Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Friedman
6.1
Someone Like You…(2001)
ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်းရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား?လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie
Someone Like You…(2001)
6.8
I’m Not There (2007)
တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie
I’m Not There (2007)
5.2
Freedomland (2006)
Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie
Freedomland (2006)
2006
7.1
Side Effects (2013)
မင်းသားကြီး Jude Law အဓိကပါဝင်သရုပ်ဆောင်ထားပြီး Channing Tatum နဲ့ မင်းသမီး Ronney Maya ပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် rating ကောင်းကောင်းရရှိထားတဲ့ Thriller/Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးက ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာအမျိုးမျိုးခံစားခဲ့ရတဲ့ စိတ်ကျရောဂါဝေဒနာရှင်တစ်ယောက်ပေါ့ ချစ်ရတဲ့ယောက်ျားဖြစ်သူကထောင်ကျ ရောဂါကပိုဆိုးလာပြီး Suicide လုပ်ခဲ့မိတဲ့အချိန်မှာ အသက်မသေခဲ့ပဲ ဆေးရုံရောက်သွားခဲ့ပါတယ် အဲ့အချိန်မှာ ဒေါက်တာဘန်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က စမ်းသပ်ဆဲပဲရှိသေးတဲ့ ဆေးတစ်မျိုးကိုသောက်ခိုင်းလိုက်တဲ့အခါ......ဘာတွေဆက်ဖြစ်လာမှာလဲ ရောဂါကတကယ်ရောသက်သာမှာလား ဘေးထွက်ဆိုးကျိုးတွေကရောဘယ်လိုတွေရှိမလဲ ဒေါက်တာဘန်ကရောဒီကိစ္စတွေထဲမှာ ဘယ်လိုပတ်သတ်နေတာလဲ ဒီကိစ္စတွေအားလုံးကဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူတွေပါဝင်ပတ်သက်နေတာလဲ စသည်ဖြင့် လှည့်ကွက်များစွာနဲ့ ဇာတ်လမ်းအစကနေအဆုံးထိ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်တဲ့အပြင် လျှို့ဝှက်ချက်တွေကတစ်ခုပြီးတစ်ခု ပေါ်လာမှ ကြည့်ရှုသူတွေပါ ဟာခနဲ ဟင်ခနဲဖြစ်သွားမှာမို့ Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို Plot ခိုင်ခိုင်မာမာနဲ့ကြည့်ရှုချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွှန်းဆိုလိုက်ရပါတယ်... File size…(1.4 GB)/(630 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama, ...
movie
Side Effects (2013)
6.3
Paycheck (2003)
Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Paycheck (2003)
7.1
The Messenger(2009)
The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင် BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို ကျည်ဆံသံတဝီဝီ အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့ ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie
The Messenger(2009)
2009