Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Dante
6.1
The Waterboy (1998)
American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ်တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry
movie
The Waterboy (1998)
5.9
I Now Pronounce You Chuck & Larry (2007)
I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထားပေးရင်တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကပြောရလောက်အောင် ဖွန်ကြောင်တတ်တဲ့ ချာ့ တစ်ယောက် အိမ်ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ငွေကြေးပြသနာကြောင့် နှစ်ယောက်အတူ ဂေးစုံတွဲအဖြစ် နေကြဖို့ သဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာရောက်စစ်ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွားလောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်တွေရွေ့မလဲ... ဘယ်လိုတွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဂေးတွေကို အရမ်းလက်သင့်ခံထားခြင်းမရှိသေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
5.2
Strange Wilderness (2008)
Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie
Strange Wilderness (2008)
.2008
5.5
That’s My Boy (2012)
ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး ...
movie
That’s My Boy (2012)
6.4
Just Go with It(2011)
Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရတုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့ကောင်မလေးကိုရမလား၊ ...
movie
Just Go with It(2011)
6.4
Big Daddy (1999)
Big Daddy (1999) ============= IMDb Rating - 6.4/10၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ...
movie
Big Daddy (1999)
1999
5.3
Little Nicky (2000)
Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie
Little Nicky (2000)
2000
7.0
The Wedding Singer(1998)
The Wedding Singer(1998) အညွှန်း*******************************Adam Sandler နဲ့ Drew Barrymore တို့ရဲ့ နောက်တစ်ကား..ရော်ဘီဟာ့ထ်ဆိုတဲ့ အဆိုရှင်တစ်ဦးကတော့ အတော်လေးအချစ်ကံခေခဲ့သူလေးဖြစ်ပါတယ်။လက်ထပ်ဖို့အထိရည်ရွယ်ထားသူဆီက အစွန့်ပစ်ခံခဲ့ရတဲ့ရော်ဘီတစ်ယောက်ဂျူလီယာဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံမိမှ ပျော်ရွှင်မှာကိုပြန်ရှာတတ်လာပါတော့တယ်။ဒါပေမယ့်လည်း ဂျူလီယာဆီမှာလည်း လက်ထပ်ရမယ့်သူကရှိနေပြန်တော့ခပ်နုံနုံ ရော်ဘီတစ်ယောက် ရှေ့တိုးဖို့ခက်နောက်ဆုတ်ဖို့မလွယ်နဲ့ပေါ့။အလွဲလေးတွေကိုယ်စီနဲ့ အချစ်ကံခေတဲ့ရော်ဘီတစ်ယောက်ကိုယ်ချစ်တဲ့မိန်းကလေးကို တစ်ပါးသူလက်ထဲက အမိဆွဲထားနိုင်ပါ့မလား၊ဂျူလီကရော လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့သူကိုပစ်ပြီး ရော်ဘီကိုရွေးချယ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့အတူ ရိုမန့်တစ်လည်းဆန်ဆန် ဟာသလည်းနှောရက်နဲ့ သိပ်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်မင်းသမီးလေးကလည်း သိပ်လှတာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ File Size : (1.8GB )(941 MB) and (213MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Romance , Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie
The Wedding Singer(1998)
7.0
Mr. Deeds(2002)
Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie
Mr. Deeds(2002)
5
Jack and Jill (2011)
[Unicode]ချစ်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အောင်မြင်နေတဲ့ကြော်ငြာလုပ်ငန်းစုက Jack နဲ့ Thanksgiving ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် အစ်ကိုရှိရာနေရာကို လာလာလည်တဲ့ သူ့ရဲ့အမြွှာညီမလေး Jill...ကလေးဆန်ပြီး ရိုးသားပွင့်လင်းတဲ့ အဒေါ်အပျိုကြီး Jill ဟာ တူတူမတွေနဲ့ပျော်ရင်းပါးရင်း ဒိတ်လုပ်ဖို့ပါ အကြံဉာဏ်ရပြီး သူရဲ့ဖူးစာရှင်ကို ရှာဖွေပါတော့တယ် ။ညီမဖြစ်သူရဲ့ အမူအကျင့်တွေကြောင့်စိတ်ရှုပ်နေတဲ့ Jack ကတော့ သူ့ညီမ မြန်မြန်ပြန်ဖို့ကိုသာ အာရုံစိုက်နေပါတော့တယ်..တစ်ဖက်မှာလည်း မင်းသားကြီးAl Pacino နဲ့သာကြော်ငြာရိုက်ချင်ပါတယ်ဆိုတဲ့ client ကြောင့်အခက်တွေ့နေတဲ့ Jackကစားပွဲတစ်ခုမှာAl Pacino နဲ့အလုပ်အကြောင်းပြောဖို့ကြိုးစားရင်း ထင်မှတ်မထားပဲ ညီမဖြစ်သူကိုပါစိတ်ဝင်စားသွားကြောင်း သိလိုက်ရတဲ့အခါJack ဟာဘယ်လို ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးပြီး စီမံသွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...။ဒီအမြွှာမောင်နှမရဲ့ဇာတ်လမ်းလေးကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ကြည်ရှုသူများဘဝအမောတွေပြေစေဖို့တင်ဆက်ပေးလိုက်ရပါတယ်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ) [Zawgyi]ချစ်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အောင်မြင်နေတဲ့ကြော်ငြာလုပ်ငန်းစုက Jack နဲ့ Thanksgiving ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် အစ်ကိုရှိရာနေရာကို လာလာလည်တဲ့ သူ့ရဲ့အမြွှာညီမလေး Jill...ကလေးဆန်ပြီး ရိုးသားပွင့်လင်းတဲ့ အဒေါ်အပျိုကြီး Jill ...
movie
Jack and Jill (2011)
6.8
50 First Dates(2004)
50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004