Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Breitmayer
6.9
Horrible Bosses (2011)
Horrible Bosses (2011) Extended Cut VersionIMDb Rating (6.9) / Rotten Tomatoes (69%)အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ.... သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ဇာတ်လမ်းကတော့.......နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ...
movie
Horrible Bosses (2011)
2011
7.0
A Serious Man (2009)
IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie
A Serious Man (2009)
5.7
Jingle All the Way (1996)
Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990 ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie
Jingle All the Way (1996)
1996
7.2
Fracture(2007)
Fracture(2007)**************IMDb...7.2ဆရာကြီးတွေဖြစ်တဲ့ Anthony Hopkins နဲ့Ryan Gosling တို့ အဓိကပါဝင်ထားတဲ့အပြင်ဇာလမ်းကလည်း ရှယ်ကြီးဆိုတော့ကား...ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ...လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ်ခရောဖော့ဆိုတဲ့လူကြီးမှာမိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ် သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလည်းသူသိတယ်... ဒီလိုနဲ့တစ်ညမှာတော့ သူ့မိန်းမကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်... ဒါပေမဲ့ ပေါ်တင်ပဲ "ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင်ပြကြ" တဲ့....တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီရောက်နေတဲ့ဝီလီယမ်ဆိုတဲ့ရှေ့နေတစ်ယောက်ရှိတယ် ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင်ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာသွားရင်ဆိုင်မိတဲ့အခါမှာတော့... File Size :(1.9GB) (638 MB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Fracture(2007)
7.7
Changeling (2008)
Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှုတွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie
Changeling (2008)
2008
5.8
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie
G.I. Joe: The Rise of Cobra (2009)
2009
HEVC 1080p 5.1
7.3
Fantastic Beasts and Where to Find Them (2016)
Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations. ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင် နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie
Fantastic Beasts and Where to Find Them (2016)
2016