

Priyadarshini Indalkar

Phulrani (2023) 5.8
Phulrani (2023) Phulrani (2023)"ပန်းဘုရင်မလေး" =============================ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.35GB / 1.13GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Phulrani (2023)

2023