Channel Myanmar

Peter Schneider

The Baader Meinhof Complex (2008) 7.3
The Baader Meinhof Complex (2008)   ၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။အရှေ့ဂျာမနီကတော့ ...
movie

The Baader Meinhof Complex (2008)

In a Land That No Longer Exists (2022)
In a Land That No Longer Exists (2022) ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ...
movie

In a Land That No Longer Exists (2022)

System Crasher (2020) 8.0
System Crasher (2020) ဒီ System Crasher ဂျာမန်လို system sprenger ဆိုတဲ့ကားလေးIMDB မှာဆို 8.0 နဲ့ Rotten Tomatoes မှာဆိုရင် 92%ထိ ရထားတဲ့ ဂျာမန်ကားလေး။ဆုတွေလည်း အများကြီးရထားတယ်။ဇာတ်လမ်းအကြောင်းမပြောခင် ဒါရိုက်တာ အကြောင်းလေးကနေ စပြောလိုက်အုံးမယ်။ဒါရိုက်တာက Nora Fingscheidt တဲ့။သူက ဂျာမန်အမျိုးသမီး အသက်ကလည်း 37လောက်ပဲ ရှိသေးတယ်။ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်။အရင်က သူက Documentary တွေပဲရိုက်တာ။ဇာတ်လမ်းကလည်းသူက ပြဿနာကလေးတွေအကြောင်းဂျာမန်က ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ဂေဟာတွေစိတ်ရောဂါကုတဲ့ နေရာတွေမှာ သူတို့အချင်းချင်း ဘယ်လိုပြောတယ်ကလေးတွေကို ဘယ်လိုစောင့်ရှောက်တယ်ဆိုတာကိုသိချင်လို့ လေ့လာရင်းနဲ့ နေရာအများကြီးပြောင်းရတဲ့ကောင်လေးတယောက်ကိုသတိထားမိပြီး ဒီဇာတ်လမ်းလေးဖြစ်လာတယ်။System Crasher ဆိုတာက Menno Baumann က စသုံးခဲ့ပြီးအစကတော့ ပညာရှင်အသိုင်းအဝိုင်းကြားမှာပဲ သုံးပေမယ့်အခုအခါမှာတော့ ဂျာမန်ကလေးစောင့်ရှောက်မှု စနစ်မှာ သုံးတဲ့စကားဖြစ်လာတယ်။အဲဒါကြောင့် ...
movie

System Crasher (2020)