Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Phénix Brossard
6.7
Departure (2015)
Departure (2015) =============ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့ သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျ အပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကို ရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂ တွေ ကူရှင်းပေးတယ်။အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေး Clément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာက Elliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့ တာပါပဲ။ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသား Alex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့ sexuality ကို သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦးဇာတ် ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.13 GB) / (665 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie
Departure (2015)
2015
6.7
Narvik: Hitler’s First Defeat (2022)
Narvik: Hitler's First Defeat (2022)နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် ...
movie
Narvik: Hitler’s First Defeat (2022)
2022
5.9
Little Joe (2019)
ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးကCannes Best Actress Awardရထားပါတယ်။ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်ကအပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက်အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီးLittle Joeလို့နာမည်ပေးလိုက်တယ်။ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးကLittle Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲသူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင်တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့အခိုင်အမာပြောဆိုပါတယ်။Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့....ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်းအရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။...
movie
Little Joe (2019)