Channel Myanmar

Pierre Bourdaud

Dragon Blade (2015) 5.9
Dragon Blade (2015) Dragon Blade (2015) =============== IMDb Rating - 5.9/10ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် ...
movie

Dragon Blade (2015)

2015
Snipers (2022) 6.8
Snipers (2022)  စစ်ပွဲတစ်ပွဲဆင်နွဲတဲ့အခါ သမိုင်းတွင်တဲ့ စစ်ပွဲများစွာရဲ့ စစ်သူရဲကောင်းတွေလည်းရှိသလို ဒီလိုစစ်ပွဲကြီးတွေအတွက် အထောက်အကူဖြစ်ဖို့ လူမသိသူမသိဆင်နွှဲခဲ့ရတဲ့ စစ်ပွဲလေးတွေထဲမှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်ပေါင်းများစွာလဲရှိပါတယ်အခု ဒီဇာတ်ကားလေးကတော့ စစ်ပွဲကြီးတစ်ခုက နိုင်ငံ့သူရဲကောင်းတွေကိုရိုက်ကူးပုံဖော်ထားတာမဟုတ်ဘဲ သမိုင်းမှာလည်းမပါ ဘယ်သူမှမသိတဲ့ချိုင့်ဝှမ်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲလေးတစ်ခုက ရဲရင့်တဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားမာန်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၅၂ခု နှစ်ကို အခြေတည်ရိုက်ကူးထားတာပါလျှိုဝမ်ဝူဟာ တိုးတက်မှုနောက်ကျပြီး ပစ္စည်းကိရိယာအစုံအလင်မရှိတဲ့ တရုတ်လုပ်အားပေးစစ်တပ်မှာ အရမ်းတော်တဲ့ တပ်ကြပ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၅တပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်တစ်နေ့မှာ သူတို့တပ်ရဲ့ သတင်းပေးလျန်လျန်ဆိုတဲ့ရဲဘော် ချုံခိုတိုက်ခံရပြီး အထက်က လျန်လျန်ကို သေသေရှင်ရှင် ပြန်ခေါ်ခဲ့ဖို့ တပ်ကြပ်လျှိုခေါင်းဆောင်တဲ့ အဖွဲ့ ၅ကို တာဝန်ပေးလိုက်ပါတယ် တစ်ဖက်မှာလည်း လျန်လျန်ကို ဓားစာခံထားပြီး လျှိုဝမ်ဝူကို ဖမ်းဖို့အမေရိကန်အထူးတပ်ဖွဲ့က အသင့်စောင့်နေချိန်မှာတော့...လက်နက်ခဲယမ်း ကိရိယာအစုံအလင်ရှိပြီး ကျွမ်းကျင်သူတွေကြီးပဲ ဖွဲ့စည်းထားတဲ့ အမေရိကန်တပ်ဖွဲ့ကို လျှိုဝမ်ဝူတို့တပ်ဖွဲ့ ၅ဘယ်လိုရင်ဆိုင်ကြမလဲနိုင်ငံ့အကျိုးကိုပဲရှေ့တန်းတင် သူတို့အသက်တွေကိုရင်း သူမတူတဲ့မျိုးချစ်စိတ်တွေနဲ့ သူတို့ရဲ့တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မှာလဲဆိုတာ ရဲသွေးရဲမာန်အပြည့်နဲ့ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်ကြည့်ကြရမှာပါနော် ...
movie

Snipers (2022)

The Mermaid ( 2016 ) 6.2
The Mermaid ( 2016 ) ကျွန်တော်အကြိုက်ဆုံး တရုတ်မင်းသားကြီး စတီဖင်ချောင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖန်တီးထားတဲ့ဇာတ်ကားပါ။ထူးခြားတာက ဒီဇာတ်ကားကို Rotten Tomatoes မှာ (100%) Rate ပေးထားတာပါ။IMDb မှာတော့ Rating (6.2/10) ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။” ဒီကမ္ဘာမှာ သန့်စင်တဲ့ရေ နဲ့လေကောင်းလေသန့်တွေရှားပါးလာပြီဒါ​ကြောင့်​ မင်းဘယ်​​လောက်​ပိုက်​ဆံရှာနိုင်​ပါ​စေ အဓိပ္ပါယ်​မဲ့​နေဦးမှာပဲ “လို့ဆိုထားပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်တဲ့ Message တွေပေးထားပါတယ်။ပင်လယ်ရေအောက်က ရေသူမလေးတစ်ယောက်ပင်လယ်အော်ကို သဘာဝအတိုင်းဆက်လက်ထိန်းသိမ်းချင်တဲ့စိတ်နဲ့အဲ့နေရာကိုဝယ်ယူခဲ့တဲ့လူသားတစ်ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့အခါကနေစပြီး ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာရပါတယ်စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်….အဓိကအချက်ဖြစ်တဲ့ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကိုတဆင့်ချင်းစီဟာသလေးတွေစွတ်ပြီးခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။ကုန်ကျစရိတ် US$60.72 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ US$553.8millionပြန်လည်ရရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။ Translated By Su Yadanar OoEncoded By LK
movie

The Mermaid ( 2016 )

2016
Wolf Warrior 2 (2017) 6.0
Wolf Warrior 2 (2017) စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie

Wolf Warrior 2 (2017)

2017