Channel Myanmar

Peter Spears

Something’s Gotta Give (2003)
Something’s Gotta Give (2003)  ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ .......၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ...... မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .....ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Drama, Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie

Something’s Gotta Give (2003)

Call Me by Your Name (2017) 7.8
Call Me by Your Name (2017) Call Me by Your Name (2017) ===================== IMDb Rating - 7.8/10၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင် အသက်ကွာခြားသတဲ့။အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ " နောက်မှပဲ " " နောက်မှပဲ" လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။ ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့ အပြုအမူလို့ ထင်မိတယ်လေ။ ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။ အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင် ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုက်ကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုက ကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။ ...
movie

Call Me by Your Name (2017)

2017
Nomadland (2020) 7.7
Nomadland (2020) Nomadland (2020) ======================IMDb Rating- 7.7/10 Rotten Tomatoes- 96%ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ်တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။(အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ)  Translated by Daniel ...
movie

Nomadland (2020)

2020