Channel Myanmar

Phillip Andre Botello

A Killer in the House (2024)
A Killer in the House (2024)  လီယိုက ဆိုက်ကိုဖြစ်နေတဲ့ stalker တစ်ယောက်ပါ။ လူသတ်ဖို့လည်း လက်မရွံ့သလို စိတ်ရူးပေါက်တိုင်း လုပ်ချင်တာတွေ လျှောက်လုပ်နေတဲ့သူဆိုလည်း မမှားပါဘူး။ အဲဒီလို သူ့မျက်လုံးထဲ တခြားသူတွေနဲ့မတူအောင် အလှဆုံးမိန်းကလေးတစ်ယောက်အဖြစ် ဝင်လာသူကတော့ အေဗာပဲ ဖြစ်ပါတယ်။အေဗာက မင်းသမီးဖြစ်ချင်လို့ လူရွေးပွဲတွေလိုက်ဖြေပြီး သရုပ်ဆောင်ဖြစ်ရဖို့ ကြိုးစားနေသူပါ။ သူက ရုပ်ရည်လေးကလည်းရှိသူမို့ အခန်းဖော်သူငယ်ချင်း အမြောက်ကောင်းမှုကြောင့် သူ့အနားကပ်လာတဲ့ ယောက်ျားလေးတွေနဲ့လည်း မကြာခဏ တွဲဖြစ်ပါတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ သူ့ဘဝထဲ ဆိုက်ကို stalker လီယိုက သူ့လမ်းမှာ ရှုပ်နေတဲ့လူတွေကို ရှင်းထုတ်ဖို့အကြံနဲ့ ဝင်ရောက်လာခဲ့ချိန်မှာတော့.. File size…(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily
movie

A Killer in the House (2024)

The Legend of Catclaws Mountain (2024) 5.5
The Legend of Catclaws Mountain (2024)  ချန်နယ်မြန်မာပရိတ်သတ်ကြီး ခုတခေါက်ကြည့်ရှူရမှာကတော့ ၂၀၂၄ မှထွက်ရှိထားတဲ့ကြောင်လက်သည်းတောင်ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ပေါ့ပေါ့ပါးပါးကလေးပုံပြင်လိုဇာတ်လမ်းသွားမျိုးလေးဖြစ်ပါတယ် နယ်မြို့လေးမှာနိစ္စဓူဝပုံမှန်ဘဝထဲမှာပဲ အသားကျနေတဲ့ မင်ဒီတို့မိသားစုမှာ မင်ဒီကတော့အများနဲ့မတူပဲ သူကတစ်ခုခုထူးခြားတာတွေကိုလုပ်ဖို့အတွက်မွေးဖွားလာတာလို့ယုံကြည်နေပါတယ်..ဇာတ်လမ်းအစမှာတော့ မမျှော်လင့်ပဲ သူတို့ရဲ့အဖေအိမ်ထောင်ဦးစီးရဲ့ ပန်းခြံကပိတ်ရတော့မဲ့ အနေအထားကိုကြုံလာပါတယ် ငွေကြေးအခက်အခဲကြောင့် ရေကြည်ရာမြက်နုရာ အလုပ်ပြောင်းတဲ့နေရာကိုရွှေ့ရတော့မလိုဖြစ်နေချိန်မှာ မင်ဒီဟာ ထူးခြားတဲ့ ယူနီကွန်းလိုစွတ်စွတ်ဖြူဖွေးနေတဲ့ မြင်းပုလေးတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ် ဒီနယ်တစ်ဝိုက်မှာ တစ်နေ့ကျရင်မြင်းပုလေးတစ်ကောင်ကထိုက်တန်တဲ့သူကို ကြောင်လက်သည်းတောင်မှာဖွက်ထားတဲ့ ရွှေတွေဆီကိုလမ်းပြပေးလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေကလည်းနာမည်ကြီးနေတာမလို့ မင်ဒီကတော့ ဒီမြင်းပုလေးကိုထူးခြားတဲ့မြင်းပုလေးလို့ထင်မှတ်လိုက်ပါပြီ ဒါပေမဲ့ကလေးပဲရှိသေးတဲ့ မင်ဒီတစ်ယောက် သူထင်ရာမြင်ရာကလေးအတွေးတွေပဲတွေးနေတာလားတကယ်ဆိုရင်ရောတောကြီးမျက်မည်းထဲကရွှေတွေဆီကိုဘယ်လိုများသွားနိုင်မှာလဲ ပြီးတော့ရွှေဆိုရင်ငမ်းငမ်းတက်မက်မောကြတဲ့ လူတို့သဘာဝအတိုင်း သွေးနံ့ရလို့ဝိုင်းလာတဲ့ငါးမန်းလိုလူတွေကိုရောသူတို့ဘယ်လိုများရင်ဆိုင်ရမလဲကို ပေါ့ပေါ့ပါးပါးကြည့်ရှူနိုင်မှာပါ  File size…2.88GB / 1.24GB Quality…WEB-DL 1080p  5.1CH / 720p Format…mp4 Duration….1h 44m Genre …..Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Legend of Catclaws Mountain (2024)

