Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Poorna Jagannathan
She Hate Me (2004)
ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie
She Hate Me (2004)
6.8
Turtles All the Way Down (2024)
John Green ရဲ့ Turtle all the way down ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက်နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoesဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ ...
movie
Turtles All the Way Down (2024)
6.7
I’ll Show You Mine (2022)
I'll Show You Mine (2022) =================== IMDb Rating - 6.7/10လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီတော့ရှိစမြဲပါပဲ။ မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင် ထုတ်မပြောဖြစ်တဲ့ လျှို့ဝှက်ချက်တွေထဲကမှ အနက်နဲဆုံးအလျှို့ဝှက်ဆုံးအရာတွေပေါ့။ ဒီဇာတ်ကားထဲမှာတော့ အဲလိုလျှို့ဝှက်ချက် မျိုးတွေထဲကမှ လိင်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကို တူဝရီးနှစ်ယောက်တိုင်ပင်ပြောဆို ကြတဲ့ပုံစံနဲ့ ကြည့်ရှုရမှာပါ။ ပါဝင်တဲ့အသုံးအနှုန်းနဲ့ ပြကွက်တချို့ကြောင့် ကလေးသူငယ် တွေ၊ မိသားစုတွေနဲ့ အတူကြည့်လို့ရမဲ့ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ် ပါတယ်။ဇာတ်ညွှန်းကတော့ဒီလိုပါ။ နစ်ခ်က Pansexual မော်ဒယ်ဟောင်းတစ်ယောက်။ လက်ရှိ မှာတော့ အပြာကာတွန်းရေးဆရာအဖြစ် အသက်မွေးတယ်။ သူ့ရဲ့အဒေါ်ပရီယာ(ဦးလေး အရင်းရဲ့မိန်းမ)က စာရေးဆရာမ။ တစ်နေ့ကျ သူ့စာမူကြမ်းအတွက် အိမ်ကိုဖိတ်ပြီး နစ်ခ်ရဲ့ Pansexuality နဲ့ အလုပ်အကိုင်အကြောင်း၊ ဘဝအကြောင်းတွေ အင်တာဗျူးတယ်။ တစ်ကားလုံး လူနှစ်ယောက်တည်းစကားပြောသွားတာဆိုပေမဲ့ လူတွေရဲ့တကယ့်အမှောင် ဘက်ခြမ်း၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာလို့သတ်မှတ်ပြီး တော် ရုံတန်နဲ့ ပါးစပ်ကနေတောင် ထုတ်ပြောလေ့မရှိကြတဲ့ လျှို့ဝှက်ချက်တွေ၊ ကလေးဘဝတုန်းက ရင်းနှီးသူတွေဆီကနေ ကိုယ်တိုင်တောင်မသိဘဲ Abuseလုပ်ခံရတာတွေကို ပါးပါးနပ်နပ်ချပြ သွားတာမျိုးပါ။ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie
I’ll Show You Mine (2022)
2022
5.5
The Out-Laws (2023)
The Out-laws (2023)ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. ...
movie
The Out-Laws (2023)
2023
6.6
The Weather Man(2005)
The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာတဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie
The Weather Man(2005)
5.9
The Dead Center(2018)
The Dead Center(2018)(Zawgyi)အတိတ်မေ့ပြီး ရောက်လာတဲ့ လူနာတစ်ယောက်က သူဟာ သေပြီးမှ ပြန်ရှင်လာပြီး တမလွန်ကနေ လူ့ဘဝကို ပြန်ရောက်လာတာပါလို့ ပြောလိုက်ချိန်မှာတော့ သူ့ရဲ့ တာဝန်ခံဆရာဝန်တစ်ယောက် လူနာရဲ့ ပြောစကားတွေကို မယုံနိုင်ဖြစ်ခဲ့ရပါတယ် .... တမလွန်ကနေပြန်လာတယ်လို့ပြောတဲ့ လူနာမှာ ဆန်းကြတယ်တဲ့အရာတစ်ချို့ပါလာသလို သူပြောတဲ့ တစ်ချို့စကားတွေဟာလည်း ထိန့်လန့်စရာအချို့ပါရှိနေခဲ့တယ်... အဲ့ဒီလူနာရောက်လာပြီး မကြာခင်မှာပဲ ဆေးရုံရဲ့ အားထားရတဲ့ သူနာပြုတွေထဲကတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါမှာတော့ .. ဒီလူနာရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် သေဆုံးသွားတယ်လို့ တစ်ချို့တွေက ယူဆနေကြတယ်... တာဝန်ခံဆရာဝန်နဲ့ ဒီလူနာနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး... Horror, Mystery, Thriller အမျိုးအစားဖြစ်တာနဲ့အညီ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...(unicode)အတိတ်မေ့ပြီး ရောက်လာတဲ့ လူနာတစ်ယောက်က သူဟာ သေပြီးမှ ပြန်ရှင်လာပြီး တမလွန်ကနေ လူ့ဘဝကို ပြန်ရောက်လာတာပါလို့ ပြောလိုက်ချိန်မှာတော့ သူ့ရဲ့ တာဝန်ခံဆရာဝန်တစ်ယောက် လူနာရဲ့ ပြောစကားတွေကို မယုံနိုင်ဖြစ်ခဲ့ရပါတယ် .... တမလွန်ကနေပြန်လာတယ်လို့ပြောတဲ့ လူနာမှာ ဆန်းကြတယ်တဲ့အရာတစ်ချို့ပါလာသလို သူပြောတဲ့ တစ်ချို့စကားတွေဟာလည်း ထိန့်လန့်စရာအချို့ပါရှိနေခဲ့တယ်... အဲ့ဒီလူနာရောက်လာပြီး မကြာခင်မှာပဲ ဆေးရုံရဲ့ အားထားရတဲ့ သူနာပြုတွေထဲကတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါမှာတော့ .. ဒီလူနာရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် သေဆုံးသွားတယ်လို့ တစ်ချို့တွေက ယူဆနေကြတယ်... တာဝန်ခံဆရာဝန်နဲ့ ဒီလူနာနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး... Horror, Mystery, Thriller အမျိုးအစားဖြစ်တာနဲ့အညီ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ...
