Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pol Monen
So My Grandma’s a Lesbian! (2019)
So My Grandma’s A Lesbian [2019]အီဗာ့အဖွားနာမည်က ဆိုဖီယာ... ဖွားအေလုပ်သူ ဆိုဖီယာက တစ်သက်လုံးကမှ သူဟာ လိင်စိတ်တိမ်းညွတ်နေတဲ့ Lesbianတစ်ယောက်ဆိုတာကို ဘယ်တုန်းကမှ လူသိသူသိ မခံခဲ့ပါဘူး... ဒါပေမယ့် အသက်အရွယ်လည်း ၇၀ဝန်းကျင်ရောက်လာပြီဖြစ်တဲ့ အခါမှာတော့ ငယ်စဉ်ဆက်ကျော်သက်အရွယ်ကတည်းက သူချစ်ခဲ့ရတဲ့ ဆယ်လီယာနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်သလို သူတို့ချစ်ခြင်းကိုလည်း ဖွင့်လှစ်ပြသဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်... ဒီသတင်းကို အီဗာ ကြားသိရချိန်မှာ ရှော့ရသွားပေမယ့် သူတကယ် သွေးတက်ရတာကတော့ သူ့ရဲ့ လောလောလတ်လတ် စေ့စပ်ထားတဲ့ ရှေးရိုးစွဲ စကော့တလန်သားလေး စတူးဝပ်နဲ့ မင်္ဂလာပွဲ ပျက်သုဉ်းသွားမယ့်အရေးကိုပါပဲ.... ဒီတော့ ချက်ချင်းပဲ အီဗာက ဖွားအေရှိရာ နယ်မြို့လေးကို လိုက်လာပြီးတော့ မင်္ဂလာပွဲမကျင်းပဖို့ ဘာသာရေးအရတားမြစ်ထားတဲ့ လိင်တူလက်ထပ်ပွဲကို လုပ်ပြီး မြို့ထဲမှာ ပွဲမရှာဖို့ အကြောင်းမျိုးစုံနဲ့ ဖျောင်းဖျပါတယ်... ဒီအချိန်မှာပဲ တစ်ဖက်က ဆယ်လီယာရဲ့ သားဖြစ်သူ ဂျော့ရှ်လည်း ရောက်လာပါတော့တယ်... ဂျော့ရှ်နဲ့ အီဗာက တစ်ချိန်တုန်းက ငြိခဲ့ဖူးတဲ့အတွက်ကြောင့် ဂျော့ရှ်ကလည်း ဇာတ်လမ်းပြန်စလိုသူပါ... ဂျော့ရှ်ဟာလည်း အီဗာနည်းတူပဲ မင်္ဂလာပွဲကို ...
movie
So My Grandma’s a Lesbian! (2019)
2019
7.8
The Paramedic (2020)
အရေးပေါ်ကျန်းမာရေးဝန်ထမ်း အန်ဟယ်ရဲ့ဘဝဟာ သူ့ကောင်မလေးဖြစ်သူ ပြင်သစ်သူလေးဗီနာနဲ့အတူ အခြေကျနေတာပါ သူစီးလာတဲ့လူနာတင်ကား အက်ဆီးဒင့်မဖြစ်ခင်အချိန်ထိပေါ့ ကားအက်ဆီးဒင့်ကြောင့် အန်ဟယ်တစ်ယောက် အောက်ပိုင်းသေသွားတဲ့အခါမှာ အလုပ်လည်းပြုတ်ပြီး စိတ်တိုစိတ်ဆတ်လွယ်တဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ် သူ့ကောင်မလေးဗီနာ့အပေါ်လည်း မယုံသင်္ကာတွေဖြစ်၊ အိမ်နီးချင်းဗီဆင်တီနဲ့သူ့ခွေးကိုလည်း အမြင်ကတ်ပြီးရင်းကတ်၊ သူအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ လူနာတင်ကားကိုမောင်းခဲ့တဲ့သူ သူ့လုပ်ဖော်ကိုင်ဖက် ရီကာဒိုကိုလည်း အမုန်းကြီးမုန်းလာပါတော့တယ် အဆိုးဆုံးကတော့ တက္ကသိုလ်တက်ပြီး အလုပ်သင်ဆင်းနေတဲ့ သူ့ကောင်မလေးဗီနာနဲ့မပြေမလည်တွေဖြစ်ပြီး ဗီနာအိမ်ပေါ်ကဆင်းသွားပြီးတဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ အန်ဟယ်ရဲ့ evil side တွေကို ဒီစပိန် thrillerဇာတ်ကားမှာ ကြည့်ရှုလိုက်ကြပါဦး File Size - 1gb Quality - web-dl 1080p Subtitle - burrmese Translator - MTA Encoder - Thit San Khant
movie
The Paramedic (2020)
2020
5.3
Who Would You Take to a Deserted Island?
