Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Jurasik
7.0
The Longest Ride (2015)
" လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင်သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် "ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါအမျိုးအမျိုး ပြောကြပါလိမ့်မယ်ရိုးရှင်းလွန်းတဲ့ အချက်ကတော့ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲပျော်ရွှင်ရတာပါပဲ....The Longest Ride ကို ကြည့်မိတဲ့ အခါနွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ်အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါလူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ်ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး...ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါနွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ်အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေအိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် ...
movie
The Longest Ride (2015)
6.7
Babylon 5: The Road Home (2023)
Babylon 5: The Road Home (2023)~ IMDb - 6.7/10, Rotten Tomatoes - 83% ~ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ Warner Bros. ကုမ္ပဏီက ထုတ်ဝေထားပြီး နာမည်ကြီး Babylon 5 Franchise ရဲ့ ခုနှစ်ကားမြောက်ဖြစ်တဲ့ Babylon 5: The Road Home ဆိုတဲ့ Animation လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဂျွန်ရှရီဒန်တစ်ယောက် စကြာဝဠာထဲခရီးသွားရင်း တက်ခီရွန်လှိုင်းနဲ့ထိတွေ့ပြီးနောက် အချိန်စီးကြောင်းထဲမှာ ပိတ်မိသွားရင်း မတူညီတဲ့ အချိန် ဘဝတွေထဲကိုရောက်သွားခဲ့ပါတယ်။အဲဒီလိုရောက်သွားရင်းပဲ သူဘာတွေရင်ဆိုင်ရမလဲ... ဒီအချိန်ပိတ်မိနေတာကနေ လွတ်မြောက်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရလဲ... ဆိုတာတွေကို အခု တစ်ခေါက်ထွက်ရှိထားတဲ့ ကားလေးမှာ ရိုက်ကူးပြထားပေးတာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 750MB Quality - 1080p, ...
movie
Babylon 5: The Road Home (2023)
2023
7.5
42 (2013)
ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.82 GB / 894 ...
movie
42 (2013)
2013
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)