movie
The Dead Center(2018)
2018
5.8
Share (2019)
မန်ဒီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာကျောင်းဘတ်စကတ်ဘောအသင်းဝင်ဖြစ်ပြီးတော့သူငယ်ချင်းတွေလည်းတွယ်တာတတ်သူပါတစ်ရက်မှာတော့ သူငယ်ချင်းတွေနဲ့ပါတီလုပ်ရင်းလူမသိ သူမသိအောင် မှောက်သွားခဲ့ပါတယ်နိုးလာတဲ့အချိန်မှာတော့ သူ့အိမ်ရှေ့မြက်ခင်းပြင်ပေါ် လှဲနေရက်သားအနေနဲ့ဖြစ်ခဲ့ပြီး ဘာတွေဖြစ်ခဲ့မှန်းလည်း သူ့မှာမမှတ်မိနိုင်အောင်ပါပဲဒီတိုင်းမူးပြီးမှောက်သွားတာလို့ထင်နေခဲ့ပြီးမှ သူ့ကိုယ်ပေါ်မှာဒဏ်ရာတွေလည်းတွေ့ပြီး သူ့ကိုအရှက်ရစေတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်းသူငယ်ချင်းတွေကြား ပျံ့နှံ့လာခဲ့တဲ့အခါမှာတော့…အကြီးမားဆုံးပြဿနာက ဘာတွေဖြစ်ခဲ့မှန်းသူမမှတ်မိတာပါစိတ်ရောဂါကုထုံးတွေ..အိပ်မွေ့ချကုထုံးတွေခံယူခဲ့တာတောင်သူဟာဘယ်လိုမှ အဲဒီညအဖြစ်အပျက်ကို ပြန်လည်တွေးတောလို့မရနိုင်ခဲ့ပါဘူးနောက်ဆုံးမိဘတွေသိသွားတဲ့အခါမှာအဓမ္မမှုအဖြစ် ယူဆပြီး အမှုဖွင့်ခဲ့ပေမယ့် ဘယ်သူဆိုတာကတော့ဘဲဥကို အစရှာရသလိုပါပဲအားလုံးကလည်းရင်းနှီးနေတဲ့သူငယ်ချင်းတွေပဲ ဖြစ်နေတဲ့အခါမှာတော့ရှု့ပ်ထွေးကုန်ပြီး ဆက်ဆံရေးတွေလည်းပျက်ပြားကုန်ပါတော့တယ်တကယ့်တရားခံကိုသူရှာဖွေတွေ့ရှိနိုင်ပါ့မလားဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူပြန်မှတ်မိနိုင်ပါ့မလားအဖြစ်မှန်တွေပေါ်ပေါက်လာမလား ဆိုတာကိုဒီဇာတ်ကားမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်.... File Size : (825 MB) & ( 288 MB)Quality : WEB-DL 720pRunning Time : 1 ...
movie
Share (2019)
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
5.3
The Circle 2017
မင်းသားကြီး တွန်မ် ဟန့်ခ် နဲ့ မင်းသမီး အမ်မာဝက်ဆန်တို့ရဲ့ ဇာတ်ကားသစ်ပါ။ IMDb ကတော့ 5.3 ပဲရှိပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တွန်ဟန့်ခ်နဲ့ သူငယ်ချင်းတစ်ယောက်တည်ထောင်ထားတဲ့ အင်မတန်ကြီးမားတဲ့ နည်းပညာကုမ္မကြီးတစ်ခုဆီကို သာမာန်ဝန်ထမ်းလေးအဖြစ် Mae Holland(အမ်မာဝတ်ဆန်) ရောက်ရှိလာပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့် အမြန်ပဲ ရာထူးတွေ တက်လာခဲ့ပြီး ကုမ္မဏီရဲ့ အရေးပါတဲ့ လျှိုဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့ အချက်က လူသားတွေရဲ့ လွတ်လပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ အရာကြီးဖြစ်နေတဲ့အခါ..... ဒီရုပ်ရှင်က လက်ရှိ လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သတ်ပြီး သတိထားမိစေချင်လို့ မီးမောင်းထိုးပြတဲ့ သဘော ရိုက်ကူးထားပုံရပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းနည်းပြီး အေးစက်စက်နိုင်တဲ့အတွက် ပရိသတ်တွေ အကြိုက်မတွေ့ကြဘူးထင်ပါတယ်။ မြည်းစမ်းကြည့်ချင်သူတွေတော့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။File Size : 800 Duration : 111 minutes Quality : ...
movie
The Circle 2017
2017