Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Prilly Latuconsina
8.2
Andragogy (2023)
Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie
Andragogy (2023)
2023
7.8
Puspa Indah Taman Hati (2023)
Puspa Indah Taman Hati 2023 အညွှန်းအချစ်ဦးကို မေ့နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲလို့ လိုက်မေးကြည့်ရင် ၁၀၀ မှာ အယောက် ၉၀ လောက်က မမေ့နိုင်ကြပါဘူး။ အဲလိုပါပဲ အဲအချစ်ဦးနဲ့ ကိုယ့်ကို ရင်နဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ ယှဉ်လာတဲ့အခါမှာ ကိုယ်ဘယ်သူ့ကိုရွေးချယ်မှာလဲ။ ယခုအင်ဒို musical ကားလေးမှာတော့ ဂါလိနဲ့ မာလီနာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူတွေရဲ့ရင်ထဲကို တစ်မျိုးဖြစ်စေမှာအမှန်ပါပဲ။ ဂါလိကတော့ တက္ကသိုလ်မှာ ဂီတကျောင်းသားလည်းဖြစ် အဆိုတော်အဖြစ်လည်းနာမည်ကြီးပြီး ကောင်မလေးတွေကြားမှာ ဝိုင်းဝိုင်းလည်နေတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ရာတနာနဲ့ရုပ်ချင်းဆင်တဲ့ မာလီနာကို ကျောင်းမှာတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။ မာလီနာကလည်း သူ့ကိုကြိုက်တဲ့ကောင်လေးတွေကို စိတ်မဝင်စားဘဲ ဂါလိကိုပဲ စွဲလမ်းသွားပါတယ်။ အဲလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ သူတို့အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာဦးမလဲ။အချစ်ဦးနဲ့ ကိုယ့်ကိုချစ်ရတဲ့သူကြားမှာ ရွေးချယ်ရဖို့ အကြောင်းဖန်လာရတဲ့အခါ ဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ အချစ်ဦးဆိုတာ ဘယ်နားရောက်နေမှန်းမသိတဲ့သူများအဖို့ CM က တင်ဆက်ပေးလိုက်ရပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p ...
movie
Puspa Indah Taman Hati (2023)
2023
6.0
Ketika Berhenti Di Sini (2023)
Indonesiaနိုင်ငံထုတ် Netflix ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Graphic Designerမလေး DitaဟာiPadပျက်သွားလို့ သွားပြင်ရင်း Edနဲ့ဆုံကာ ချစ်သူတွေဖြစ်သွားကြပါတယ်။ဒီလိုနဲ့ ချစ်သူသက်တမ်း၄နှစ်မြောက်မှာပဲ Edဟာ အက်ဆီးဒင့်ဖြစ်ကာ ဆုံးသွားပါတယ်။ကျန်ရစ်သူDitaဟာ သူငယ်ချင်းFanနဲ့ ချစ်သူဖြစ်သွားပေမဲ့ Edကိုသတိရနေဆဲပါ။ တစ်ရက်မှာ Edချန်ထားခဲ့တဲ့ မျက်မှန်တစ်လက်ဟာ တပ်လိုက်ရင်Edရဲ့ AIပုံရိပ်ကိုမြင်နိုင်ပါတယ်။ Edကိုမမေ့နိုင်သူ Ditaအဖို့ ဒီမျက်မှန်နဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်လိုက်ရအောင်... File size…1.30GB / 589MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
Ketika Berhenti Di Sini (2023)
5.1
Danur 3: Sunyaruri (2019)
Danur 3 [2019]( 5.1/10 IMDb)သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး... သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်.... ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်... အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ... ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့... ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်... ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး... မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး... ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် ...
movie
Danur 3: Sunyaruri (2019)
2019
5.2
Danur 2: Maddah (2018)
Danur 2 (2018)သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကို ရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။ ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီး ဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။ ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲ အိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။ ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 711MB | 356MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Khaing Encoder ..... Aaron
movie
Danur 2: Maddah (2018)
2018
5.3
Danur (2017)
