Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Phil Proctor
8.2
Inside Out (2015)
ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie
Inside Out (2015)
2015
4K HEVC
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
7.9
Toy Story 2 (1999)
ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie
Toy Story 2 (1999)
1999
4K HEVC
8.3
Toy Story (1995)
ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲတွေရဲ့ ပထမဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်တော်တို့ ချစ်ရတဲ့ကောင်းဘွိုင်လေးဝူဒီတို့တသိုက်နဲ့ အာကာသရိန်းဂျားကြီးဘတ်ဇ် စတွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အန်ဒီဆိုတဲ့ ကောင်လေးရဲ့ အရုပ်တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ မွေးနေ့ပွဲလို ခရစ္စမတ်လို နေ့တွေ ရောက်တိုင်း လက်ဆောင်တွေထဲမှာ သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်တွေ ရောက်လာမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်တွေကြောင့် အန်ဒီ သူတို့ကိုအချစ်လျော့သွားမှာကို စိုးရိမ်နေကြတာပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့မွေးနေ့တစ်ခုအရောက်မှာ သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ရောက်လာပါတော့တယ်။အဲဒါကတော့ နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ် လိုက်ရီးယားပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ထုံးစံအတိုင်း အန်ဒီက အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသဘောကျနေတဲ့အချိန် အရင်က အန်ဒီအကြိုက်ဆုံးအရုပ်လေး ဖြစ်ခဲ့တဲ့ ကောင်းဘွိုင်လေးဝူဒီက ဘတ်ဇ်ကို မကျေမနပ်ဖြစ်ရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။နေရာလုဘက် ဖြစ်နေတဲ့ သူတို့၂ယောက်ကို ဘယ်လိုကိစ္စမျိုးက နားလည်မှုရသွားစေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို မတည့်တဲ့ကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်းရိုင်းပင်းပြီး ကူညီဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 1.9GB / 976MB Quality…4k HEVC / WEB DL 1080p ...
movie
Toy Story (1995)
1995
4K HEVC
7.5
Ice Age (2002)
ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်တော်တို့ ချစ်ရတဲ့ ဇာတ်ကောင်တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီယေဂို၊ ဆစ်ဒနေ ဘော်ဒါသုံးယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံစေခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ကလေးတစ်ယောက်ပါပဲ။ဒီယေဂိုရဲ့ ကျားအုပ်က လူသားတွေကို တိုက်ခိုက်ရင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိခင်တစ်ယောက်နဲ့ ကလေးတစ်ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီးနောက်ကျန်ခဲ့တဲ့ လူမမယ်ကလေးလေးကို သူ့ဖခင်လူသားတွေဆီ ပြန်ပို့ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီယေဂိုရဲ့ခေါင်းဆောင်ကျားက အဲဒီကလေးကို အရှင်လတ်လတ်ပြန်ဖမ်းခေါ်လာဖို့ အမိန့်ပေးထားလို့ ဒီယေဂိုအနေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂ကောင်ကြား ဝင်ရောဖို့ ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေ၊ပဋိပက္ခတွေ ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါတော့တယ်။ File size… 4.2 GB / 1.6 GB / 837 MB Quality… Web-DL 4K HDR / 1080p / 720p Format… ...
movie
Ice Age (2002)
2002
4K HEVCHDR
5.6
Barnyard (2008)
Barnyard (2006) IMDb 5.6/10ကလေးတွေသဘောကျမဲ့barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ "Barnyard" ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 1.71 GB / 815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ...
movie
Barnyard (2008)
2006
5.4
Doctor Dolittle (1998)
Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie
Doctor Dolittle (1998)
1998
5.0
Cinderella II: Dreams Come True (2001)
Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရောထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် Iလောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီးစင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကိုပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ်ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကိုသူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲတွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ်ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမအန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန်တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / ...
