Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pierce Brosnan
6.8
No Escape (2015)
No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့... အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်... ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်... ဒါပေမယ့် ...
movie
No Escape (2015)
2015
7.7
The Great Lillian Hall (2024)
The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်းအော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင်ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိကသရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hallဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင်ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လိုရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင်ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကိုကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အော်စကားတန်းဝင် ...
movie
The Great Lillian Hall (2024)
7.0
The World’s End (2013)
ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ...
movie
The World’s End (2013)
2013
4K HEVC
Fast Charlie (2023)
ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါFile size…(1.4 GB)/(760 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Fast Charlie (2023)
7.2
The Last Rifleman (2023)
The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီးPierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက်ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီးအသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်းဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့်ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလားစတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကို ...
movie
The Last Rifleman (2023)
6.3
The Only Living Boy in New York (2017)
The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie
The Only Living Boy in New York (2017)
2017
7.0
Shattered(2007)
Shattered(2007)*************** မင်းသားကြီး Pierce Brosnan နဲ့ Gerard Butlerတို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်.... သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူးကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်...File size… 1.4GB& 613MB Quality…Blu-Ray 1080p & 720p Format…mp4 Duration….1hr 35min Genre ….. Crime, Thriller ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo ...
movie
Shattered(2007)
5.5
The Out-Laws (2023)
The Out-laws (2023)ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. ...
movie
The Out-Laws (2023)
2023
7.0
The Matador(2005)
The Matador(2005)******************လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်းမိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာမသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာလုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်းသူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီးပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့်မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့် ...
movie
The Matador(2005)
7.0
Seraphim Falls(2006)
Seraphim Falls(2006)********************ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကိုအသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။ အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်းအငြင်းပွားကုန်ကြပါတယ်။ ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကိုဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။ Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီးပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက်ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။File Size :(2.3GB)(983MB) and (292MB) Quality : ...
movie
Seraphim Falls(2006)
The Tailor of Panama(2001)
The Tailor of Panama(2001)**************************James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ... သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်.....File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
The Tailor of Panama(2001)
6.7
Detonator(1993)
Detonator(1993)*****************ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်..ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့ လူအများကြီးတော့သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်..တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီးရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက်ထွက်ခွာသွားတယ်... လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင်ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်..ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့မနေသာဘဲ ဝင်ကူရပါတော့တယ်...ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်..File Size : (3.1GB)(962MB) and (382MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae
movie
Detonator(1993)
6.4
Mars Attacks! (1996)
နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB) / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre... Drama / Crime / ...
movie
Mars Attacks! (1996)
6.0
Dante’s Peak (1997)
ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာလှုပ်နေတဲ့ ငလျင်တွေအကြောင်းစမ်းသပ်တိုင်းတာဖို့ Dante’s Peak ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မီးတောင်ပေါက်ကွဲတော့မှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ မြို့တော်ဝန်ရေချယ်ဝန်ဒိုနဲ့ ဟယ်ရီဟာ မြို့ကောင်စီဝင်တွေကို မြို့သူမြို့သားတွေအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းသင့်ကြောင်းရှင်းပြခဲ့ပေမယ့် မသေချာဘူးဆိုပြီးလက်မခံခဲ့ကြပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်အကြာမီးတောင်ပေါက်လုဆဲဆဲမှာ ဟယ်ရီသဘောကျနေတဲ့ မြို့တော်ဝန် ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ မပြောမဆိုနဲ့တောင်ပေါ်တက်သွားပါတော့တယ်။ ရေချယ်နဲ့ ဟယ်ရီနှစ်ယောက် ကလေးတွေကိုပြန်ခေါ်ရင်း မီးတောင်ပေါက်ကွဲနေတဲ့ကြားကနေ ချော်ရည်တွေဆီကလွတ်အောင်ပြေးနိုင်ကြမလားဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie
Dante’s Peak (1997)
7.3
Black Adam (2022)
Black Adam (2022)DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။ မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။ "ရှဇမ်း" လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ဇာတ်လမ်းအကျဉ်းကတော့ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။ အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့် အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်...မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ...
movie
Black Adam (2022)
2022
4K HEVC
7.2
The Ghost Writer(2010)
The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့… File Size :(1.9GB) (714 MB) and (245 MB) Quality : ...
movie
The Ghost Writer(2010)
6
Robinson Crusoe (1997)
Robinson Crusoe (1997) ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ ...
movie
Robinson Crusoe (1997)
1997
The King’s Daughter(2022)
The King's Daughter(2022) အညွှန်း*******************************ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့ အချောအလှလေး Bingbing FanKaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ...1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ်Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်းပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ...အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့...တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကိုရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း ...
movie
The King’s Daughter(2022)
5.5
Riverdance: The Animated Adventure (2021)
ချစ်စရာ ကာတွန်းကားလေးတစ်ခုတင်ဆက်ပေးထားပါတယ်။ Magical Fantasy အမျိုးအစားပါပဲ။ ကီဂန်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိဘမရှိလို့ အဖိုးနဲ့အဘွားက မွေးစားထားခဲ့ရတာပါ။ သူ့ရဲ့အဖိုးကတော့ မီးပြတိုက်စောင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ပြီးတော့ အဘိုးကအမြဲပြောတယ်၊ မီးပြတိုက်ရဲ့အလင်းရောင်ဟာ အမှောင်ထုကြီးကို သယ်ဆောင်လာမယ့် မုဆိုးကြီးကို အမြဲဟန့်တားပေးနေတဲ့ အရာပါပဲတဲ့။ မီးပြတိုက်အလင်းရောင်သာ မရှိတော့ရင် မုဆိုးကြီးဟာ မှော်သမင်ကြီးတွေကို လိုက်ဖမ်းလိမ့်မယ်၊ မှော်သမင်ကြီးတွေသာ မရှိတော့ရင် မြစ်တွေလည်း ရေတွေခန်းခြောက်ပြီး သက်ရှိတွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်တဲ့။ ကီဂန်လေးက ဒါကို ပုံပြင်လိုပဲ သဘောထားပြီး မယုံခဲ့ပေမဲ့ တစ်နေ့မှာတော့ အဘိုးကိုယ်စား မီးပြတိုက်ကို မီးထွန်းဖို့ ပျက်ကွက်ခဲ့တဲ့အခါ....အကအလှလေးတွေ ရယ်စရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ရှင်ဖြစ်လို့ ကလေးရော လူကြီးရော သဘောကျကြမယ်ထင်ပါတယ် File size…(1.7 GB)/(700 Mb)/(350 Mb) Quality….HDrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Animation, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Riverdance: The Animated Adventure (2021)
4.0
Cinderella (2021)
Cinderella (2021)=============ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။ကဲ အခု သူပြန်လာပြီဗျ။ အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ Billy Porter က Fab G (fabulousgodmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ OST တွေကလည်း တကယ်ကိုဘ၀င်တွေ့စရာမလို့ Camila ...
movie
Cinderella (2021)
2021
1
2
Next