Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Priyadarshi Pullikonda
7.6
Darling (2024)
Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Darling (2024)
2024
6.1
Om Bheem Bush (2024)
Om Bheem Bush (2024)"မစူးစမ်းသင့်တဲ့အကြောင်းအရာ" =============================================တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာ ကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင် ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာ နတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီး ရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့ သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Om Bheem Bush (2024)
2024
8.4
Hi Nanna (2023)
Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie
Hi Nanna (2023)
2023
4K HEVC
6.8
Mangalavaaram (2023)
Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie
Mangalavaaram (2023)
2023
8.2
Balagam (2023)
Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein
movie
Balagam (2023)
2023
7.8
Gurtunda Seetakalam (2022)
Gurthunda Seethakalam (2022)IMDb-7.7/10ဒီတစ်ခါတော့ ဘာဟုဗလီမင်းသမီးချောလေး သမန်နားပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးလေးပါကန်နာဒါဘာသာစကားပြော love mocktail ဇာတ်ကားကို remake လုပ်ထားတဲ့ တေလဂူစကားပြော တောင်ပိုင်းရုပ်ရှင်ပါအိန္ဒိယကားတွေထဲမှာ အိုဗာအက်တင်တွေမပါဝင်ပဲ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးထားတဲ့ ဒီကားလေးမှာ အချစ်ရဲ့အဓိပ္ပာယ်ကို အဓိကဇာတ်ဆောင် ဒေ့ဗ်ရဲ့ အချစ်ရှာပုံတော်ခရီးလေးနဲ့အတူ ဖွင့်ဆိုထားတာကို တွေ့ရပါတယ် မူရင်းကားထဲကလို အိုဗာဟာသတွေဇွတ်ထည့်မနေပဲနဲ့ သင့်တော်တဲ့ရယ်ရွှင်စရာလေးတွေနဲ့ ကြည်နူးတစ်ခါပျော်ရွှင်တစ်လှည့်နဲ့ ကောင်မလေးနဲ့တူတူကြည်နူးနိုင်ဖို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 916MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai ThuRein ~ Nyein Aye
movie
Gurtunda Seetakalam (2022)
2022
8.5
Kanam (2022)
Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie
Kanam (2022)
2022
6.3
A1 Express (2021)
ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie
A1 Express (2021)
2021
7.9
Black (2022)
ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie
Black (2022)
2022
6.5
Godse (2022)
Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie
Godse (2022)
2022
6.9
Radhe Shyam (2022)
အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie
Radhe Shyam (2022)
2022
4K HEVC Web-DL
Take Off (2017)
Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie
Take Off (2017)
2017
HEVC 1080p 5.1
8.1
Arjun Reddy (2017)
Arjun Reddy (2017) ••••••••••••••••••••••••• "တစ်နည်းနည်းအားဖြင့် တစ်ယောက်က ပြိုလဲခဲ့ရင် ကျန်တဲ့ တစ်ယောက်က ပို ပူဆွေးရတယ်။ ဒါ့ကြောင့် ငါ ချစ်တဲ့သူကို မထိခိုက်စေပါနဲ့ " - [Arjun Reddy ]ဇာတ်လမ်းအကျဉ်း ______________ နောက်ဆုံးနှစ် ဆေးကျောင်းသား Arjun ဟာ ဒေါသသိပ်ကြီးတတ်တဲ့ လူငယ်ဗီဇ နဲ့ မွေးဖွားလာသူပါ။ စာပေမှာလည်း တော်သလို အားကစားမှာလည်း ထူးချွန်ပါသေးတယ်။ ဒါပေမယ့် ဖြစ်သမျှ ဘောလုံးရန်ပွဲတွေကတော့ သူနဲ့ မကင်းခဲ့ရပါဘူး။ ဌာနမှူးက တော့ သြဝါဒတွေ အလီလီခြွေလို့။ " ဆေးပညာရပ်မှာ ဒေါသမထိန်းနိုင်တဲ့သူက ခွဲစိတ်ဓားကိုင်တဲ့ လူသတ်သမားနဲ့ တူတယ် Arjun " ဒီလို ဆုံးမလည်း Arjun ကတော့ မထူးလှ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျောင်းတစ်လ နားခံရလည်း ဂရုမစိုက်တတ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ပထမနှစ်ကျောင်းသူလေး Preethi ကို တွေ့ခဲ့မိပါပြီ။ဒီတော့ Arjun ဟာ Preethi ကို သိပ်ချစ်တတ်ခဲ့တယ်။ ကမ္ဘာတစ်ခုလုံးကို အရှုံးပေးရလောက်အောင် အရူးအမူးပါပဲ။ သူ ...