Who would you take to a deserted island (2019) ပူလောင်လွန်းတဲ့ နွေရာသီရက်တစ်ရက်မှာ ကိုယ့်အိပ်မက်ဆီကို အရောက်သွားကြရတော့မယ့် လူငယ်လေးယောက်ရဲ့နှုတ်ဆက်ပွဲကနေ အစပြုခဲ့တဲ့ ဒီဇာတ်လမ်း။ ရှစ်နှစ်ကြာ ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်၊ စုံတွဲနှစ်တွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ။ မတော်တဆ ကစားမိကြတဲ့ "မင်း ဘယ်သူ့ကို ကန္တာရကျွန်းကို ခေါ်သွားမှာလဲ" ဆိုတဲ့ ကစားနည်းကြောင့် သူတို့ကြားက လျှို့ဝှက်ချက်တွေ ပွင့်အံလျှံကျလာခဲ့ကြတယ်။ အဲ့လျှို့ဝှက်ချက်က ဘာတွေလဲ? အဲ့လျှိ့ဝှက်ချက်ကြောင့် သူတို့ကြားမှာ ဘာတွေဖြစ်ကြဦးမလဲ? စပိန်ကားတွေရဲ့ ထုံးစံအတိုင်း Twist တွေက တကယ့်ကို အကြီးကြီးတွေပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်ရမှာတွေလည်း ပါပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။ ဒီ့ထက်ပြောပြလိုက်ရင် Plot Twist တွေ ပေါ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး။ Plot Twist တွေက ကြည့်နေရင်းနဲ့ အရသာရှိလာပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းကောင်းကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။ Money Heist နဲ့ Elite မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေလည်း ပါတယ်ဆိုတော့ Money Heist နဲ့ Elite ကို ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းညွှန်းမနေတော့ပါဘူး။ စိတ်ချလက်ချသာ ကြည့်လိုက်ပါ။ IMDb Rating ကတော့ ...
movie
2019
5.3
Loving
Amar 2017 သို့မဟုတ် LOVIING 2017လို့ခေါ်တဲ့ ဒီကားလေးဟာဆိုရင် April 21 2017မှာထွက်ရှိခဲ့တဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။ ဒီကားလေးကိုတော့ စပိန်နာမည်ကြီးဒါရိုက်တစ်ဦးဖြစ်တဲ့ Esteban Crespoကရိုက်ကူးပေးခဲ့တာဖြစ်ပြီးတော့ ဇာတ်ညွှန်းရးရာမှာလည်းသူကိုယ်တိုင်အပါအဝင် အခြားဇာတ်ညွှန်းရေးဆရာတွေနဲ့ပူပေါင်းရေးသားခဲ့တာဖြစ်ပါတယ်။ထူးခြားတာခုကတော့ ဒီကားမှာနားမည်ကြီးစပိန်စီးရီးတခုဖြစ်တဲ့ Money Heistထဲကမင်းသမီးတလက်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ သူမရဲ့ကောက်ကြောင်းအလှအပတွေကိုတဝကြီး ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတာ့ လူငယ်သဘာဝဆန်ဆန်Drama / Romance ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလူငယ်စုံတွဲနှစ်ဦးဖြစ်တဲ့ ကားလို့စ်နဲ့လော်ရာတို့ဟာပထမဆုံးသောအချစ်မှာတင်ပဲပြင်းပြင်းပြပြနဲ့နေ့ရက်တိုင်းကိုနောက်ဆုံးရက်လိုသဘောထားပြီးချစ်ကြပါတယ်။ဒါပေမဲ့အချစ်တို့မည်သည်ဖြောင့်ဖြူးရိုးထုံးစံမရှိဆိုသလိုပါပဲ သူတို့ရဲ့အချစ်ရေးမှာလည်း ခြံခုန်တာတွေ စနှိက်ကျော်တာတွေရှိလာပါတယ်။ဒါပေမဲ့လည်း သူတို့နှစ်ဦးဟာနောက်ဆုံးအချစ်ကြောင့် ဘယ်လိုတွေခံနိုင်ရည်ရှိပြီးကျော်ဖြတ်ကြမလဲဆိုတာကို ရင်သပ်ရှု့မောဖွယ်အလှအပများနဲ့ ခံစားကြည့်ရှုရမှာဖြစ်လို့ သင်သာအချစ်ဇာတ်လမ်းကောင်းတွေကြိုက်တယ်ဆိုရင် ကြည့်ရှုသင့်တဲ့ကားလေးတကားပြဲဖစ်ပါတယ်........ ထပ်ပြီး သတိပေးချင်တာက 18+ Movie ဖြစ်တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ ဒီရုပ်ရှင်ကို Jake က ဘာသာပြန်ပေးထားပါတယ်
movie
Loving
2017