Channel Myanmar

Petra Zieser

Treasure (2023) 6.1
Treasure (2023)   ဒီရုပ်ရှင်လေးကတော့ ဖြစ်ရပ်မှန်ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ Edek Rothwax ကဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေရဲ့ နာမည်ကြီးအော့ခ်ျဝစ် အကျဉ်းထောင်ကနေ မသေလို့ ကံကောင်းထောက်မပြီး လွတ်လာခဲ့တယ်။သူဟာ အမေရိကန်မှာအခြေချပြီး ဘဝကို စိတ်ဒဏ်ရာတွေနဲ့နေထိုင်ခဲ့ကာသမီးလေးတစ်ယောက်ထွန်းကားခဲ့တယ်။သမီးဖြစ်သူ Ruth က ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူမ အဖေရဲ့ မွေးရပ်မြေ ပိုလန်နိုင်ငံကသူမအဖေ အမေတို့ရဲ့ ရှင်သန်ကြီးပျင်းခဲ့ရာနေရာကို သွားလည်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့ အဖေ နဲ့ သမီးတို့ နှစ်ယောက်သား ပိုလန်ခရီးစဉ်စတင်ခဲ့ပါတယ်။ဒီ ဇာတ်ကားလေးမှာတော့ ဂျာမန်လူသတ်စခန်းဆီက ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ ပိုလန်နိုင်ငံရဲ့ မှိုင်းပျခြောက်ကပ်တဲ့ ခံစားချက်တွေနဲ့ အဖေနဲ့သမီးရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတွေကိုခံစားရှုစားကြရမှာပါ။ဇာတ်လမ်းဇာတ်ကွက်က အေးအေးဆေးဆေးလေးပဲသွားထားပြီးစိတ်ထဲ တွေးရင်းတောရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်လေးထဲစီးမျောလိုက်ရအောင်လားခင်‌ဗျာ။  File size…1.61GB / 889MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Treasure (2023)

The Edukators (2004)
The Edukators (2004)  ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က "The Edukators" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့...ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ ...
movie

The Edukators (2004)

Blood & Gold (2023) 6.6
Blood & Gold (2023) Blood And Gold (2023)~ IMDb - 6.6/10, Rotten Tomatoes - 67% ~နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe ...
movie

Blood & Gold (2023)

2023