Channel Myanmar

Phoebe Walker

Ikaw At Ako (2023) 6.0
Ikaw At Ako (2023) အန်တွန်နဲ့မာဂါတိုက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ကာလရှည်သီးခြားနေထိုင်ခဲ့ပြီး အခုချိန်မှာတော့ မာဂါက ကွာရှင်းမှုကို တရားဝင်ဖြစ်စေဖို ရှေ့နေနဲ့တိုင်ပင်ပြီး စာရွက်စာတမ်းတွေလည်းပြင်ဆင်ထားပြီးပါပြီ။ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖိုအန်တွန်ကို ဆက်သွယ်လိုက်တဲ့အချိန်မှာ အန်တွန်က သူ့မှာရောဂါဆိုးတစ်ခုကြောင့် လအနည်းငယ်သာအချိန်ကျန်တော့ကြောင်းနဲ့ကျန်ရှိနေသေးတဲ့ နေ့ရက်တွေကို မာဂါနဲ့အတူမိသားစုဘ၀ပြည့်ပြည့်စုံစုံဖြတ်သန်းသွားချင်ကြောင်း တောင်းဆိုလာပါတယ်။ ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်အနာကြီးနာနေတဲ့ မာဂါက အန်တွန်ကို တစ်ပတ်တာ ခရီးစဉ်တစ်ခုသာလိုက်လျောခဲ့ပြီး အဲ့ဒီခရီးစဉ်ကပြန်လာတဲ့အချိန်မှာတော့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရမယ်လိုဆိုလာပါတယ်။အဲ့ဒီခရီးစဉ်က သူတိုရဲ့ အချစ်တွေကို တဖန်ပြန်လည်နိုးထလာစေမလား၊ ဒါမှမဟုတ် အတိတ်ကဒဏ်ရာတွေပဲ အုံကြွစရာဖြစ်လာမလားဆိုတာကို ဆက်လက်ရှုစားကြပါ။ ဒီဇာတ်ကားမှာတော့ မတူညီတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြတ်သန်းနေရတဲ့ စုံတွဲသုံးတွဲ၊ ဇာတ်လမ်းသုံးခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။အစပိုင်းမှာ သီးခြားဇာတ်ကောင်တွေလိုထင်နေရပေမယ့် တစ်ဖြည်းဖြည်းနဲ့ဇာတ်ရှိန်မြင့်လာတဲ့အခါ သူတိုချင်းရဲ့ဆက်နွယ်မှုတွေအချိတ်အဆက်တွေကိုတွေ့မြင်လာရမှာပါ။ ချစ်စရာ၊ကြည်နူးစရာ ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.3GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌alias
movie

Ikaw At Ako (2023)

You and Me / Ikaw At Ako (2023) 6.8
You and Me / Ikaw At Ako (2023) You and Me (2023)ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်...Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. ...
movie

You and Me / Ikaw At Ako (2023)

2023
Dearly Beloved (2024) 5.5
Dearly Beloved (2024)  လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်းများစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းကအသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့Dearly Beloved ပဲဖြစ်ပါတယ်။ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကိုအတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့်နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက်လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေးတစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကိုလက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီးပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေအတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar ...
movie

Dearly Beloved (2024)

Penduko (2023) 6.0
Penduko (2023)  ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင်ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကားဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကိုမီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကိုဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီကသဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ်တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကိုမုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီးဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာတွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီးအောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။  File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Penduko (2023)

[18+] Sandwich (2023) 8.1
[18+] Sandwich (2023) Sandwich (2023)~ IMDb rating - 8.1/10 ~ကိုဗစ် ၁၉ ကပ်ဘေးကမ္ဘာပေါ်ကို ပထမဆုံးကျရောက်လာတဲ့အချိန်၊ ကိုဗစ်ဆိုတာ၊ လော့ဒေါင်းဆိုတာ၊ ခပ်ခွာခွာနေဖို့ဆိုတာ ဘာရယ်ဆိုတာ လူတွေသေချာမသိရခင်ကာလလေးကို အခြေခံထားတာပါ။ဖိလစ်ပိုင်မှာ ကိုဗစ်ကြောင့် လော့ဒေါင်းတွေချဖို့ တစ်ရက်အလို အဆင့်မြင့် တိုက်ခန်းတွဲတစ်ခုမှာနေထိုင်တဲ့ လင်မယားနှစ်ယောက် သူတို့ရဲ့ရိုးအီနေတဲ့ အိမ်ထောင်ရေးကနေ အသစ်အဆန်းလေးထွက်ပေါက်ရှာဖို့ သရီးဆမ်းကြမယ်ဆိုပြီး ကောင်မလေးတစ်ယောက်ကို ဖိတ်ခေါ်ကြရာကနေစပါတယ်။ ကောင်မလေးနဲ့သုံးယောက် ဆက်ဆံရာမှာ အဆင်မပြေဖြစ်သွားရာကနေ အခဲမကျေသေးတဲ့ သူ့အမျိုးသားဟာ ဒီတစ်ခါတော့ ယောက်ျားတစ်ယောက်ကိုခေါ်ဖို့စိတ်ကူးရသွားပါတယ်။ရှေ့က မိန်းကလေးနဲ့မှာ လပေါင်းများစွာအချိန်ယူ အစီအစဉ်ချထားတာမှန်ပေမဲ့ အခုလိုအပြင်လောကမှာ လော့ဒေါင်းကိစ္စကြောင့် လူတွေရုန်းရန်းဆန်ခတ်ဖြစ်နေတဲ့အတွက် သူတို့ခေါ်ယူမယ့်လူဟာ ကြုံရာလူပဲဖြစ်နိုင်တော့မှာ အသေအချာပါ။ အဲဒီအချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့သူကတော့ သူတို့တိုက်ခန်းကို တစ်ဖက်ကနေ မှန်ဘီလူးနဲ့ချောင်းကြည့် အာသာဖြေတတ်တဲ့ သူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...နာမည်နဲ့လိုက်အောင် သုံးထပ်ကိတ်ဖုတ်တဲ့ကိစ္စကိုပဲ အခြေခံထားတာဖြစ်ပြီး တစ်ကားလုံးကိုလည်း ဒီအကြောင်းအရာပေါ်မှာပဲ အခြေပြုတည်ဆောက်သွားတာဖြစ်ပါတယ်။ သုံးထပ်ကိတ်လေးကို မြည်းစမ်းကြည့်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ...
movie

