Channel Myanmar

Peter Stormare

Dylan Dog: Dead of Night (2010) 5.6
Dylan Dog: Dead of Night (2010) Dylan Dog (2010)ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး  ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့  သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ...
movie

Dylan Dog: Dead of Night (2010)

Bad Boys II (2003) Bad Boys 2 6.6
Bad Boys II (2003) Bad Boys 2 Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie

Bad Boys II (2003) Bad Boys 2

2003
4K HEVC
The Brothers Grimm (2005) 5.9
The Brothers Grimm (2005)  "The Brothers Grimm" ရုပ်ရှင်ကတော့သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Matt Damon၊ Heath Ledger နဲ့ Lena Headey တို့ကအဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ်ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

The Brothers Grimm (2005)

The Batman vs. Dracula (2005) 6.6
The Batman vs. Dracula (2005) The Batman vs. Dracula (2005) ======================= IMDb Rating - 6.6/10Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ပင်ကွင်းလည်း သူများအပြောနဲ့ ...
movie

The Batman vs. Dracula (2005)

2005
False Trail (2011) 6.5
False Trail (2011)  IMDB -6.5Rotten Tomato - 100%Rating မြင့်မှကြည့်ချင်တဲ့သူတွေအတွက် အရမ်းမိုက်တဲ့ဆွီဒင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာတော့ နယ်မြို့လေးတစ်မြို့က အမဲလိုက်အဖွဲ့ကသစ်တောထဲမှာသားကောင်ပစ်လို့ပြင်ဆင်နေကြရင်းနဲ့အရက်ဆိုင်မှာအလုပ်လုပ်တဲ့ အဲလင်းရဲ့ကားကိုအမှတ်မထင်တွေ့သွားတယ်။ ကားထဲမှာဘယ်သူမှမရှိပေမယ့် သွေးစသွေးနတွေနဲ့ဖရိုဖရဲဖြစ်နေတာကိုတွေ့တော့ ရဲတပ်ဖွဲ့မှူးမတ်က အမဲလိုက်အဖွဲ့မှာပါတဲ့ ရဲအရာရှိဖြစ်တဲ့ တိုစတန်ကိုဖုန်းဆက်ခေါ်လိုက်တယ်။အခြေအနေကိုစမ်းစစ်ပြီးနောက်မှာတော့ အဲလင်ဟာအသတ်ခံရတာဖြစ်နိုင်တယ်လို့ဆုံးဖြတ်လိုက်တယ်။ အလောင်းနဲ့ လူသတ်လက်နက်ကိုရှာမတွေ့ပေမယ့် သံသယရှိသူတွေကိုစစ်ဆေးမေးမြန်းရင်းနဲ့ကားပေါ်မှာကျန်ခဲ့တဲ့လက်ဗွေရာနဲ့ကိုက်ညီတဲ့ ရာရီဆိုတဲ့သူကိုရှာတွေ့သွားတယ်။ ရာရီက တိုစတန်နဲ့တစ်ချိန်တစ်ခါက ပြဿနာတစ်ချို့ရှိခဲ့ဖူးတော့ ပုဂ္ဂိုလ်ရေးပြဿနာတွေပါမှာစိုးတဲ့အတွက် မတ်ကစတော့ခ်ဟုမ်းက မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အကူအညီတောင်းလိုက်တယ်။ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အဲ့မြို့မှာမွေးအဲ့မြို့မှာကြီးပြင်းခဲ့တဲ့ အဲရစ်ကို အမှုစစ်ဖို့လွှတ်လိုက်တယ်။အဲရစ်ရဲ့စစ်ဆေးမှုတွေအရ ရာရီဟာလူသတ်ပါတယ်ဆိုတဲ့လုံလောက်တဲ့သက်သေတွေ မရတဲ့အတွက်ရာရီလွှတ်လိုက်ရတယ်။အကုန်လုံးက ရာရီကိုလူသတ်တရားခံလို့ထင်နေချိန်မှာ အဲရစ်ကလူသတ်သမားက အခြားလူဖြစ်နိုင်တယ်လို့ထင်တဲ့အတွက်စစ်ဆေးမှုဆက်လက်လုပ်ဆောင်ပါတော့တယ်။ အဲရစ်တစ်ယောက်လူသတ်သမားအစစ်ကိုရှာဖွေနိုင်မလားဆိုတာဆက်လက်ကြည့်ရှူပေးကြပါဦး.. File size…2.09GB / 937MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 9m Genre ….. Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin  
movie

False Trail (2011)

The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

The Killing Room (2009)
The Killing Room (2009)  ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ File ...
movie

The Killing Room (2009)