Model House (2024) 4.8
Model House (2024) Model House (2024) ================Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.17 GB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Model House (2024)

2024
Planetquake (2024)
Planetquake (2024) 2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ဇာတ်လမ်းက အခုမှစမှာပါ။နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ ...
movie

Planetquake (2024)

All Jacked Up and Full of Worms (2022)
All Jacked Up and Full of Worms (2022) (အဖော်အချွတ်ခန်း ကိုယ်လုံးတီးများ သွေးထွက်သံယို ရွံစရာ ပြကွက်များနှင့် အကောင်ပလောင်များ ပါဝင်သောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ။)ဇာတ်လမ်းက ပြောရမယ်ဆို ဘာပြောရမှန်းတောင် မသိပါဘူး။ တီကောင်တွေကို စိတ်ကြွထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး မူးယစ်ဆေးအနေနဲ့လုပ်ပြီး သုံးစွဲနေကြတာက အဓိကပေါ့နော်။အဲဒီမှာ ချစ်သူဖြစ်တဲ့ကောင်မလေးက ဟစ်ပီဆေးတွေ ချခိုင်းပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ဘဲပါမယ်။ နောက်ပြီးတော့ ကလေးလိုချင်တယ်ဆိုပြီး ပရမ်းပတာ အရုပ်ကြီးတွေဝယ် ကလေးရူး ရူးနေတဲ့ ဝတုတ်ကြီးတစ်ယောက် ရှိမယ်။ အူကြောင်ကြောင် တီဗီအစီအစဉ်တွေ ကြည့်ပြီး ဂေါက်သီးထ တီကောင်တွေကျွေးနေတဲ့ ပြည့်တန်ဆာမ တစ်ယောက်ရှိမယ်။ လမ်းမပေါ်တင် ဖြစ်ချင်ရာဖြစ် သောင်းကျန်းချင်ရာ သောင်းကျန်းနေတဲ့ အာရှသူတစ်ယောက်နဲ့ ဂျိုကာလို လူပြက်တို့ စုံတွဲတစ်တွဲလည်း ရှိမယ်။ဒီလူတွေအားလုံးက ဒီလို ရွံစရာကောင်းတဲ့ တီကောင်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရှုပ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ File size…(1.6 GB)/(854 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:12:00 Genre...Comedy, Horror Subtitle….Myanmar ...
movie

All Jacked Up and Full of Worms (2022)

The Night They Came Home (2024)
The Night They Came Home (2024) The Night They Came Home (2024)(function(f,b,n,j,x,e){})();အခုတစ်ခါမှာတော့ အမေရိကရဲ့ OG ဇာတ်လမ်းလေးတစ်ပုဒ်ရောက်ရှိလို့လာပါပြီ။ ဒီ "The Night They Came Home" ဆိုတဲ့ ဇာတ်လမ်းကို ၁၉ ရာစုအချိန် ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်းဒီးယန်းတွေရယ် ယနေ့ခေတ်အမေရိကန်တွေဖြစ်ကြတဲ့ လူဖြူတိုင်းရင်းသားတို့ရယ် မြေပုံပေါ် နယ်နိမိတ်ချင်းလုနေကြတဲ့အချိန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ့် မင်းသားကြီး Danny Trejo ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေက ကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊ အင်းဒီးယန်းခရစ်ယာန်စာသင်‌ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့ လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ...
movie

