Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Priscilla Lopez
Maid in Manhattan (2002)
ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon
movie
Maid in Manhattan (2002)
5.6
Good Egg (2023)
Good Egg (2023)မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်... ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie
Good Egg (2023)
2023
7.2
Theater Camp (2023)
ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ပြဇာတ်လေးတစ်ခုကိုစခန်းသွင်းကြည့်ရှုရသလိုခံစားရမယ့်ကားလေးပါ...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ နွေရာသီဆိုရင် ပြဇာတ်ဝါသနာ၊အဆိုအကဝါသနာပါတဲ့ ကလေးငယ်လေးတွေ သင်တန်းလာတက်တဲ့ပြဇာတ်စခန်းလေးရှိတယ်ပေါ့....။ဒီစခန်းရဲ့ တည်ထောင်သူဟာ ကိုမာဖြစ်ပြီး အိပ်ယာထဲလဲသွားတော့...သားဖြစ်သူ ထရွိုင်ဟာ မိခင်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ကျလာပါပြီ...။သို့ပေမဲ့ ဒီစခန်းလေးဆက်လက်ရပ်တည်နိုင်ဖို့ကလည်း ရံပုံငွေအသည်းအသန်လိုနေခဲ့တာပါ...။ငွေမှရှာမရရင် ဘဏ်က ချိတ်ပိတ်သိမ်းတာခံရမှာဆိုတော့ ထရွိုင်ဟာ ငွေရှာဖို့ကြံရပြန်ပါပြီ...။ထရွိုင်ဟာ ငွေရှာဖို့ စိတ်ကူးယဥ်ရုံကလွဲပြီး အနုပညာအကြောင်းဘာမှမသိ ဘာမှမတတ်သူပါ...။အခြားတစ်ဖက်မှာတော့ ဒီစခန်းလေးရဲ့ အနုပညာအရည်အသွေးကို ထိန်းပေးနေတဲ့ဆရာအေးမိုစ့်နဲ့ ဆရာမ ရေဗက်ကာဒိုင်းယန်းတို့လည်းရှိပါသေးတယ်...။သူတို့က နှစ်စဥ်နှစ်တိုင်း သင်တန်းလာတက်တဲ့ကလေးတွေနဲ့ ပြဇာတ်တစ်ခု လေ့ကျင့်ကပြနေကျပါ...။ဒီတော့ ကလေးတွေကပြမယ့် ပြဇာတ်ကို အသုံးချပြီး ထရွိုင်တစ်ယောက်ငွေဘယ်လိုရှာမလဲ...၊အနုပညာကြောင်းမသိတဲ့ ထရွိုင်နဲ့ အနုပညာသမားတွေကြားဘယ်လို ဒုက္ခသုခတွေကြုံရမလဲ...ပြဇာတ်တစ်ခုကဖို့ ဘယ်လို ကြိုးစား သင်ယူပြင်ဆင်ရတယ်ဆိုတာကို မြင်တွေ့ရမယ့်Musical Comedy movieလေးဖြစ်ပါတယ်...။ File size…3.18 GB / 1.03GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Theater Camp (2023)
6.3
Better Nate Than Ever (2022)
Better Nate than Ever (2022)IMDb - 6.1လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခုတော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်လေးတည်းကသိပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစားရှာဖွေနေဆဲသူတွေလည်း ရှိတာပေါ့၊နိတ်ဆိုတဲ့ ကောင်လေးကတော့ အလယ်တန်းကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစားနေသူပေါ့၊ ဘရော့ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်တွေကို အဓိကနေရာမှာ ကပြပြီး ဘရော့ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ် ကြံပေမယ့် ဆရာသမားလေး နိတ်ခမျာ ကျောင်းကပွဲမှာ ဖြတ်လျှောက်နေရာကတောင် အရွေးမခံရအောင်ကို ပါရမီရှိပြီး စန်းပိတ်နေတဲ့သူပေါ့၊ တစ်နေ့တော့ နယူးယောက်ရွှေမြို့တော်ကြီးရဲ့ ဘရော့ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူရွေးပွဲအကြောင်း သိလိုက်တဲ့နောက် သူနေထိုင်ရာ ပစ်ဘာ့ဂျ်မြို့လေးကနေ NYအထိ မိဘမသိအောင် အိမ်ပြေးလေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့ပါတော့တယ်၊Disney ကနေ အသစ်ထွက်ရှိထားတဲ့ Family, Musical, ...
movie
Better Nate Than Ever (2022)
2022
6.3
Looks That Kill 2020
Looks that Kill (2020)IMDb 6.3/10 မက်စ် ရစ်ချက်ဒ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အကြောင်းရိုက်ပြထားတဲ့ Dark Comedy, Drama အမျိုးအစားဇာတ်ကားကောင်းတကားပါ မက်စ်ဟာ မွေးစကတည်းက သေစေနိုင်လောက်တဲ့ မဟားတရားဆွဲဆောင်မှုပြင်းပြနေတဲ့မျက်နှာမျိုးနဲ့ မွေးဖွားလာတာဖြစ်တယ် သူ့မျက်နှာမြင်တာနဲ့ လူတိုင်းဟာအံ့သြမင်သက်ပြီး ဇီဝိန်ကြွေကြရပါတယ် ဒါကြောင့် ငယ်ငယ်လေးကတည်းက မျက်နှာမှာပတ်တီးစည်းထားရတဲ့ အထူးအဆန်းကောင်လေးတစ်ယောက်ပေါ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့မဆုံခင်အထိ သူဟာသူ့ရုပ်ရည်ကြောင့် လူတွေဒုက္ခရောက်ရတယ်လို့ပဲ ခံယူထားခဲ့ပါတယ် အဲလက်စ်နဲ့ပဲ သူ့ဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေ သင်ခန်းစာတွေရခဲ့တယ် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲ ကြည့်ရှုအားပေးလိုက်ပါတော့File Size : 650 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:54:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kyi Kyi Encoded by Littleneo
movie
Looks That Kill 2020