Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Philip Boyd
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
5.5
On a Wing and a Prayer (2022)
On a Wing and a Prayer (2022)ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ ...
movie
On a Wing and a Prayer (2022)
2022
7.3
First Man (2018)
First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie
First Man (2018)
2018