Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pepe Herrera
5.5
I Am Not Big Bird (2024)
" ကျွန်တော် ငှက်ကြီးမဟုတ်ပါ"ဆိုတဲ့ ထူးထူးဆန်းဆန်း နာမည်နဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင်ရဲ့ နာမည်ကြီးမင်းသား Enrique Gil ရဲ့ သုံးနှစ်ကြာမှပြန်ရိုက်တဲ့ comeback ဇာတ်ကား ဖြစ်ပါတယ်။ s3x comedy ကားဖြစ်တာကြောင့် ကြည့်မယ်ဆိုရင် ၁၈ ယောက်အထက် စုပြီးမှ အောက်က အညွှန်းကို ဖတ်ပေးကြပါ။ဖိလစ်ပိုင်က ဘဏ်ဝန်ထမ်း လူဝိစ်ကာပီယိုဆိုတဲ့ သူရဲ့ဘဝဟာ စိတ်ဝင်စားစရာမရှိလှပါဘူး။ ဘဏ်မှာ အဆင်မပြေဖြစ်မယ်၊ သူ့ရည်းစား ကတ်သီကို လက်ထပ်ခွင့်တောင်းမယ်ပဲ စိတ်ထဲရှိနေတာပါ။ ဒါပေမဲ့ ကတ်သီတစ်ယောက် သူ့ကို ဘာမှမဘာတာလို့ နာကျည်းပြီး လမ်းခွဲလိုက်တဲ့အချိန် ကာပီယိုတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူရည်းစားရှိတုန်းက ပလစ်ခဲ့တဲ့ ဂျူလိုင်နဲ့ မက်ကီတို့ကို ခေါ်ပြီး ထိုင်းနိုင်ငံဆီ သွားဖို့ ပြင်ပါတော့တယ်။ ထိုင်းရောက်သွားတဲ့ သူတို့သုံးယောက်ကို ထိုင်းပြည်သူတွေက ပါးတွေနားတွေရိုက်ကြတာကို ထိုင်းတွေက ဒီလိုပဲနှုတ်ဆက်တတ်တာလားလို့ ထင်သွားကြတဲ့ သူတို့တတွေ၊ လမ်းမှာတွေ့တဲ့ တိုးဂိုက် ပရာဂျက်သီသီနဲ့အတူ ညမှာကဲဖို့ နိုက်ကလပ်ကိုသွားတော့မှ ပါးရိုက်နှုတ်ဆက်ခံရတဲ့အကြောင်းအရင်းကို သိကြတော့တာပါပဲ။အကြောင်းကတော့ ကာပီယိုရဲ့ ရုပ်ဟာ ထိုင်းနိုင်ငံဂုဏ်ဆောင် ...
movie
I Am Not Big Bird (2024)
2024
7
Rewind (2023)
Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie
Rewind (2023)
2023
5.5
Day Zero (2022)
အောင်လနဲ့ ထိုးသတ်တုန်းကထက် ပိုကြမ်းပြီး ပိုမိုက်မယ့် ဘရန်ဒန် ဗီယာရဲ့ဖိလစ်ပိုင် Zombie ကားကောင်းတစ်ကားလာပါပြီ...။Zombieကားဆိုတော့ ကိုက်မယ်ဆွဲမယ် စတာပါတဲ့အပြင်ဇာတ်လိုက်မင်းသားက US အထူးတပ်သားဟောင်း ဆိုတော့ဖိုက်တင်ခန်းတွေပါ အများကြီးကြည့်ရမှာပါ...။ ဇာတ်လမ်းအကျဥ်းကတော့ အေမွန်ဟာ အမေရိကန်အထူးတပ်သားဟောင်းဖြစ်ပြီး သူငယ်ချင်းကိစ္စ၊ သူများရန်ပွဲထဲဝင်ပါလွန်းလို့ ထောင်ကျနေရတာပါ...။သူ့မှာ စကားမပြောတတ်နဲ့ သမီးလေးနဲ့ ဇနီးလည်းရှိပါတယ်...။တစ်နေ့ကျတော့ တုပ်ကွေးရောဂါကနေ သန္ဓေပြောင်းပြီး Zombieတွေပေါ်လာပါတော့တယ်...။ဒီတော့ အေမွန်တစ်ယောက် သမီးနဲ့ ဇနီးကို ကယ်ဖို့ ထောက်ဖောက်၊Zombieတွေနဲ့ တိုက်ခိုက်ပြီး ပွဲကြမ်းပါတော့တယ်...။ဇာတ်လမ်း အစအဆုံး zombie များနဲ့ တိုက်ခိုက်ခန်းတွေ အများကြီးကြည့်ရမယ့် ကားလေးပါ။အဆုံးသတ်မှာ ဘယ်သူတွေ ဘာဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုလို့ရပါပြီ...။ File size…858 MB / 440MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 22m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Day Zero (2022)
