Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pip Dwyer
6
Our Mother’s Secret Affair (2024)
Our Mothers Secret Affair ( 2024 )မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။ သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။ သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။ သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါ သူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက်အညွှန်း နဲ့ ဘာသာပြန်ကတော့ M ပဲ ...
movie
Our Mother’s Secret Affair (2024)
2024
7.4
Mr. Monk’s Last Case: A Monk Movie (2023)
Mr. Monk's Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေအများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ seriesမကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenicmemory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ...
movie
Mr. Monk’s Last Case: A Monk Movie (2023)
5.5
A Royal Christmas Crush (2023)
ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေးတစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာအတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကိုရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင်ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊ File size…1.24GB / 574MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
A Royal Christmas Crush (2023)
7.8
IT (2017)
မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie
IT (2017)
2017
4K HEVC