Channel Myanmar

Peter Tuinstra

Sniper 3 (2004) 5.5
Sniper 3 (2004)  အမေရိကန်မရိန်းတပ်ရဲ့ လက်အဖြောင့်ဆုံး စနိုက်ပါလူသတ်သမားမာစတာတပ်ကြပ်ကြီး Thomas Beckett ကို စစ်ဆင်ရေးတခုဆောင်ရွက်ဖို့ CIA က တာဝန်ပေးခဲ့ပါတယ်။သူ့ရဲ့မစ်ရှင်တာဝန်က ဟိုချီမင်းမြို့ရဲ့ အရက်စက်ဆုံးဒုစရိုက်မှောင်ခိုဂိုဏ်းချုပ်ကြီးကို ရှင်းပစ်ဖို့ပါ။ဒါပေမဲ့ အဲဒီ ဘိန်းမှောင်ခိုဆရာကြီးဟာ Beckett ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်နေတဲ့အပြင် သူနဲ့ အတူတူတာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ပြန်ဟောင်းတဦးဖြစ်နေတဲ့အခါမှာတော့သစ္စာတရားနဲ့ သစ္စာဖောက်မှုကြားက မျဉ်းပါးပါးလေးကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ၊ စီအိုင်အေက သူ့ကိုအသုံးချခဲ့တယ်ဆိုတာကို သိရှိသွားတဲ့အခါမှာ တကိုယ်တော်စွန့်စားမှုနဲ့အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ အမိုက်စားစောင့်ကြည့်ရမယ့် အက်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…1.92GB / 966MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Sniper 3 (2004)

The Railway Man(2013) 7.1
The Railway Man(2013) The Railway Man(2013)====================၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာအခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်းသေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကိုဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီးအချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။(ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / ...
movie

The Railway Man(2013)

Love Destiny: The Movie (2022) 6.8
Love Destiny: The Movie (2022) Love Destiny: The Movie (2022)အယုဒ္ဓခေတ်မှာသေကွဲကွဲခဲ့ရပေမယ့် အလယ်ခေတ်မှာလူပြန်ဝင်စားလာတဲ့ Bhop နဲ့ Gaysorn မှာ Bhop ကသာ အတိတ်ဘဝကချစ်သူဟောင်းကို ၁၀နှစ်လုံးလုံးအိပ်မက်ထဲမှာပြန်တွေ့ပြီး မှတ်မိနေခဲ့ပါတယ်။အိပ်မက်ထဲကမိန်းကလေးနဲ့တစ်ထပ်တည်းတူတဲ့ Gaysorn ကိုတွေ့လိုက်ရချိန်မှာတော့ Bhop တစ်ယောက် အနောက်ကတကောက်ကောက်လိုက်ရတဲ့အထိကို အရူးအမူးဖြစ်ပါတော့တယ်။Gaysorn ကတော့ ကံမကုန်တာတွေ ပြန်ဆုံတာတွေကိုမယုံတတ်တဲ့မိန်းကလေးပီပီ ခေတ်ဆန်ဆန်ဗန်းစကားလေးတွေညှပ်ညှပ်ပြီးပြောတတ်တဲ့ Mathus ဆိုတဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေပါတယ်။ Mathus ဆိုတာကတော့ အယုဒ္ဓယခေတ်ကမှတ်တမ်းစာအုပ်ထဲမှာပါတဲ့ ရှေ့ဖြစ်ဟောတမ်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုက်ညီနေတဲ့ လူထူးလူဆန်းလေးတစ်ယောက်ပေါ့။အနာဂတ်က Time traveler လေး Mathus ခမျာ ကံမကောင်းရှာတော့ ရှေးခေတ်စုံတွဲကြားညပ်ရတဲ့အပြင် နန်းတွင်းပုန်ကန်မှုအရှုပ်တော်ပုံထဲမှာပါ ခြေစုံပစ်လျက်သားဖြစ်ပါတော့တယ်။Cast အနေနဲ့ကလည်း My Ambulance Ost အဆိုတော်လေး P'Paris မို့လို့ ကြည့်ရတာအတော်လေး မျက်စိအားရှိစေမယ့် movie လေးပါနော်။(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi  က ရေးပေးထားပါတယ်။)File Size      ...
movie

Love Destiny: The Movie (2022)

2022