Danur (2017)ဒီတစ်ခေါက်ကိုတော့ ''Danur : I can See Ghosts ''ဆိုတဲ့သရဲကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Risa ဆိုတဲ့ကလေးမလေးဟာမိိဘတွေကအမြဲတမ်း အချိန်မပေးနိုင်ကြဘဲအလုပ်များနေလို့ အထီးကျန်နေတဲ့ကလေးမလေးပါ တစ်နေ့မှာတော့Risa ရဲ့မိဘတွေကသူ့တို့သမီးလေးဟာ နေ့တိုင်းလိုလိုတစ်ယောက်တည်းကစားရင်း တခြားသူတွေကိုကြည့်ပြီးစကားပြောနေတာကို တွေ့သွားကြပါတယ် အဲ့ဒါနဲ့ Risa ရဲ့မေမေကပရောဂဆရာရှာပြီးသရဲနှင်ခိုင်းလိုက်ပြီးနောက်ပိုင်း Risaဟာသူ့ ရဲ့သရဲသူငယ်ချင်းတွေကိုထပ်မတွေ့ရတော့ပါဘူး Risa ဟာအဲ့အတိုင်းပဲကြီးပြင်းလာတဲ့အချိန်မှာ တစ်နေ့တော့ သူ့အဘွားကိုစောင့်ရှောက်ပေးတဲ့သူနာပြုမိန်းမကသူ့ညီမလေးကိုခေါ်သွားပါတော့တယ် Risaတစ်ယောက်သူ့ညီမလေးကိုပြန်ရဖို့ဘယ်လိုလုပ်မလဲ သူနာပြုရဲ့သရုပ်မှန်ကရောဘာလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်ရုပ်ရှင်ကားလေးမို့လက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ ThaeThae ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 815MB | 392MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Danur (2017)
2017
8.3
High School Serenade / Gita Cinta Dari SMA (2023)
High School Serenade / Gita Cinta Dari SMA (2023)ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie
High School Serenade / Gita Cinta Dari SMA (2023)
2023
6.0
Kukira Kau Rumah(2022)
Kukira Kau Rumah(2022)***********************နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီချင်းလေးကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ သီချင်းလေးက တကယ်နားထောင်ကောင်းတဲ့ ဆွေးဆွေးအေးအေးလေးဖြစ်သလို ဇာတ်လမ်းကိုလည်း ထိုအတိုင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဇာတ်ဆောင်မင်းသမီးဖြစ်သူဟာ စိတ်မူမမှန်ဝေဒနာကို ခံစားနေရသူပါ။ဒါကြောင့်လည်း ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲရှိပြီး အားလုံးက အရိပ်တကြည့်ကြည့်နေလာသူပါ။ မင်းသားကတော့ ဂီတဘက်ကိုစိတ်ဝင်စားပြီး တသီးတသန့်နေတတ်တဲ့ ဂီတာသမားလေးပါ။ သူတို့နှစ်ယောက်ဆုံတွေ့ဖြစ်ပုံကတော့ ရိုးရိုးလေးပါပဲ။ လူငယ်သဘာဝ သူတို့နှစ်ယောက် ခင်မင်သွားကြ ပျော်ပါးကြရင်းနဲ့.....။ ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် Acoustic Musicလေးတွေ ကြားစီးမျှောရင်းတွေးချင်ဆွေးချင်သူတွေအတွက်တော့ကွက်တိပါပဲ။ ခံစားကြည့်လိုက်ပါဦး။File Size : (1.1GB) and (528MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Kukira Kau Rumah(2022)
7.1
The Twelve Stories of Glen Anggara (2023)
The Twelve Stories of Glen Anggara (2023)ဒါလေးကတော့ မနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ နာမည်လေးက The Twelve Stories of Glen Anggaraတဲ့။ ဒီကားလေးက Romance/Drama အမျိုးအစားလေးဖြစ်ပြီး ရုပ်ရှင်ရဲ့ Dialogue တွေက တကယ့်ကိုရင်ထဲထိပါတယ်။IMDbမှာဆိုရင်လည်း 7.1/10 တောင်ရရှိထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ အသက်ရှင်ဖို့အချိန်သိပ်မကျန်တော့တဲ့ ရှန်နာ့ရဲ့ မသေခင်လုပ်သွားချင်တဲ့ ဆန္ဒဆယ့်နှစ်ခုကို သူ့ရဲ့ ချစ်သူကောင်လေး ဂလန်က ရအောင်လိုက်ပြီး ဖြည့်ဆည်းပေးတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ ဆန္ဒဆယ့်နှစ်ခုက ဘာတွေဖြစ်မလဲ။ နောက်ပြီး ဂလန်ကရော ရှန်နာ့ရဲ့ ဆန္ဒတွေအကုန် ပြည့်ဝအောင်လုပ်ပေးနိုင်မလားဆိုတာကို ပျော်ရွှင်ဖွယ်ကောင်းစွာကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။အညွန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 768MB | 384MB Format… mp4 Duration…. ...
movie
The Twelve Stories of Glen Anggara (2023)
2023
7.8
Matt & Mou (2019)
ဒီတစ်ခါမှာတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား ရိုမန့်ဒရာမာကားလေးနဲ့ မိတ်ဆက်ပေးပါရစေရှင် ဒီကားလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာလေးကို ပုံဖော်ထားတာပါ တည်တည်ငြိမ်ငြိမ် ကောင်လေးက စွာတေးလန်ကောင်မလေးကို ဘယ်လိုတွေ လိုက်ထိန်းမလဲ ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြပေမယ့် အရွယ်ရောက်တော့ အချစ်ရေးတွေ နွယ်လာတဲ့အခါ ဘယ်လိုတွေဖြစ်ကြမှာလဲ သူတို့သူငယ်ချင်းနှစ်ယောက်ကြား သူစိမ်းယောကျာ်းလေး ဝင်လာတဲ့အခါ သူတို့ဆက်ဆံရေးပြောင်းလဲသွားမှာလား သူငယ်ချင်းနဲ့ချစ်သူကြား ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းမလဲ သာမန်အချစ်ကားလေးဖြစ်ပေမယ့် စိတ်ဝင်စားစရာ လှည့်ကွက်တွေကြောင့် မပျင်းနေရပါဘူး ဒီကားလေးကပေးတဲ့ Message ကတော့ " အနီးဆုံးမှာ ရှိနေတဲ့ ကိုယ်သတိမထားမိတဲ့ လူတွေက ကိုယ့်ရဲ့ဖူးစာဖက် ဖြစ်နိုင်ပါတယ် " တဲ့ File Size - 1gb Quality - web-dl 1080p Subtitle - burmese Translator - Suzy Jirakit Thawornwong Encoder - Thit San Khant
movie
Matt & Mou (2019)
2019