Channel Myanmar

Phương Anh Đào

Mai (2024) 6.9
Mai (2024)  ၂၀၂၄ မတ်လ ၂၂ ရက်ကထွက်ရှိထားတဲ့ Mai ဆိုတဲ့ဗီယက်နမ်ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပြီးဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့်ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင်ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်းသရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာမြင်တွေ့ရပါတယ်။ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကိုအိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလိုအလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။ အရင်ကပွေရှုပ်ခဲ့တဲ့ဒွန်းဟာ မိုင်မှာရှုပ်ထွေးတဲ့အတိတ်ရှိခဲ့တာတောင် မိုင်နဲ့ပဲလက်ထပ်ချင်တဲ့အထိမိုင်ကိုစွဲလမ်းသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒွန်းက မိုင်ကိုမိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်းရဲ့မိခင်ဟာမိုင်နဲ့ညီအစ်မတွေလိုရင်းနှီးတဲ့ မိုင်ရဲ့ဖောက်သည်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ချမ်းသာတဲ့မိသားစုမွာ အလိုလိုက်ခံရပြီးကြီးပြင်းလာတဲ့ဒွန်းဟာ မိသားစုကိုဆန့်ကျင်ပြီး မိုင်ကိုလက်တွဲသွားနိုင်မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.69GB  / 804MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 11m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Mai (2024)

Black Rose (2023)
Black Rose (2023) Black Rose (2023) နှင်းဆီနက်Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ဗီယက်နမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တို့ကရုပ်ရှင်ကြည့်ရင် လောင်လိုက်ရမှဆိုသူတွေ၊ မင်းသားမင်းသမီး အလန်းစားလေးကိုမှ ငမ်းချင်ပါတယ်ဆိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်လမ်းလေးပေါ့။သောင်မေဆိုတဲ့ ငယ်ရွယ်လှပတဲ့ အမျိုးသမီးလေးက ဟားတို့မိသားစုဆီမှာ ကလေးထိန်းအဖြစ်နဲ့ လုပ်ကိုင်နေပါတယ်။ရောက်ကတည်းက တစ်မိသားစုလုံးကို အရူးလုပ်ပြီး ပြဿနာတွေအမျိုးမျိုးတက်အောင် ကြံဆောင်နေပါတော့တယ်။ ကံမကောင်းစွာနဲ့ ဟားတို့ရဲ့ မိသားစုလေး ပြိုကွဲခဲ့ရပါတော့တယ်။ ဒီမှာပဲ ဟားတစ်ယောက် သောင်မေရဲ့ သရုပ်မှန်ကို တစ်စထက်တစ်စ သိရှိလိုက်ရတဲ့နောက်မှာတော့ .......(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ ToMo ပဲဖြစ်ပါတယ်) File size…1.6GB / 780MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni ~ V ~ BpL ~ ToMo 
movie

Black Rose (2023)

2023
Nightmares (2022)
Nightmares (2022) Nightmares (2022)ယနေ့ခေတ်မှာ ဘယ်သူမဆို အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။ အဲဒီလို ရုန်းကန်နေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် မေ့လျော့တတ်နေကြတာပေါ့။ ဒါကြောင့် ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာနေဖို့အတွက် ကိုယ်ကိုယ်ကိုယ် အမြဲဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်ရှင်လာတဲ့ကာလတလျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ (Trauma) တွေဟာ လူကြီး၊ လူငယ်မှန်သမျှကို ဒုက္ခပေးနိုင်တာမို့ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ပျော်စရာတွေ ဖန်တီးဖို့ဆိုတာ အရေးကြီးတာကြောင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာကြားပါရစေ…ဒီဇာတ်ကားလေးကတော့ ဖွန်အန်းဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ကို အခြေခံရိုက်ကူးထားပြီး သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေက သူ့လိုအောင်မြင်နေတဲ့ဆရာဝန်ကိုတောင် ဘယ်လောက်ထိ နှိပ်စက်လဲဆိုတာကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ Horror Vibe နဲ့ Thriller Vibe ကို ရောစပ်ပြီးပေးစွမ်းနိုင်တဲ့ဇာတ်ကားဖြစ်တာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဖွန်အန်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် သန်းချီတန်တဲ့ ပရောဂျက်ကိုတောင် ဦးဆောင်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ငွေကြေးကလည်း ချမ်းသာပြီး သူ့ရဲ့ခင်ပွန်းသည်ကလည်း လိုလေသေးမရှိအောင် ချစ်ပေးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကလည်း သည်းသည်းလှုပ်ဂရုစိုက်ကြပြီး ...
movie

Nightmares (2022)

2022