Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Guinness
6.4
Alien³ (1992)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien³ (1992)
1992
8.9
Zack Snyder’s Justice League (2021)
(function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Zack Snyder’s Justice League (2021)
4K HEVC
6.7
King Arthur: Legend of the Sword (2017)
2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie
King Arthur: Legend of the Sword (2017)
2017
4K HEVC
7.1
The Boys in the Boat (2023)
The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie
The Boys in the Boat (2023)
2023
4K HEVC
6.2
The Saint (1997)
The Saint (1997)မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ "သူတော်စိန်" သည် The Saint ပင် ဖြစ်လေသည်။"The Saint" ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် ...
movie
The Saint (1997)
1997
7.3
Sleepy Hollow (1999)
IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie
Sleepy Hollow (1999)
4K HEVCHDR
6.8
Greenfingers (2000)
Greenfingers (2000)===============IMDb Rating - 6.8/10၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။မြင်နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ...
movie
Greenfingers (2000)
2000
7.3
Official Secrets (2019)
လူတွေဟာ ရာထူးနေရာတစ်ခု ရသွားတဲ့အခါ အဲဒီနေရာကိုစွန့်စားပြီးအခြားသူတွေအကျိုးအတွက် အမှန်ကိုထုတ်ပြောရဲဖို့သတ္တိတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဒီလိုသတ္တိရှိခဲ့သူ တစ်ယောက်ရဲ့ အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။လူတိုင်းတစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ အမျိုးအစားပါပဲ။အကြောင်းအရာကတော့အီရတ်ကို ဗြိတိန်နဲ့အမေရိကန်တို့ ဝင်တိုက်တော့မယ် ကာလမှာ ဖြစ်ခဲ့တာပါ။အီရတ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ရှိတယ်လို့သက်သေမပြနိုင်သေးချိန်။ကုလသမ္မဂသဘောတူညီချက် မရသေးခင်အချိန်ပဲ ဖြစ်ပါတယ်။ဒီအချိန်မှာ အီရတ်ကို တရားဝင်ကျူးကျော်ပြီးဆဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက်ဆို ကုလရဲ့ သဘောတူညီချက်လိုပါတယ်။မဟုတ်ရင် အမေရိကန်နဲ့ဗြိတိန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ဒီကာလမှာ ဗြိတိန်ထောက်လှမ်းရေး GCHQ ရဲ့ ဝန်ထမ်းကတ်သရင်း ထရီဆာ ဂန်းဆီကိုအမေရိကန် NSA က စာတိုတစ်စောင်ဝင်လာပါတယ်။ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံငယ်တွေကကိုယ်စားလှယ်တွေကို အကြပ်ကိုင်ဖို့ပါပဲ။ဒါကိုလက်မခံနိုင်တဲ့ ကတ်သရင်းက ...
movie
Official Secrets (2019)
2019
6.9
The Last Boy (2019)
ဒီကားလေးကတော့rating 6.9တောင်ရထားတဲ့စွန့်စားခန်းတွေနဲ့ကားကောင်းလေးတစ်ကားပါကမ္ဘာကြီးပေါ်မှာ ရူပဗေဒဓါတ်ပြုပြောင်းလဲစဉ်တစ်ခုကြောင့်လေလုံးကြီးတွေကလူတွေကိုဝါးမြိုတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်အဲဒီလေလုံးကြီးတွေကိုရေထုကြီးကြီးမားမားကသာကာကွယ်ပေးနိုင်ပါတယ်ဆိုင်ရာဆိုတဲ့ကောင်လေးဟာမိခင်ဆီကနေအဲဒီလေလုံးကြီးတွေကိုတားဆီးနိုင်တဲ့စက်လေးတစ်ခုရခဲ့ပြီးသူ့အမေမှာခဲ့တဲ့အတိုင်းဆုတောင်းတွေဖြည့်ပေးတဲ့နေရာကိုရောက်အောင်သွားဖို့တစ်ယောက်တည်းခရီးဆက်လာခဲ့ပါတယ်ဒါပေမယ့်လမ်းမှာသူ့ကိုဒုက္ခပေးမယ့်လူတွေသူ့ရဲ့စက်ကိုလိုချင်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူဘယ်လိုကျော်ဖြတ်မလဲလေလုံးကြီးတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ပြီးတော့ရောသူ့အမေမှာတဲ့နေရာကိုရောက်အောင်သွားနိုင်ပါ့မလားအဲဒီနေရာမှာရောတကယ်ဆုတောင်းတွေပြည့်မလားသူဘာဆုကိုတောင်းမလဲဆိုတာ စွန့်စားခန်းတွေနဲ့အတူကြည့်ရမှာဖြစ်ပါတယ် File Size : (817 GB , 240 MB)Quality : WEB-DL 720pRunning Time : 1 hr 27 minFormat : Mp4Genre : Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
The Last Boy (2019)
2019
6.4
Centurion(2010)
Centurion(2010)((Zawgyi))အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကောင်းကားမို့ 1080P5.1CHတို့နှင့်တင်ဆက်ပေးထားပါသည်....ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော ဇာတ်ကြမ်းကားကြမ်းကြမ်းကြီးကို ခပ်ကြမ်းကြမ်း တင်ပေးလိုက်ပါပြီစစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်...အားရင် လူသတ်မယ်...အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့...ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး...အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်...အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်...ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ...တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ...
movie
Centurion(2010)
2010
6.7
The Last Boy (2019)
ရေ မြေ လေ မီး နဲ့ပတ်သတ်ပြီးဇာတ်လမ်းအမြောက်အများထွက်ထားဖူးပါတယ် ဒီနှစ်ရဲ့ပထမဆုံး ရေ မြေ လေ မီး ကားအဖြစ်ထွက်လာတဲ့ The last boyဟာလည်း ကြည့်လို့ကောင်းတဲ့ကမ္ဘာပျက်ကားထဲမှာပါနေပါတယ် မြေရေလေမီးနဲ့ဖွဲ့စည်းထားတဲ့ဒီကမ္ဘာကြီးမှာလေကဖောက်ပြီးလူသတ်လက်နက်ဖြစ်လာပါတယ် လေတိုက်ခံရရုံနဲ့ဇီဝိန်ကြွေတဲ့အထိဆိုးဝါးလွန်းတဲ့ခေတ်ပျက်ထဲရောက်နေတာဖြစ်ပြီး ဆီရာနဲ့အမေဖြစ်သူတို့ရဲ့သားအမိဟာလည်းရှင်ကျန်သူတွေထဲကနှစ်ယောက်ဖြစ်ကြပါတယ် နိယာမအတိုင်းလေရဲ့အားနည်းချက်ဟာရေဖြစ်တာနဲ့အညီရေရှိနေရင်တော့ အန္တရာယ်မရှိနိုင်မှန်းသိသွားတဲ့အခါမှာတော့ လွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ပါပြီ ဘာသာပြန်ပေးတာတော့kiwiဖြစ်ပြီး sithuကencodeပေးထားပါတယ်
movie
The Last Boy (2019)
2019