movie
Cinderella II: Dreams Come True (2001)
6.6
Asterix & Obelix: Mission Cleopatra (2002)
Asterix & Obelix: Mission Cleopatra (2002)IMdb (6.6) / Rotten Tomatoes (86%)ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်...ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့...ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ...အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ...၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix ...
movie
Asterix & Obelix: Mission Cleopatra (2002)
2002
HEVC 1080p 5.1
8.5
The Lion King (1994)
The Lion King (1994) ================== IMDb - 8.5/10______Rotten - 94%Won 2 Oscars. Another 35 wins & 34 nominationsဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ.......File Size : 1.13GB / 584MB Duration : 1 hr 28 min Quality : ...
movie
The Lion King (1994)
5.5
Rugrats Go Wild (2003)
Rugrats Go Wild (2003)IMDb 5.5 အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲပင်လယ်ထဲရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီ းသင်္ဘောကတစ်စစီဖြစ်သွားပါတယ် အသက်ကယ်လှေလေးနဲ့လွတ်ရာလွတ်ကြောင်းပြေးရင်း ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ် ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲရောက်မသွားဘဲ လူသူမရှိတဲ့ကျွန်းပေါ်ရောက်သွားခဲ့တာပါ သားရဲတိရစ္ဆာန်တွေလည်းပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စုနဲ့လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ ချောချောမွေ့မွေ့နဲ့အိမ်ပြန်နိုင်မှာလား ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား ဆက်ကြည့်ရှုလိုက်ကြပါဦး File size…1.84GB / 930MB Quality…1080p BluRay AAC5.1CH / 720p Format…Myanmar Subtitle(Hard Sub) Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Rugrats Go Wild (2003)
2003
6.1
Rugrats in Paris: The Movie (2000)
Rugrats In Pairs 2000 IMDb 6.1 ဒီတစ်ခါတော့ ဒီကလေးတစ်သိုက်က တောထဲရော လူသူကင်းမဲ့တဲ့ကျွန်းပေါ်ပါရောက်သွားတာမျိုးမဟုတ်ဘဲ ပဲရစ်မြို့ကြီးကိုရောက်သွားတာပါ အလုပ်မှာအမှားဖြစ်သွားတာကြောင့် ReptarLandရဲ့ တာဝန်ရှိသူက ချက်ကီရဲ့အဖေကိုလှမ်းခေါ်ပြီး အမှားပြင်ဆင်ခိုင်းပါတယ်ချက်ကီမှာအားလုံးသိကြတဲ့အတိုင်း အမေမရှိပါဘူး တခြားကလေးတွေလိုမိခင်ရဲ့နွေးထွေးကြင်နာမှုကိုမခံရဘဲ ဖခင်နဲ့ပဲကြီးပြင်းလာတဲ့ချက်ကီလေးတစ်ယောက်ပဲရစ်မြို့ကြီးမှာတစ်ယောက်တည်းအထီးကျန်နေရာက သူငယ်ချင်းတွေကကြည့်မနေနိုင်တော့ဘဲ မေမေသစ်ရှာပေးမယ်ဆိုပြီး အကောင်အထည်ဖော်ပါတော့တယ်ဖြစ်ချင်တော့ ReptarLandရဲ့ တာဝန်ရှိသူ ကိုကိုးကလည်းကလေးချစ်တဲ့အထက်အရာရှိကို သူလည်း ကလေးအဖေတစ်ယောက်နဲ့ယူတော့မှာဖြစ်ကြောင်းလိမ်လည်လိုက်ရာက အထက်လူကြီးကမင်္ဂလာပွဲအထိလာကြည့်ပြီးမှ လုပ်ငန်းတွေဆက်လက်တွဲသွားမယ်ဆိုပြီး ပြောလာတာကြောင့် အကြပ်ရိုက်နေချိန် ...တစ်ဖက်မှာလည်းမေမေသစ်လိုချင်နေတဲ့ချက်ကီနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ကလေးမချစ်တတ်တဲ့ကိုကိုးနဲ့ ချက်ကီတို့ကလေးတစ်သိုက်ရဲ့ ဗရုတ်ကျတဲ့အလွဲတွေနဲ့ ရယ်မောစရာကာတွန်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed by Yunni File size…1.7GB / 900MB Quality…1080p Bluray AAC 5.1Ch / 720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Rugrats in Paris: The Movie (2000)
