Channel Myanmar

Peter Mair

The Two Faces of January (2014) 6.2
The Two Faces of January (2014)  January ဆိုတဲ့စကားလုံးဟာ မျက်နှာနှစ်ဖက်ရှိတဲ့ဂရိနတ်ဘုရား Janus ကိုအစွဲပြုပြီး ခေါ်ဝေါ်တယ်ဆိုတာသိပါသလား။ ဒီရုပ်ရှင်ဟာ ဆန့်ကျင်ဖက်နှစ်ခု ဒွန်တွဲတည်ရှိနေခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရား Janus ကိုကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ဂရိနိုင်ငံမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့လူလိမ်ပေါက်စ ရိုင်ဒယ်လ်ဟာ တစ်နေ့မှာ လူကုံထံဇနီးမောင်နှံနှစ်ဦးနဲ့ တွေ့ရှိခဲ့တယ်။ တိုင်းတစ်ပါးမှာ လာဆုံတဲ့အမေရိကန်သားချင်းအနေနဲ့ သူတို့ ၃ ဦးဟာ အချိန်တိုအတွင်းခင်မင်သွားကြတော့တယ်။ဒါပေမဲ့ ခမ်းနားမှု မျက်နှာဖုံးကွာကျသွားတဲ့အချိန်ရိုင်ဒယ်လ်ဟာလူကုံထံလင်မယားထဲက ခင်ပွန်းဖြစ်သူရဲ့ရာဇဝတ်မှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ….အထက်တန်းဆန်ဆန် ဇာတ်လမ်းနောက်ခံနဲ့အံ့ဩမှင်သက်စေမဲ့ ရှုခင်းတွေ၊ အချစ်နဲ့ အန္တရာယ်ကြားကစွန့်စားမှုတွေကို ကြည့်ရှုနိုင်မဲ့ ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…1.20GB / 596MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 36m Genre ….. Crime , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

The Two Faces of January (2014)

I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012