movie
Arjun Reddy (2017)
6.4
Nota (2018)
NOTA (2018) Reviewဝန်ကြီးချုပ်ကြီး ဗာစူဒေ့ဟာ ပြည်သူလူထုက အားပေးထောက်ခံတဲ့ ပါတီခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့ အဂတိလိုက်စားမှုများပေါ်လာခဲ့ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိရာထူးကနေနှုတ်ထွက်မှဖြစ်တော့မယ့် အခြေအနေမှာ ဗာစူဒေ့ဟာ သားဖြစ်သူ ဗာရွန်ကို သူ့ရဲ့ ဝန်ကြီးချုပ်နေရာမှာ ယာယီခန့်အပ်ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။သူ့အဖေရဲ့အမှုကိစ္စတွေပြီးတဲ့ထိ ယာယီဝန်ကြီးချုပ်အနေနဲ့ နေပေးရမယ့် ဗာရွန်ဟာ ဗီဒီယိုဂိမ်းဒီဇိုင်းရေးဆွဲသူတစ်ယောက်ပါ။မိမိဝါသနာနဲ့ ဝင်ရမယ့် ရာထူးနေရာ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံရေးအသိပညာလုံးဝမရှိတဲ့ ဗာရွန်တစ်ယောက် သူ့အဖေပြန်လာမယ့်အချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဘယ်လိုဆက်ထိန်းသွားမှာလဲ?စီစဉ်ထားတဲ့အတိုင်းကိစ္စတွေက မဖြစ်မြောက်လာတဲ့အခါ ဗာရွန်တစ်ယောက် နိုင်ငံရေးကိစ္စတွေမှာ ဟန်ပြမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်လာခဲ့ရပါတော့တယ်။နိုင်ငံရေးကမရိုးရှင်းတဲ့အပြင် ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဗာရွန်သိရှိလာတဲ့အချိန်မှာတော့ .....ဘာဆက်ဖြစ်မလဲသိချင်ရင် ဇာတ်လမ်းလေးကို ကိုယ်တိုင်ဆက်လက်ခံစားကြည့်လိုက်ပါ။ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအခြေအနေတွေကို တိတိကျကျရိုက်ကူးပြထားတာကတော့ ဒီကားရဲ့ အဓိကအားသာချက်ပါပဲ။ဒါကြောင့် လှည့်ကွက်ပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို သဘောကျတဲ့ကြည့်ရှုသူတွေအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြဖို့ အကြံပြုပေးလိုက်ပါတယ်နော်။ Translate and Review by Shwe Poe EainEncoded By : YKQuality :1080p WEB-HD ...
movie
Nota (2018)
2018
7.3
Tholi Prema (2018)
Tholi Prema (2018) IMDb Rating - 7.3/10________Google Users - 94 % ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။ မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။ မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ ဇာတ်လမ်းအကျဉ်း ----------- -------------- ဇာတ်ကားနာမည်က မြန်မာလို 'အချစ်ဦး'ပါတဲ့ဗျာ။ အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။ သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ...