The Night They Came Home (2024)

2024
Funny People(2009) 7.0
Funny People(2009) Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie

Funny People(2009)

Weekend Warriors (2021) 4.9
Weekend Warriors (2021) Weekend Warriors (2021)==================ဖခင်ဖြစ်သူကိုဆုံးရှုံးထားရပြီး မိခင်ဖြစ်သူ ညီမဖြစ်သူနဲ့နေနေရတဲ့ ဆယ်ကျော်သယ်ကျောင်းသားလေး စကော့တီ...ကျောင်းမှာလည်း သူငယ်ချင်းဆိုတာမရှိ အားလပ်ချိန်တွေမှာလည်းအခန်းထဲပဲအောင်း နေတဲ့သူက ကျောင်းပိတ်ရက်တစ်ရက်မှာစိတ်ပြေလက်ပျောက် အဖိုး အဖွားဆီသွားချင်လို့ မိခင်ကိုပူဆာပါတော့တယ်။ ဒီလိုမိခင်က ဦးလေး ဖြစ်သူကိုဖုန်းဆက်ခေါ်ပြီး သူတို့ကိုဦးလေးနဲ့အတူထည့်ပေးလိုက်ပါတယ်။ ကျောင်းပိတ်ရက်လေးမှာ အေးအေးဆေးဆေးအပန်းဖြေဖို့စိတ်ကူးထားတဲ့ စကော့တီအတွက် မထင်မှတ်ထားတဲ့အလှည့်အပြောင်းကဖြစ်လာပြီး အသက်လုပြေးရတဲ့ကျောင်းပိတ်ရက်ဖြစ်သွားပါတော့တယ်။ ဒီဇာတ်ကား လေးကတော့ စကော့တီနဲ့ညီမဖြစ်သူတို့ရဲ့စွန့်စားခန်းတွေကိုအသားပေး ရိုက်ကူးထားတာဆိုတော့ ကလေးစွန့်စားခန်းကားလေးလို့ပြောရမလိုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.93 GB) / (906 MB) / (618 MB) Quality – WebDL 1080p / 720p/480p Duration - 1h 33mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Thriller Translator – Chit Tee Encoder – SWM
movie

Weekend Warriors (2021)

2021
Mermaid Down (2019) 6.6
Mermaid Down (2019)  ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်…သူတို့ဟာသာမာန် ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်းလူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်….စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာအဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီးအဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ…??စိတ်ရောဂါကုဆေးရုံမှာ ရှိနေတဲ့ စိတ်ဝေဒနာသည်မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီးအစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကိုရေသူမဆိုတာလည်းမယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်…သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ…ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် File Size : ( 884 MB , 325 MB) Quality : WEBRip 720p Running ...
movie

Mermaid Down (2019)

The Art of Self-Defense (2019) 7.0
The Art of Self-Defense (2019) ဒါကတော့ 2019ရဲ့ Drama/Thriller ကားကောင်းလေးတစ်ကားပါ။ဒီကားထဲမှာတော့ Jeese Eisenbergကို ခါတိုင်းလို ယုံကြည်မှုတွေပြည့်ဝနေတဲ့ဆရာကြီးတစ်ယောက်အဖြစ်မြင်တွေ့ရမှာမဟုတ်ဘဲကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိ ကျားကျားယားယားမရှိတုံ့ဆိုင်းပြီးအားနည်းနေတဲ့ ကေဆီ(နာမည်ကိုကမိန်းမနာမည်နဲ့)အဖြစ်တွေ့ရမှာပါ။တစ်ညမှာ ကေဆီတစ်ယောက် ခွေးစာသွားဝယ်ရင်းလုယက်ခံရတာနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ကရာတေးသင်ပါတော့တယ်။ကရာတေးကိုအရမ်းကိုရူးသွားပြီး ကရာတေးနည်းပြကသူ့ကိုအာရုံစိုက်လာတဲ့အခါမှာတော့ ...ကြည့်နေရင်းနဲ့ Thrillerပါတယ်သာပြောတယ်ခုထိဘာမှမဖြစ်ပါလားတွေးနေရင်း တစ်ချက်တစ်ချက်ထထပြီးwtf manတွေဖြစ်ကုန်ပါတယ်။ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ Rattingတွေလည်းကောင်းပြီးJeeseပါဝင်သရုပ်ဆောင်ထားတဲ့ မိမိကိုယ်ကိုကာကွယ်ခြင်းအနုပညာဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ File Size : ( 1GB , 345 MB)Quality :  BluRay 720pRunning Time : 1 hr 44 minFormat : Mp4Genre : Comedy , Crime , Drama Subtitle ...
movie

