Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Maloney
Summer of Sam (1999)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie
Summer of Sam (1999)
8.2
The Thing (1982)
The Thing (1982)~ IMDb - 8.2/10, Rotten Tomatoes - 85% ~The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter... သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ...
movie
The Thing (1982)
1982
The Crucible (1996)
ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie
The Crucible (1996)
7.2
Manhunter(1986)
Manhunter(1986)===============FBI စုံထောက်ဝေလ်ဂရေဟမ် ဟာကွင်းဆက်လူသတ်သမားအမှုတစ်ခုစုံစမ်းပြီး နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မိသားစုနဲ့အတူကမ်းခြေအိမ်လေမှာ ဇာတ်မြှုပ်နေနေသူဖြစ်တယ်။တစ်နေ့တော့ ဂရေဟမ်ဆီကိုသူငယ်ချင်းဖြစ်သူရောက်လာပြီးမိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ကွင်းဆက်လူသတ်သမားကိုကူညီစုံစမ်းပေးဖို့ အကူအညီတောင်းလာတဲ့အခါ။ဂရေဟမ်တစ်ယောက်လူသတ်မှုတွေကို ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။လူသတ်သမားကရော ဘယ်လိုပိပိရိရိ ရှောင်တိမ်းမလဲ။ဉာဏ်ကြီးရှင်လူသတ်သမားတွေနဲ့ FBI စုံထောက်တွေကြားအားပြိုင်ပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size…1.3GB / 455MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….2h Genre ..... Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie
Manhunter(1986)
7.4
K-PAX(2001)
K-PAX(2001)အညွှန်း******************Kevin Spacey ရဲ့ အလန်းများစွာထဲက တစ်ကားဖြစ်ပါတယ်..သူ့ကိုယ်သူ လိုင်ရာကြယ်စင်စုအတွင်းက K-PAXဆိုတဲ့ ဂြိုလ်တစ်လုံးကနေအလင်းခရီးသွားပြီး ကမ္ဘာမြေကိုရောက်လာသူတစ်ယောက်အဖြစ်အခိုင်အမာပြောဆိုနေတဲ့သူတစ်ယောက် စိတ်ရောဂါကုဆေးရုံကိုရောက်ရှိလာပါတယ်....သူဟာတခြားလူနာတွေနဲ့မတူပဲ အမူအကျင့်တွေက ထူးဆန်းနေတာကြောင့်စိတ်ရောဂါကုဆရာဝန် မာခ့်ပိုဝဲလ်လည်း လူနာကို အရမ်းစိတ်ဝင်စားသွားပါတော့တယ်... K-PAXကနေလာတယ်ဆိုတဲ့သူဟာ သူ့ရဲ့အကြောင်းပြချက်တွေသိပ္ပံနည်းကျအချက်အလက်တွေ ဘဝဇာတ်လမ်းတည်ဆောက်ပုံတွေကသံသယရှိစရာကောင်းပေမယ့် ယုံကြည်စရာလဲကောင်းနေပြန်တော့ဒီလူဟာတကယ်ပဲ တခြားဂြိုလ်ကလာတဲ့သူလားစိတ်ဝေဒနာရှင်တစ်ယောက်လာဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာပါတယ်။ File Size :(2.3GB)(796MB) and (292MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Drama , Sci-FI Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae
movie
K-PAX(2001)
8.3
Requiem for a Dream (2000)
Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie
Requiem for a Dream (2000)
2000
8.0
JFK(1991)
JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie
JFK(1991)
5.8
Thinner 1996
Billy ကအရမ်းအ၀လွန်နေတဲ့ ရှေ့နေတစ်ယောက်ပါ တစ်ည သူနဲ့ သူ့မိန်းမ ပါတီပွဲတစ်ပွဲကအပြန် ဘာညာလုပ်ရင်း မိန်းမအိုတစ်ယောက်ကို မတော်တဆကားနဲ့တိုက်မိခဲ့ပါတယ်။ထို့နောက် Billyက ဂျစ်ပစီအဖိုးအိုတစ်ယောက်ရဲ့ ကျိန်စာတိုက်ခြင်းကို ခံလိုက်ရပါတယ် ကျိန်စာကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်ဆိုးရွားတာပါ တစ်ဖြည်းဖြည်းပိန်လာတာပါ ပိန်လာပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်လာတာကတကယ် သွေးပျက်ဖို့လည်းကောင်းပါတယ် Billy တစ်ယောက် သူ့ရဲ့ကျိန်စာဆိုးကနေလွတ်မြောက်နိုင် အောင်ကြိုးစားပေမယ့် တကယ်ရောလွတ်မြောက်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုပေးကြပါနော်........ဒီဇာတ်လမ်းကဆိုရင် IT တို့ The shining တို့လိုနာမည်ကြီး horror ၀တ္တုတွေကိုရေးသားခဲ့တဲ့ စာရေးဆရာကြီးStephen Kingရဲ့ လက်ရာကို film အဖြစ်အသက်သွင်းထားတဲ့ ဇာတ်ကားဖြစ်ပြီး Robert John Burke,Michael Constantine,Kari Wuhrer,Joe Mantegna တို့ကအဓိကပါ၀င်သရုပ်ဆောင်ထားပါတယ် Horror film ဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်....File size… 1 Gb / 500 ...
movie
Thinner 1996