Channel Myanmar

Pierre Louis

Down the Rabbit Hole (2024) 5.5
Down the Rabbit Hole (2024)  Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာအသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်းယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့်သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကိုတို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း*************** မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီးလိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံတစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင်ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှအရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူကအာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာနန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာမက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက်တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ်သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာစူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့်ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိလာခဲ့ပါတော့တယ်။ File size…1.91 GB / 829 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Down the Rabbit Hole (2024)

The Great Seduction (2023) 6.5
The Great Seduction (2023)  လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးအားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေးတစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်းချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီးထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက်ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲအသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက်အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက်လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန်ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည်လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးကလိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့ကခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေးတစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။  File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 ...
movie

The Great Seduction (2023)