The Art of Self-Defense (2019)

2019
Pledge (2018) 6.8
Pledge (2018) ခရစ်​တီးရီးယားဆိုတာ ​ရှေး​ခေတ်​ဂရိနိုင်​ငံ စပါတာမြို့ကလူငယ်​စပါတန်​စစ်​သည်​​တွေကို​​ ​လေ့ကျင့်​​ပျိုး​ထောင်​​ပေးတဲ့ အဖွဲ့အစည်းတစ်​ခုဖြစ်​ပါတယ်​အဲဒီနာမည်​ကိုယူုပြီး ၁၈၅၂ခုနှစ်​မှာ နိုင်​ငံ​ရေးသမား​တွေချမ်းသာတဲ့စက်​မှုလုပ်​ငန်းရှင်​​တွေနဲ့ နယ်​ပယ်​အသီးသီးကလွှမ်းမိုးချုပ်​ကိုင်​နိုင်​သူ​တွေပါဝင်​တဲ့ ခရစ်​တီးရီးယားလျှို့ဝှက်​အဖွဲ့အစည်းကိုပြန်​လည်​တည်​​ထောင်​ခဲ့ပါတယ်​ရည်​ရွယ်​ချက်​က​တော့ လူမဆန်​​အောင်​ရက်​စက်​ပြီး ပြတ်​ပြတ်​သားသားဆုံးဖြတ်​တတ်​တဲ့လူသတ်​သမား​တွေကို​မွေးထုတ်​ဖို့ပါအဲဒီလိုလူမျိုးတွေနဲ့သွားပတ်​သတ်​မိတဲ့ကျောင်းသား သုံးယောက်​ရဲ့အဆုံးသတ်​ဟာ ဘယ်​လိုဖြစ်​မလဲ.....လူငယ်​ဆိုတာ အပျော်​ကြိုက်​တတ်​ပါတယ်​ အထူးသဖြင့်​ လူပျိုဖော်​ဝင်​ကာစ ကောလိပ်​ကျောင်းသားအရွယ်​ဟာပါတီပွဲတွေ ကောင်​မလေးချောချောတွေအပျော်​အပါးတွေကို မြည်းစမ်းကြည့်​ချင်​ကြတယ်​သူတို့ သုံးယောက်​ကိုတော့ ဘယ်​ပါတီပွဲကမှ လက်​မခံသလိုဘယ်​မိန်းကလေးကမှလည်း စိတ်​မ၀င်​စားခဲ့ကြပါဘူးကျောင်းသားသစ်​တွေ ဖြစ်​တာကြောင့်​ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတစ်​ခုမှာ ပါဝင်​ဖို့ကိုဘယ်​သူမှ မကြိုဆိုကြဘူးဒါပေမဲ့ ဆန်းကျယ်​စွာပဲ အရမ်းလှတဲ့ကောင်​မလေးတစ်​ယောက်​ကမြို့ပြင်​က ရှေးဟောင်းအိမ်​ကြီးမှာကျင်းပတဲ့ ပါတီပွဲကို လာဖို့ဖိတ်​ကြားခံခဲ့ရတယ်​အဲ့ဒီအိမ်​ကြီးထဲက ပါတီပွဲက သူတို့ရဲ့ဆန္ဒတွေကို ဖြည့်​ဆည်းပေးနိုင်​ပါ့မလား.....ရက်​စက်​မှု​တွေ လှည့်​ကွက်​​တွေနဲ့ ရင်​တထိတ်​ထိတ်​ကြည့်​ရမယ့်​ရုပ်​ရှင်​မျိုးကို နှစ်​သက်​သူဆိုရင်​​တော့ ဒီကားလေးကို ...
movie

Pledge (2018)

2018