2000
5.9
The Rugrats Movie (1998)
ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင် File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie
The Rugrats Movie (1998)
1998
6.4
Night at the Museum (2006)
Night At The Museum (2006) ~ IMDb Rating - 6.4/10 ~စားပွဲထိုးလေးတွေ ဆူညံပြေးလွှားနေတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ လယ်ရီ ဒဲလ်လေ နဲ့ ကျွန်တော်ဆုံတယ်။ ကိုယ်စီပြောစကားတွေနဲ့ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်လေးမှာ နံရံကပ်တီဗွီပေါ်က သူတို့ရဲ့ အမူအယာတွေ၊ စကားသံတွေ၊ လှုပ်ရှားသက်ဝင်မှုတွေကို အရမ်းအာရုံစိုက်ပြီး ကြည့်ခဲ့ရတယ်ပေါ့ဗျာ။ ဘာသာပြန်စာတန်းကလည်း သူစိတ်ပါတဲ့နေရာမှ ထ ထ ပေါ်လာတာဆိုတော့ ဟိုတစ်စ ဒီတစ်စ ပါပဲ။IMDb 6.4 ရယ်၊ Rotten Tomato 44% ရရှိထားပါတယ်။ ဟာသမင်းသားကြီး Ben Stiller က အဓိကသရုပ်ဆောင်ထားပါတယ်။ Box Office မှာ ၅၇၄.၅ သန်းပြန်လည်ရရှိပြီး ၂၀၀၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစု အပျော်ကြည့်လေးပေါ့။ အလုပ်လက်မဲ့တစ်ေယာက်၊ တီထွင်သူလိုလိုနဲ့ အိမ်ထောင်ကွဲ၊ သားတစ်ယောက်ကို ...
movie
Night at the Museum (2006)
2006
8.0
Aladdin (1992)
Alladin (1992)ပါရှန်း အာရပ် အိန္ဒိယ ဘဂ္ဂဒက်နဲ့ အိန္ဒိယပုံပြင်တွေရောနှောနေတဲ့ အာရေဘီယမ် နိုက်စ် လို့ခေါ်ကြတဲ့ ပုံပြင်ထဲ ပုံပြင်ဆင့်နေတဲ့ တစ်ထောင့်တစ်ညပုံပြင်တွေဟာ ၁၈ရာစုကတည်းက ကျော်ကြားခဲ့ပါတယ်။ မြန်မာဘာသာပြန်ဆိုရေးသားခဲ့သူတွေ ကလည်း ဒေါက်တာရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင်ဘသောင်းရယ် ကျော်လှိုင်ဦးရယ်လို့ သုံးဦးရှိပါတယ် ဒီပုံပြင်တွေ ဘယ်လိုကောင်းကြောင်းကိုတော့ ကျွန်တော် သခင်ဘသောင်းရဲ့ တစ်ထောင့်တစ်ညပုံပြင်များ အမှာစာကိုပဲ ကိုးကားပြောချင်ပါတယ်။ "တစ်ထောင့်တစ်ညပုံပြင်များသည် ဖတ်ရသည့်ခဏ၌ လောက၌ မိမိတို့လက်ငင်း ကြုံတွေ့နေရသော မသာာယာမှုအပေါင်းကို တစ်ခဏသော်မျှ ကင်းငြိမ်းစေနိုင်လိမ့်မည်။မသာယာသော တရားတို့ကင်းငြိမ်းသည့် ခဏသည် လောကနိဗ္ဗာန် မဟုတ်လော"လို့ရေးထားပါတယ်။ ဒီပုံပြင်တွေထဲက အာလာဒင်တို့ ဆင်းဘတ်တို့ အာလီဘာဘာနဲ့ခိုးသားလေးဆယ်တို့ကို ရုပ်ရှင်ကားပေါင်းများစွာ မှီငြမ်းရိုက်ခဲ့ပြီးပါပြီ။ ဒီရုပ်ရှင်ကတော့ တစ်ထောင့်တစ်ပုဒ်သောပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ အာလာဒင်ကို Disneyက version ပြောင်းပြီး သူ့ဟန်အတိုင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဆိုခဲ့သလိုပဲ 1992က ထွက်ခဲ့ပြီး ရော်ဘင်ဝီလီယျံ မီးခွက်စောင့်ဂျင်နီအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ဒီကာတွန်းရုပ်ရှင်မှာလည်း မူရင်းပုံပြင်ထက် မလျော့တဲ့ ရသကို ခံစားနိုင်ပါတယ်။ IMDB 8ရထားတဲ့အပြင် 1993မှာ အော်စကာ၂ဆု လည်းရထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 780 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__8/10 Format__mp4 Duration__01:30:39 Type__Animation, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated ...
