Channel Myanmar

Peter Berling

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

Fitzcarraldo (1982) 8.0
Fitzcarraldo (1982)  Fitzcarraldo ဆိုတဲ့ဇာတ်ကားက 1982 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Adventure/Documentary အမျိုးအစားဖြစ်ပါတယ်။အမေဇုန်မြစ်ဒေသကမြို့ငယ်လေးမှာနေထိုင်တဲ့ Fitzcarraldo ဆိုတဲ့လုပ်ငန်း‌တွေအရှုံးပေါ်ခဲ့ပေမဲ့ အရှုံးမပေးတတ်တဲ့လုပ်ငန်းရှင်ပေါက်စလေးဟာ အော်ပရာတေးဂီတပြဇာတ်တွေအပေါ်မှာရူးသွပ်တဲ့သူပါ။ သူနေတဲ့မြို့ငယ်လေးဆီမှာအော်ပရာ ပြဇာတ်ရုံတည်ဆောက်ဖို့ကြိုးစားပေမယ့် ရန်ပုံငွေမလောက်တဲ့အခါ သူကရော်ဘာစီးပွားရေးလုပ်ငန်းကိုပြောင်းလုပ်ဖို့ကြိုးစားပါတယ်။ရော်ဘာပင်တွေကိုရှာဖို့ ရည်းစားဆီကပိုက်ဆံချေး သင်္ဘောတစ်စီးကိုဝယ်ပြီး အမေဇုန်မြစ်အပေါ်ပိုင်းဆီ ရေဆန်အတိုင်းဆန်တက်သွားပါတော့တယ်။အဲဒီမှာ ဘာတွေနဲ့ကြုံရမလဲ......သူလိုအပ်နေတဲ့ ရန်ပုံငွေရောရသွားနိုင်မလား ဆိုတာတွေကိုတော့ ဇာတ်ကားလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး...... File size…(4.8 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:38:00 Genre... Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Fitzcarraldo (1982)

Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie

Gangs of New York(2002)

2002