Channel Myanmar

Peter Kurth

Good Bye, Lenin! (2003)
Good Bye, Lenin! (2003) IMDb Rating – 7.7/10အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ ...
movie

Good Bye, Lenin! (2003)

Liberation (aka) Before It Ends (2023) 7.0
Liberation (aka) Before It Ends (2023)  ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းJacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ဒီအခါ ...
movie

Liberation (aka) Before It Ends (2023)

Asphalt Burning (2020) 5.2
Asphalt Burning (2020) Asphalt Burning (2020)===================IMDb Rating - 5.2/10 ဘ၀မှာ စားခါနီးမှ ပုတ်ချခံရတဲ့ အဖြစ်မျိုး လူတိုင်းနီးပါး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ် ရင်နာစရာပါ။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဖြစ်တဲ့ ရွိုင်ဟာလည်း ဒီလိုအဖြစ်နဲ့ ကြုံလိုက်ရတဲ့သူပါ။ ရွိုင်က ကလေးတစ်ယောက်အဖေတစ်ခုလပ်ဖြစ်ပြီး ဆေလ်ဗီယာဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်ပါ။ သူက ကားစီးရတာ ကားမောင်းပြိုင်ရတာကို သိပ်ကို ဝါသနာပါတဲ့သူ ပီပီ မင်္ဂလာပွဲကိုတောင် ကားမောင်းပြိုင်ပွဲပုံစံနဲ့ သတို့သမီးဆီ အရောက်ကားမောင်းသွားပြီးမှ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာပွဲ မတိုင်ညမှာ ရွိုင်မူးနေတုန်း ဂျာမန်မတစ်ယောက်က လာမြူစွယ်တော့ ရှူးရှဲပေးမိလိုက်ရာက ပြဿနာစပါတော့တယ်။ ဂျာမန်မက သူနဲ့လက်ထပ်မယ့် ဆေလ်ဗီယာ့ရဲ့ တစ်ခါက အခန်းဖော် ဖြစ်ရုံသာမက ဂျာမန်မကဆေလ်ဗီယာ့ကိုပါ ကြွေနေပုံပါ။ ဒီတော့ မင်္ဂလာဆောင်မယ့်နေ့မှာ စီစဉ်ထားတဲ့အတိုင်း " အရင်ရောက်တဲ့သူ သတို့သမီးကိုယူ " ဆိုတဲ့စည်းမျဉ်းနဲ့ ကားပြိုင်ပွဲလုပ်ပါတယ်။ ပြိုင်တဲ့သူတွေက သူ့ဘော်ဒါတွေဖြစ်လို့ ...
movie

Asphalt Burning (2020)

2020