[18+] Sandwich (2023)

2023
[18+]Sapul (2023)
[18+]Sapul (2023) အီစီဒရိုက ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရှီလာဆိုတဲ့ ဇနီးချောလေးနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီစီဒရိုရဲ့ဖောက်ပြန်မှုကြောင့် အိမ်ထောင်ရေးပြိုကွဲသွားတဲ့နောက် ရှီလာဟာ သူ့အမေဆီပြန်သွားခဲ့ပြီး အီစီဒရို ဘယ်လိုတောင်းပန်ပါစေပြန်လက်မခံတော့ပါဘူး။ အီစီဒရိုကတော့ နောင်တတွေတပွေ့တပိုက်နဲ့ အရက်သမားကြီးလုံးလုံးဖြစ်သွားခဲ့ပြီး စခန်းမှူးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဘယ်လိုပဲ ဆုံးမဖျောင့်ဖျပါစေမထူးဇာတ်လင်းနေခဲ့ပါတယ်။ အဲ့ဒီလိုတစ်ဖြည်းဖြည်းနဲ့လုံးပါးပါးလာရင်း မခံနိုင်တော့တဲ့အဆုံးစခန်းကလုပ်ဖော်ကိုင်ဖက် တစ်ဦးကို သေနတ်နဲ့ချိန်ခြိမ်းခြောက်ပြီး သူ့ဇနီးကို အတင်းအကျပ်ခေါ်ပေးဖို့တောင်းဆိုပါတော့တယ်။ ဒီဖြစ်ရပ်အထိ ဘယ်လိုအရာတွေက သူ့ကိုတွန်းပို့ခဲ့သလဲ? ဒီဖြစ်ရပ်ရဲ့နောက် သူတို့ဝန်းကျင်က ဘယ်သူတွေရဲ့ဘဝတွေကိုဂယက်တွေ ရိုက်ခတ်လာမလဲဆိုတာကို ဆက်လက်ရှုစားကြရမှာပါ။File size…1.41GB / 675MB Quality…1080p WEB DL  / 720p Format…mp4 Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Alias
movie

[18+]Sapul (2023)

2023
LiveScream (2022) 5.4
LiveScream (2022) LiveScream (2022)နာမည်ကျော် Vivamax ကလူတွေပဲ ထပ်စကေးပြထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပေါ့ဗျာ။ သူက Saw တို့ ဘာတို့လို Escape Room ရုပ်ရှင်ပုံစံမျိုးရိုက်ပြထားတယ်။ ဒါပေမဲ့ ဆန်းတာက သူက ဒါကို ယူကျူ့လိုနေရာမှာ ပေါက်ပန်းဈေးဗီဒီယိုတွေတင်၊ လိုက်ဖ်ရှာ၊ ဖော်လိုဝါရှာတဲ့ လုပ်စားတစ်ကောင်ကို ဇာတ်လိုက်ထားထားတယ်။ အဲဒီကောင်က သူဖော်လိုဝါရဖို့ လိမ်ထားသမျှအလိမ်တွေအတွက် အပြစ်ခံရတဲ့သဘောပေါ့။ ဒါကိုမှ ခပ်ဆန်းဆန်းဖြစ်အောင် လိင်ဆက်ဆံခန်းတွေ လိင်ပိုင်းဆိုင်ရာနဲ့ Escape ဖြစ်အောင်လုပ်ရတဲ့အခန်းတွေက အဆစ်ပါသေးတယ်။ တစ်ချို့အခန်းတွေလည်း ကျောချမ်းဖို့တော့ ကောင်းပါတယ်။Saw လိုပုံစံမျိုးကိုမှ ခေတ်ရေစီးကြောင်းက အဖြစ်တွေကို အသားပေးထားတော့ တစ်မျိုးတစ်ဖုံတော့ ကြည့်ကောင်းပေမဲ့ ဒီရုပ်ရှင်ဟာ အရမ်းကြမ်းတာကြိုက်တဲ့လူတွေအတွက်မဟုတ်သလို အသည်းငယ်တတ်တဲ့လူတွေအတွက်လည်း မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.2GB, 540MB Quality - 1080p, 720p IMDb Rating - 5.4/10 Format ...
movie

LiveScream (2022)

2022
Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018