movie
Aladdin (1992)
1992
7.2
A Bug’s Life (1998)
A Bug's Life (1998) IMDb - 7.2/10_____Rotten - 92% A Bug's Life ဆိုတဲ့ Animation ,နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb မှာလည်း 7.2 ရရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက ထွက်ခဲ့တဲ့ခုနှစ်က မြင်တဲ့အတိုင်းပါပဲ..ကြာခဲ့ပြီဖြစ်ပါတယ်...သို့ပေမယ့် ကြည့်ဖူးတဲ့သူတွေအတော်များများက ကောင်းတယ်လို့ညွှန်းတာရော IMDb..နဲ့ Rotten ကလည်း ဖျားချင်လောက်စရာကြီးဆိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ပုရွက်ဆိတ်များရဲ့ အချိန်တော်တော်များများဟာ အစာရှာနေရတာပါပဲ..အဓိက အစာရှာပေးရတာက နှံကောင်တွေအတွက်ပါပဲ.. အစဉ်အလာလိုဖြစ်နေတဲ့အပြင် နှံကောင်တွေကိုလည်း မတွန်းလှန်နိုင်တော့ ပုရွက်ဆိတ်အားလုံးဟာ အစာရှာပေးနေဆဲပါပဲ..။ .အစာကို နွှင်ရ သယ်ရ ဆိုတော့ အချိန်တွေလည်းအတော်ကုန်တယ်.. ဒါကို အသစ်အဆန်းတွေ တီထွင်ရတာကို ဝါသနာပါတဲ့ Flik ဆိုတဲ့ ပုရွက်ဆိတ်က ဖြေရှင်းဖို့ကြိုးစားတယ်... သို့ပေမယ့် သူဘာလုပ်လုပ် အကောင်းမမြင်ကြသလို သူလုပ်တာတွေကလည်း အလွဲလွဲအချော်ချော်တွေကြီးပဲ... တနေ့မှာတော့ Flik ကြောင့် ပုရွက်ဆိတ်တွေ ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. နှံကောင်တွေအတွက် ပေးရမယ့်အစာပမဏအတော်များများဟာ Flik ကြောင့်ပျောက်သွားလို့ပါ... ကိုင်း Flik တို့ ပုရွက်ဆိတ်တွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ ...
movie
A Bug’s Life (1998)
1998
7.3
Monsters University (2013)
A look at the relationship between Mike and Sulley during their days at Monsters Universitywhen they weren't necessarily the best of friends. (ဘာသာျပန္သူကေတာ့ Myat Noe Wutt Yi ပါ) File Size : (850 MB) and (370 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-CiNEFiLE Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Monsters University (2013)
2013
8.1
Monsters, Inc. (2001)
James Sullivan and Mike Wazowski are monstersthey earn their living scaring children and are the best in the business...even though they're more afraid of the children than they are of them.When a child accidentally enters their worldJames and Mike suddenly find that kids are not to be afraid of and they uncover a conspiracy that could threaten all children across ...
movie
Monsters, Inc. (2001)
2001