Unknown (2006) 6.4
Unknown (2006) Unknown 2006 (IMDB 6.4/10)Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. ...
movie

Unknown (2006)

2006
Horsemen (2009)
Horsemen (2009)  ဒီဇာတ်ကားကတော့ 2009 ခုနှစ်ထွက် သည်းထိတ်ရင်ဖို ၊ကိုယ်တိုင်လည်းစုံထောက်ဝင်လုပ်လို့ရမယ့်ကားပဲဖြစ်ပါတယ် ဒီကားမှာ စုံထောက်ဘရယ်စလင်းကိုင်ရမယ့်အမှုက လူတစ်စုရဲ့ဗျာဒိတ်ကျမ်းအပေါ်အခြေခံပြီးစတင်ခဲ့ကြတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေပါ။ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်တဲ့ မစ္စစပစ်ဟာသူ့နေအိမ်အခန်းထဲမှာတင် ကိုယ်အနှံ့ချိတ်ကောက်တွေနဲ့ စင်တစ်ခုမှာ ချိတ်ထားခံရလျက် သေဆုံးနေတာဖြစ်ပါတယ်။ အခန်းထဲမှာလည်းသဲလွန်စတစ်ချို့တမင်ထားခဲ့ပါသေးတယ်၊ ဒုတိယမြောက်နစ်နာသူလည်းဒီလိုနည်းတူ သေဆုံးနေတာကိုတွေ့လိုက်ရတော့….သဲလွန်စတွေအတိုင်း အမှုကိုရုပ်လုံးဖော်ကြည့်ရမှာတရားခံက ဗျာဒိတ်ကျမ်းကိုပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဗျာဒိတ်ကျမ်း ထဲမှာ ကမ္ဘာပျက်ကိန်းကို ကိုယ်စားပြုထားတဲ့ မြင်းစီးသူရဲ လေးဦးရှိပြီး စစ်ပွဲ၊ ငတ်မွတ်ခြင်း၊ အောင်နိုင်ခြင်း နဲ့ သေဆုံးခြင်းတို့ဖြစ်ပါတယ်။ ဒီထဲကနှစ်ခုတော့သူတွေ့သွားပြီဆိုတော့ နောက်ကျန်တဲ့နှစ်ခုကရောဘယ်မှာဖြစ်နေမလဲ…..တရားခံကရော ဘယ်သူလဲ၊တစ်ယောက်တည်းလား၊ အဖွဲ့နဲ့လား။ တရားခံကဘာရည်ရွယ်ချက်နဲ့လုပ်ရတာလဲ။ နစ်နာသူကဒီလေးယောက်နဲ့တင်ပြီးပါ့မလား စတဲ့ပဟေဠိတွေနဲ့ စုံထောက်လုပ်ရင်းရှုစားကြည့်ကြည့်ပါ… File size…(1.7 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Horsemen (2009)

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie

Constantine (2005)

2005
Premonition (2007) 5.9
Premonition (2007) လင်ဒါဟန်ဆင်ဟာ သမီးနှစ်ယောက်မိခင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းကတော့ အလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးတိုတစ်ခုသွားနေခဲ့ပါတယ်။ ပုံမှန်မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ နိုးထခဲ့ပြီး ကလေးတွေကိုကျောင်းပို့အိမ်ကိစ္စတွေလုပ်နေရင်းသူ့ဘဝကိုပြောင်းပြန်လှန်နိုင်တဲ့အပြောင်းအလဲတစ်ခုဟာ အိမ်ရှေ့ဘဲလ်ကို တီးပြီး ရောက်လာခဲ့တယ်။ တံခါးသွားဖွင့်ကြည့်လိုက်တော့ ရဲတစ်ယောက်ကို တွေ့ရပြီးအဲ့ဒီရဲကပဲ ဒီသတင်းဆိုးကို ပြောခဲ့တာပါ။ ' ခင်ဗျားယောက်ျား ကားမတော်တဆမှုဖြစ်ပြီး နေရာမှာတင် ဆုံးသွားပါတယ်" တဲ့။သူတို့နှစ်ယောက်ဟာ ချစ်ခြင်းတရားကို အခြေပြုတည်ဆောက်ထားတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် သတင်းကြားကြားချင်း လင်ဒါ စိတ်လွတ်သွားတယ်။ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အထိ။ အဲ့ဒီညမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင် ဓာတ်ပုံလေးကို ဖက်ပြီး ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့မနက်သူနိုးလာခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းမှာတစ်ယောက်တည်းဖြစ်ပါတယ်။သမီးနှစ်ယောက်ကိုအော်ခေါ်တယ်။မီးဖိုချောင်ထဲကိုရောက်တော့တီဗွီကြည့်ပြီးမနက်စာစားနေတဲ့ယောက်ျားတစ်ယောက်ကိုမြင်တယ်။ မျက်နှာကိုပါတွေ့ရတော့မှ မနေ့က သေသွားပြီလို့သူသိထားတဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်းဖြစ်နေခဲ့တယ်။ ကြောင်တောင်တောင် မျက်နှာထားဖြစ်နေတဲ့ သူ့ကို သူ့ခင်ပွန်းက နူတ်ဆက်တယ်။ "ဘာတွေဖြစ်နေတာလဲအချစ်တဲ့"။သူတို့ သမီးလေးနှစ်ယောက်ဆင်းလာတယ်။ သူတို့အဖေကို နူတ်ဆက်တယ်။ အားလုံးကပုံမှန်အတိုင်းပဲ၊ သူတစ်ယောက်တည်းရူးကြောင်ကြောင်ဖြစ်နေသလိုမျိုး..။အဲ့ဒီနေ့လေးဟာဟိုးအရင်ကလိုပုံမှန်လည်ပတ်သွားတယ်။ ညအိပ်ယာဝင်တယ်။နောက်ထပ် တစ်နေ့ သူနိုးလာတယ်။ ဘယ်သူ့ကိုမှ ရှာမတွေ့တော့ အိမ်အောက်ထပ်ကိုဆင်းတယ်။အိမ်အောက်ထပ်မှာ ဝတ်စုံနက်နဲ့ ...
movie

