Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Phil Fondacaro
7.2
Willow(1988)
Willow (1988)Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာ ဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။ သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့ နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး ...
movie
Willow(1988)
8.3
Star Wars: Episode VI – Return of the Jedi (1983)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VI – Return of the Jedi (1983)
4K HEVC
5.1
Hellraiser: Bloodline (1996)
Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie
Hellraiser: Bloodline (1996)
1996
6.3
The Black Cauldron (1985)
Lloyd Alexander ရဲ့ The Chronicles of Prydain စာအုပ်တွဲကိုအခြေခံထားပြီးWalt Disney က 1985 မှာထုတ်ခဲ့တဲ့ ဒီကာတွန်းကားကတော့ပရီဒိန်းခေါ် ဗြိတိသျှကျွန်းပေါ်က Taran (ထာရန်) ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ထာရန်ဟာ စစ်သည်ဖြစ်ချင်တဲ့ ပရီဒိန်းက ဝက်ထိန်းသမားလေးတစ်ယောက်ဖြစ်ပြီးမကြာခင်မှာပဲ သူစောင့်ရှောက်ပေးနေတဲ့ ဝက်မလေးတစ်ကောင်ကအနာဂတ်ကိုပြောပြနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိလိုက်ရတယ်။အဲဒီစွမ်းအားတွေကို ယုတ်မာတဲ့ဦးချိုဘုရင်ကြီးက မကောင်းတဲ့စွမ်းအားတွေရှိတဲ့ဖွက်ထားတဲ့ အိုးနက်ကြီးကိုရှာဖို့လိုချင်နေတာပါ။ဒါကြောင့် ထာရန်ဟာတောအုပ်အစွန်းက အိမ်ငယ်လေးဆီဝက်လေးကိုဖွက်ဖို့သွားရင်း လက်တစ်ဝက်မှာ ဝက်လေးနဲ့မျက်ချေပြတ်သွားပြီးဝက်လေးကိုလိုက်ရှာရင်း ဦးချိုဘုရင်ကြီးရဲ့ရဲတိုက်ထဲမှာ အဖမ်းခံလိုက်ရပါတယ်။အဲဒီနောက်မှာ မိတ်ဆွေအသစ်တွေနဲ့တွေ့ပြီး စိတ်ကူးယဉ်ဆန်ပြီးအတွေ့အကြုံမရှိတဲ့ထာရန်ဟာ ဝက်လေးကိုကယ်နိုင်ပြီးဦးချိုဘုရင်ကြီးကို တားနိုင်မလားဆိုတာကတော့.... File size… 1.9 GB / 762 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... Animation , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
The Black Cauldron (1985)
1985
Something Wicked This Way Comes (1983)
Imdb rating 6.7/10 rotten tomatoes 59% ၁၉၆၂ ခုနှစ်မှာ စာအုပ်အဖြစ်အရင်ဆုံးထွက်ရှိ ခဲ့တာပဲဖြစ်ပြီးတော့ ၁၉၈၃ခုနှစ်မှာ walt disney ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကို ဒါိရီုက်တာ Jack Clayton က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ အော်စကာ၂ပိုင်ရှင် Jason Robardsအပြင် vidal peterson ၊ shawn carson နဲ့ Jonathan Pryce တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအသွားကတော့ ၁၃နှစ်အရွယ် အချစ်ဆုံးသူငယ်ချင်း၂ယောက်ဖြစ်တဲ့ ဂျင်မ်နိုက်ရှိဒ်နဲ့ ဝီလီယမ် ဟောလိုဝေးတို့က သူတို့နေထိုင်တဲ့အီလီနွိုက် ပြည်နယ် ဂရင်းမြို့ကို တစ်နေ့မှာရုတ်တရက် နယ်ပတ်ပျော်ပွဲရွှင်ပွဲ တစ်ခုကရောက်လာတဲ့အခါ သူတို့ရဲ့ အိမ်မက်ဆိုးဆန်တဲ့အဖြစ်အပျက်ကို သူတို့ ကြုံတွေ့ခဲ့ရတယ်။အဲ့ဒီ ပျော်ပွဲရွင်ပွဲမှာ ကြောက်စရာကောင်းတဲ့အရာတွေကို ရင်ဆိုင်ရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ အကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ Horror/Fantasyအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ သင်ဟာ disney ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ဒီကားလေးဟာ ...
movie
Something Wicked This Way Comes (1983)
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
6.6
The Polar Express (2004)
ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။IMDB Rating 6.6 ရှိပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး ...
movie
The Polar Express (2004)
2004