Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peng Yuchang
5.6
The Day We Lit Up The Sky ( 2021 )
ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာ လောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ် ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကို အကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့် ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါ တစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံးညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့စိတ်ကြိုက်စည်းချက်နဲ့ အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးက တွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် လောင်ကော်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ အရှုံးသမားလိုဆက်ဆံခံနေ ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲ သူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာ ပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့ နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့ သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့ သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်း အကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : ...
movie
The Day We Lit Up The Sky ( 2021 )
6.1
Moments We Shared ( 2024 )
Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie
Moments We Shared ( 2024 )
6.8
Viva La Vida ( 2024 )
CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie
Viva La Vida ( 2024 )
5.6
Over Again (2019)
Over Again (2019)ဒီတစ်ခါတော့ကျွန်တော့်အမြင်နဲ့ထပ်တူကျတဲ့ Time Travel တရုတ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အချိန်ခရီးသွားတယ်ဆိုတာ ..... အတိတ်အနာဂတ်ကို ခရီးနှင်နိုင်ပေမယ့် အတိတ်ကိုပြောင်းလဲလို့မရနိုင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ..... ငယ်ငယ်ထဲကကျောင်းအတူတူတက်ကြတဲ့ ချောမောပြီး စာတော်တဲ့ကောင်လေးရယ် အဖေကိုအရမ်းကြောက်လူတိုင်းကိုကြောက်တတ်တဲ့ ငကြောက်လေးတစ်ယောက်ရယ် ရဲရင့်ပြီးချစ်စရာကောင်းတဲ့ကောင်မလေးရယ်ဟာ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် နေထိုင်ကြရင်း ကျောင်းနှစ်ပတ်လည်နေ့တစ်ရက်မှာ အရာရာပြောင်းလဲသွားအခါ .....အပြောင်းအလဲတွေက ဘယ်လောက်တောင်ကြီးကျယ်မှာလဲ? အချိန်ခရီးသွားခြင်းနဲ့ သူတို့ရဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲမှာပဲခံစားကြည့်လိုက်ပါ။သူငယ်ချင်းသံယောဇဉ် ချစ်ခြင်းတရားနဲ့ အချိန်ခရီးသွားခြင်း Concept လေးတွေထည့်သွင်းပြီး ရသစုံအောင်ရိုက်ကူးထားတာမို့ ကြည့်ရတန်မယ့်ရုပ်ရှင်လေးဖြစ်ပါလိမ့်မယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်။Genre.....Drama Quality….WEB-DL 1080p and 720p File size…1.3GB and 750MB and 369MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Htoo Aung Encoder ..... August
movie
Over Again (2019)
2019
6.2
Coffee or Tea? ( 2020 )
Entrepreneur ကိုမစိမ်းကြပေမယ့် social entrepreneur ကို စိမ်းနေကြတဲ့သူတွေလေ့လာလချင်သူတွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးနော်ဇာတ်ကားလေးက ကောင်လေး၃ ယောက်ကို အခြေခံရိုက်ကူးထားတာပါတစ်ယောက်က ငယ်စဉ်တည်းက ငွေမက်ပြီး ရောင်းလို့ရသမျှအကုန်ရောင်းပြီး စီးပွါးရေးတွေလုပ်လာခဲ့သူပေါ့... ဒါပေမယ့် သူလုပ်ငန်းတိုင်းကြာရှည်မမြဲခဲ့ပါဘူးဒီလိုမမြဲလို့လည်း သူအိပ်မပျော်တဲ့ရောဂါဖြစ်ပြီး နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးမှု ခံယူနေရတယ်...နောက်တစ်ယောက်က ရွာကနေ မြို့တက်ပြီး ပါဆယ်လိုက်ပို့သူ delivery manအလုပ်ကို ဂုဏ်ယူစွာ လုပ်နေသူတစ်ယောက်။ သူက တစ်နေ့မှာ ရုတ်တရက်ကြီးအလုပ်ကထွက်လိုက်တယ်။ အကြောင်းကတော့ သူ့ရွာလေးကိုပြောင်းလဲပေးချင်လို့ သူရွာပြန်ပြီး ပါဆယ်ပို့လုပ်ငန်းလုပ်မယ်လို့ ရည်ရွယ်ပြီး ရွာပြန်လာသူပေါ့...ဒီလိုပဲ မြို့ကနေ ရွာပြန်လာသူတစ်ယောက်ရှိသေးတယ်။သူကကြတော့မိရိုးဖလာလက်ဖက်လုပ်ငန်းကို ဆန့်ကျင်ပြီးကော်ဖီလုပ်ငန်းလုပ်ချင်စိတ်ပြင်းပြနေသူပေါ့... ဒါပေမယ့် ကော်ဖီစိုက် ကော်ဖီကျိတ်ကော်ဖီနှပ်ချင်ပေမယ့် စီးပွါးဖြစ်လုပ်ဖို့ စိတ်ကူးမရှိသူတစ်ယောက်ပါ။ဒီလို ၃ ယောက် ပေါင်းစည်းပြီး ဘယ်လိုတွေ society ကိုအကျိုးပြုအောင်စွန့်ဦးတီထွင်လမ်းဖောက်တယ်ဆိုတာ သေချာလေ့လာရင် လေ့လာသလို ပညာရတဲ့ဇာတ်ကားလေးပါ...အားလုံး အိပ်ပျော်သောညများပိုင်ဆိုင်နိုင်ကြပါစေ Quality : WEB-DL 720pFormat : mp4During ...