Premonition (2007)

Get the Gringo (2012) 6.9
Get the Gringo (2012) q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie

Get the Gringo (2012)

Rupture (2016)
Rupture (2016) Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie

Rupture (2016)

2016
The Last Stand (2013) 6.3
The Last Stand (2013) The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Last Stand (2013)

2013
The Ritual Killer (2023) 4.1
The Ritual Killer (2023) The Ritual Killer (2023) =================မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.45 GB) / (575 MB) / (335 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......CM Team Encoder..........SWM
movie

The Ritual Killer (2023)

2023
Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002
Birth (2004) 6.5
Birth (2004) Birth (2004)***************Db 6.2 / Rotten Tomatoes 39%မင်းသမီးကြီး Nicole Kidman ရဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို အပြည့်အဝခံစားရမယ့်ဇာတ်ကားလေးတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Nicole ရဲ့ ဆံပင်တိုတို မိန်းမအရမ်းမဆန်ဘဲ ရင့်ကျက်တည်ကြည်တဲ့အလှကဇာတ်ကားကြည့်နေရင်း လှလိုက်တာ လှလိုက်တာလို့ရေရွတ်မိလောက်အောင်ပါပဲဇာတ်လမ်းလေးကတော့ ခင်ပွန်းသေးဆုံးပြီး နှစ်အနည်းငယ်အကြာမှာဇနီးဖြစ်သူဟာ နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက် ဇနီးဖြစ်သူရဲ့မိခင်ပါတီကို အသက်တစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် ရောက်လာပြီး သူဟာ သေဆုံးသွားတဲ့ခင်ပွန်းဖြစ်ကြောင်းသူ့မိန်းမကို ဒုတိယအိမ်ထောင်မပြုဖို့အကြောင်း ပြောပါတော့တယ် ဆိုတော့ဒီကောင်လေးဟာ တကယ်ပဲ လူဝင်စားလေးလား ဇနီးဖြစ်သူကရောသားအရွယ်ဒီကောင်လေးဟာ ခင်ပွန်းပြန်ဝင်စားတာလို့ ယုံကြည်သွားမှာလားတကယ်ယုံကြည်သွားရင်ရော သူတို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Mystery ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.Drama / Mysteryလို့သတ်မှတ်ထားပေမယ့် အိုင့်အတွက်တော့Romance မှ Romanceစစ်စစ်ပါ🤧 ပြီးတော့ ဒီဇာတ်ကားက ဇာတ်လမ်းသရုပ်ဆောင် ဘာတစ်ခုမျှ အပြစ်ပြောစရာမရှိ ကြည့်လို့တကယ်ကောင်းရဲ့သားနဲ့ underrated ဖြစ်ခဲ့လို့ တကယ်နှမြောမိပါတယ်ကဲ ဒီဇာတ်ကားက တကယ်ပဲ underrated ...
movie

Birth (2004)

8MM(1999) 7.0
8MM(1999) 8MM(1999)***********အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့်မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်...မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစားရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့်ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာမကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာမီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကိုရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ်စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာသိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီးဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာအစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ...
movie

8MM(1999)