Channel Myanmar

Pierfrancesco Melley

The Little Hours (2017) 5.8
The Little Hours (2017) The Little Hours (2017)IMDb - 5.8ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီးပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာသူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာမက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကိုခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝလက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီးသဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်းရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။စစ္စတာလေး သုံးယောက်အဖြစ် ...
movie

The Little Hours (2017)

2017