7.3
Heneral Luna(2015)
Heneral Luna(2015)*******************ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်..ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက်ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း...File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Heneral Luna(2015)
8.1
Princess Dayareese (2018)
Princess Dayareeseဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာတော့ Movie name ထဲက အတိုင်း ဒိုင်ယာနာရိစ်ဆိုတဲ့ ကောင်မလေးကတော့ အဓိကဇာတ်ကောင်ပေါ့ သူ့မှာမိဘတွေမရှိတော့ဘူး သူ့အဖေဘက်က မိသားစုကချမ်းသာတယ် သူ့အဖေဆုံးတော့ သူ့အဖိုးက သားမိနှစ်ယောက်ကို အိမ်ပေါ်ကနှင်လိုက်တယ် နောက်တော့ သူ့အမေကလည်း ဆုံးပါးသွားပြီး အဒေါ်ရဲ့မိသားစုနဲ့အတူတူနေတယ် အဲ့အဒေါ်မှာ သားတွေလည်းရှိတယ်. သူတို့နဲ့အတူပေါင်းပြီး မင်းသမီးက ဖိလစ်ပိုင်ကိုအလည်အပတ်လာတဲ့ နိုင်ငံခြားတွေကို လိမ်စားတဲ့သဘောမျိုးပေါ့. အဲ့လိုနဲ့ပိုက်ဆံရှာတယ်. သူတို့ဘဝက အဆင်မပြေလှတော့ ပိုက်ဆံအများကြီးလိုချင်ကြတယ်.တစ်နေ့တော့ သူနဲ့ရုပ်ချင်းဆင်တဲ့ အော်ရို့ဆိုတဲ့တိုင်းပြည်က မင်းသမီးတစ်ပါးက သူ့ကိုပြန်ပေးဆွဲပြီး အဲ့မင်းသမီးကသူ့ချစ်သူကိုရှာချင်တာကြောင့်ရက်၄၀အတွင်း သူ့နေရာမှာ ခဏအစားဝင်ပေးဖို့ ငွေနဲ့အပေးအယူလုပ်တယ်. မင်းသားနာမည်ကတော့ ခေးလပ်.သူက video မှတ်တမ်းရိုက်တဲ့သူပေါ့. မင်းသားကလည်း အော်ရို့တိုင်းပြည်မှာ documentary တစ်ခုရိုက်ဖို့သွားရင်း မင်းသားနဲ့မင်းသမီး ဘယ်လိုဆုံတွေ့ကြမလဲ သူတို့နှစ်ယောက်ကြားက အချစ်ကိုဘယ်လိုပေါ်လွင်အောင်ပြထားမလဲပြီးတော့... အဒေါ်မိသားစုနဲ့မင်းသမီးကြားက မိသားစုသံယောဇဉ်လေးတွေကိုလည်း နွေးနွေးထွေးထွေးမြင်တွေ့ရမှာဖြစ်ပါတယ်. Background music လေးတွေလည်း တကယ်ကောင်းပါတယ်🖤 ကြည့်ရှုပေးကြပါဦးရှင်Translated by SimJinnie File size…1.7GB and 900MB Quality…. 1080pWEB-DL and 720P Format…mp4 Duration….1hr 55min Subtitle….Myanmar Subtitle (Hardsub) Encoder ..... August
movie
Princess Dayareese (2018)
2018