Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Philip V. Bruenn
4.7
The Outsider (2019)
Western Vibe အပြည့်ပါတဲ့ဇာတ်ကားတွေထဲကမှ The Outsider ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မီးရထားလမ်းဖောက်လုပ်ရေးက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဂျင်းဖန်းဂ်တို့ ဇနီးမောင်နှံဘဝထဲကိုမမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးတစ်ခု ဝင်ရောက်လာပုံနဲ့ စတင်ထားပါတယ်။မပြောပလောက်တဲ့ အချင်းဖြစ်ပွားမှုလေးတစ်ခုကြောင့် ဂျင်းဖန်းဂ်ကို ဥပဒေဘက်တော်သားအမည်ခံအာဏာအလွဲသုံးစားသူ ဂျိမ်းစ်ဝေါ်ကာက မတရားဖမ်းဆီးပြီး ဇနီးဖြစ်သူကို ထိုညမှာပဲ မတော်တရားကြံဖို့ ကြိုးစားခဲ့ပါတယ်.။ဂျင်း အနေနဲ့ ထောင်ထဲကနေ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူဆီ လာခဲ့ပေမယ့်လီဖန်းဂ်ရဲ့ အလောင်းကသာ ကြိုဆိုနေခဲ့ပါတယ်။အဆုံးစွန်အထိ ဖိနှိပ်မှုနဲ့တွန်းအားတွေကြောင့် ဂျင်းဖန်းဂ်လို သာမန်မီးရထားအလုပ်သမားလေးတစ်ယောက်ဟာလည်း မာရှယ်ဝေါ်ကာ နဲ့သား ဂျိမ်းစ်ဝေါ်ကာတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပါပြီ။သားရဲ့အမှားတစ်ခုကို ဖုံးဖိဖို့ကြံစည်ကာ ဂျင်းရဲ့နောက်ကို ခြေရာခံအမဲလိုက်ဖို့ မာရှယ် စေလွှတ်သမျှလူတွေဟာလည်း "The Hunters become Hunted" ဆိုသလိုပဲ လက်တုံ့ပြန်ချင်စိတ်ကသာ ထိန်းချုပ်နေသူ၊ ဆုံးရှုံးစရာမရှိတော့သူဖြစ်တဲ့ "The Chinaman" ဂျင်းဖန်းဂ်ရဲ့ သားကောင်သာ ဖြစ်လာခဲ့ပါတယ်။စကားတွေရှည်ရှည်ဝေးဝေးပြောမနေဘဲ သေနတ်နဲ့သာ ဖြေရှင်းကြတဲ့ Guns Blazing Action ဇာတ်ကားလေးတစ်ကားကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။File size… 886 MB / 383 MB Quality… WEB-DL 1080p / 720p Format… ...
movie
The Outsider (2019)
6.4
Monstrous (2022)
'လော်ရာ'နဲ့ သားဖြစ်သူ'ကိုဒီ'တို့ဟာ ခင်ပွန်းဖြစ်သူ စကော့တ်ရဲ့ နှိပ်စက်မှုဒဏ်ကို မခံစားနိုင်တော့လို့ ကယ်လီဖိုးနီးယားကို သားအမိ၂ယောက်တည်းထွက်ပြေးလာကြပြီး မြို့ပြင်က အိမ်ဟောင်းတစ်လုံးမှာ ဇာတ်မြုပ်ပြီး နေထိုင်နေကြတာပါ၊သူတို့ငှားရမ်းနေတဲ့အိမ်ကြီးရဲ့ ဘေးမှာတော့ ရေကန်ကြီးတစ်ခုရှိပါတယ်၊ ကိုဒီက အဲဒီအိမ်ကို စပြီးရောက်ကတည်းက စိတ်မသန့်ကြောင်း၊ရေကန်ထဲက သရဲတစ်ကောင် သူ့အခန်းထဲဝင်လာနေလို့ အိမ်ပဲပြန်ချင်ကြောင်း အခါခါပြောပေမယ့် ခင်ပွန်းရန်ကို ပိုကြောက်တဲ့ လော်ရာက သားဖြစ်သူပြောတဲ့ မူမမှန်မှု တွေကို သိသိလျက်နဲ့ ပေကပ်ပြီးနေခဲ့ရာမှ အရာရာနောက်ကျသွားပြီး 'ကိုဒီ'အဖို့ ရှောင်လွှဲလို့မရနိုင်တော့တဲ့ အန္တရာယ်ဆိုးကြီး ရောက်လာတဲ့အခါ...ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ကြရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:28:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
movie
Monstrous (2022)