movie
Tholi Prema (2018)
2018
6.7
Mr. Majnu (2019)
အိန္ဒိယရုပ်ရှင်ကြိုက်သူတွေ အကြမ်းပတမ်းတွေ ကြည့်ရတာများပြီး အီနေပြီလားဒါဆို အချစ်ဇာတ်လမ်းလေး တစ်ကားလောက်ကြည့်ရအောင်။ဟောဗျာ မင်းသားရှိုးလိုက်တော့ လူကြိုက်များခဲ့တဲ့Helloဆိုတဲ့ တေလဂူးကားထဲက မင်းသား။မင်းသမီး တစ်ချက် ထပ်ရှိုးမယ်။ရိုးပြီး အေးချမ်းလှတဲ့ မျက်နှာထားပိုင်ရှင်လေး။ဇာတ်လမ်းထဲ တစ်ချက်ထပ်ရှိုးမယ် ။"အချစ်ဟာ လိုက်ရင်ပြေးတယ်၊ရပ်လိုက်ပြီဆိုတော့ ကိုယ့်နောက်ကို ပြန်လိုက်တယ်။မာနတွေ သိက္ခတွေ ခဝါချပြီးအရာရာ အနစ်နာခံခဲ့ပေမယ့်မင်းမှ မမြင်နိုင်ခဲ့တာ. . .ကိုယ့်ကိုမင်းတွေ ့ဖူးတဲ့ မိန်းကလေးတွေလိုထင်နေတာ ကိုယ်တကယ်စိတ်မကောင်းဘူး။ကိုယ်သတ်မှတ်ထားတဲ့ အချစ်ဆိုတာမျိုးက တစ်ဦးကိုတစ်ဦး နားလည်ပေးပြီးချစ်သူသက်တမ်းကို လက်ချိုးရေတွက်ရင်း anniversary တွေကို အပတ်စဉ်၊လစဉ် ကျင်းပနေချင်တာမျိုး။မတတ်သာတဲ့အဆုံးမှာကိုယ့်ချစ်သူ ကိုယ့်ဘက်မှာ မရှိမှန်းသိလိုက်ရတဲ့ အခါမှာ. . .ကိုယ်ဟာ ဆောက်တည်ရာမဲ့. . .ပေးဆပ်အချစ်ဆိုပေမယ့်လည်းပိုင်ဆိုင်ခွင့်များ ရလေမလားလို့ မရဲတရဲနဲ့ မျှော်လင့်ချက် တစ်ချို့တစ်ဝက်ကိုရင်မှာပိုက်ရင်း ကိုယ်ဟာ အကြိမ်ကြိမ်သေဆုံးနေခဲ့ရသူပါ။"ဒါက ဗစ်ကီဆိုတဲ့စော်ကြည်ဘဲကောင်လေးကိုချစ်မိတဲ့ နစ်ကီဆိုတဲ့ ကောင်မလေးရဲ့ခံစားချက်နဲ့ အချစ်နဲ့ပက်သက်တဲ့ ခံယူချက်။ကိုယ့်အတွက် အချစ်ဆိုတာတစ်လပဲခံတဲ့ လစဉ်သုံးပစ္စည်းလိုမျိုး၊လကုန်ရင် အသစ်ပြောင်းလဲရတာဟာနေသားကျနေပြီ။ဒီလိုရတဲ့ အချိန် တစ်လအတွင်းကိုယ့်ရည်းစားနဲ့ ...
movie
Mr. Majnu (2019)
2019
7.1
F2: Fun and Frustration(2019)
F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie
2019
7.0
Spyder (2017)
ကြည်လင်တောက်ပပြီး စာအမှန်နဲ့ ခုမှ ထွက်လာလို့ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို "ဝန်ကြီးချုပ်မင်းသား"လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီးခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။<ဇာတ်လမ်းအညွှန်း>ရှီဗာဟာ NGO ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။သူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။တနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။မိန်းကလေးတစ်ယောက် အိမ်မှာ တစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။ရှီဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။မနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။ရက်စက်စွာ သတ်ဖြတ်သူ တရားခံကို စုံစမ်းရှာဖွေရင်းအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ပြီး မိသားစုအတိုင်းအတာထိအန္တရာယ်ကို ကြုံတွေခဲ့ရပါတယ်။လူသတ်သမားနဲ့ NGO အေးဂျင့် ရှီဗာတို့အပြိုင်အဆိုင် အားပြိုင်ရာမှာကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဖန်တီးသူ ဘိုင်ရာ့ဗ်ဟာ သူ့ရာဇဝတ်မှုတိုင်းမှာ ရက်စက်သလောက် သေသပ်ပိရိလွန်းသူပါ။အဲ့ဒီလို ရာဇဝတ်သမားကို အစိုးရတရားဝင်မဟုတ်တဲ့ထောက်လှမ်းရေးအရာရှိ ...
movie
Spyder (2017)
2017