Channel Myanmar

Philippe Le Dem

The Lover (1992)
The Lover (1992) The Lover (1992) IMDb: 6.8/10 Genre: Biography, Drama, Romanceerotic romantic drama ဖြစ်တာကြောင့် လှပလွန်းတဲ့ အနုစိတ်ရိုက်ချက်တွေနဲ့ ဗလာကျင်းအခန်းတွေ အများကြီးပါတာမို့ အသက်မပြည့်သေးတဲ့သူတွေ မကြည့်မိဖို့ မိသားစုနဲ့အတူမကြည့်မိဖို့တို့ သတိလေးချပ်စေချင်ပါတယ်။ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်နေဆဲ ကာလတုန်းကပေါ့ ...ဗီယက်နမ်မှာပဲ အခြေချနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အခြေမွဲအနေမွဲ ပြင်သစ်ကျောင်းသူလေးတစ်ဦးဟာ တရုတ်လူမျိုး ကြေးရတတ်‌အမျိုးသားတစ်ဦးနဲ့ ငြိစွန်းခဲ့ကြပါတယ်။တရုတ်ဆိုတာ အထင်သေးစရာ လူမျိုးတစ်ခုအနေနဲ့ မြင်တဲ့ လူမျိုးစုပြဿနာကို လက်ကိုင်ထားတဲ့ ပြင်သစ်မိသားစုက တစ်ဖက်၊ လူဖြူဖြစ်တယ်ဆိုတဲ့ မဆိုစလောက်ဂုဏ်ကလေးပိုက်ပြီး သွေးကြီးနေသလောက် ကုန်းကောက်စရာမရှိတဲ့ ဥရောပမိသားစုကို အထင်ကိုမကြီးတဲ့ တရုတ်ဖခင်ကြီးက တစ်ဖက်နဲ့ ရှေ့ဆက်စရာမရှိမှန်း ကိုယ်စီသိပြီးသား အခြေအနေတစ်ရပ်မှာ နှစ်ကိုယ်တူအိပ်မက်ဆိုတာကို မရှိသလိုသဘောထားပြီး ပစ္စုပ္ပန်မှာပဲ အာရုံပြုလို့ ရမ္မက်မီးပွားတွေကိုသာ အစွမ်းကုန်လောင်ကျွမ်းစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ ပြင်သစ်စာရေးဆရာမ Marguerite Duras ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တာကြောင့် ...
movie

The Lover (1992)

Mesrine: Public Enemy #1 (2008) 7.4
Mesrine: Public Enemy #1 (2008)  Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie

Mesrine: Public Enemy #1 (2008)