movie
Coffee or Tea? ( 2020 )
6.7
Leap ( 2020 )
Imdb 6.7 ရရှိထားပြီးတော့ဆယ်စုနှစ်နဲ့ချီတဲ့ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဆိုမမှားတဲ့တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့...တစ်ချိန်က တရုတ်အမျိုးသမီးဘောလီဘောအဖွဲ့ဟာ တရုတ်ဆိုတဲ့နာမည်ကို ကမ္ဘာကသိရမယ်ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်ထားပြီး အသက်ပေးကြိုးစားလေ့ကျင့်ခဲ့ကြတယ်။ဒီလိုနဲ့ပဲ ၁၉၈၂ ခုနှစ်မှာ အိပ်မက်တွေအောင်မြင်ပြီး ချန်ပီယံဆုကိုပိုက်ကာ အိမ်ပြန်လာခဲ့တယ်ပေါ့.လျန်ဖင်းဆိုတဲ့ သူရဲကောင်းကတော့ အမေရိကားအဖွဲ့ရဲ့ နည်းပြအဖြစ်နှစ် ၂၀ အကြာ မိခင်မြေကို ပြန်ပြီး မိခင်အဖွဲ့နဲ့ပြန်ပြိုင်ရတဲ့အခါမှာတော့တစ်ချိန်က သူကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီး ဘောလီဘောအဖွဲ့ကစံနှုန်းတွေကျနေတာနဲ့အတူ သူနည်းပြလုပ်နေတဲ့ အမေရိကန်အဖွဲ့ကိုပါရှုံးခဲ့တဲ့အချိန်မှာတော့ သူ့ဆုံးဖြတ်ချက်တွေအတွက် ပြန်လည်ဆန်းစစ်ခဲ့တော့တယ်။တစ်ချိန်က ဘာအကူအညီလေ့ကျင့်ရေးစက်တွေ နည်းလမ်းတွေဘာမှမရှိချိန်တုန်းကအသက်ပင်ပေးရပါစေ ချန်ပီယံကို အရယူမယ်လို့ ကြိုးစားခဲ့တဲ့ ခေတ်ကနေအားကစားစက်တွေ လေ့ကျင့်နည်းတွေအပြည့်နဲ့ အားလုံးက ပြိုင်ပွဲကဂိမ်းတစ်ခု အရှုံးအနိုင်က နာမည်တစ်ခုလို့ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုကိုလျန်ဖင်းတို့ဘယ်လိုမှ နားမလည်နိုင်တာအမှန်ပါ။ ဒါကြောင့်လည်း သူတရုတ်ပြည်မှာကျန်ခဲ့ပြီး နည်းပြလုပ်ပြီး တစ်ချိန်က အမျိုးသမီးဘောလီဘောအဖွဲ့နာမည်ကိုထိန်းမယ်လို့ ကြိုးစားခဲ့ပါတယ်။ကြိုးစားမယ်ဆိုတိုင်း ကြိုးစားလို့ရတာမျိုးတော့မဟုတ်ဘူးလေ။အားကစားသမားတွေအရင်စုရတယ်။ လေ့ကျင့်မှုတွေနဲ့အတူ စိတ်ဓာတ်ပါပြုစုပျိုးထောင်ရတာတွေနဲ့ ပင်ပန်းရတဲ့ကြားထဲမှာ ပြိုင်ပွဲကာလအတွင်းထွက်သွားတဲ့ အားကစားသမားတွေနဲ့....ဒီလိုခက်ခက်ခဲခဲကြိုးစားမှုရလဒ်ကတော့ ၂၀၁၆ ခုနှစ်ကမ္ဘာ့အားကစားပြိုင်ပွဲမှာ အဖြေသိရမှာပါ။အဖြေကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြပါလို့.... Quality ...
movie
Leap ( 2020 )
5.6
The Last Wish ( 2019 )
Zawgyi*******ဒီကားလေးဟာ Imdb5.6ရရှိထားပြီး My drama List မှာ8.1ထိရရှိထားတဲ့ 2019 စက်တင်ဘာ12မှ ထွက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဘ၀မှာအသက်ရှင်ဖို့ရက်သိပ်မကျန်တော့ရင် ကိုယ်ဖြစ်ချင်တဲ့နောက်ဆုံးဆန္ဒအတွက်အစွမ်းကုန်ဖြည့်ဆည်းပေးမယ့် ဘော်ဒါရင်းတွေရှိနေပြီလား....ဒီဇာတ်လမ်းလေးထဲမှာ တွေ့မြင်ရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ဘ၀မှာအသက်ရှင်ရန်သိပ်မကျန်တော့တဲ့ သူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒလေးတစ်ခုကို သူ့ရဲ့သူငယ်ချင်းနှစ်ယောက်ကဖြည့်ဆည်းပေးနိုင်ဖို့ကြိုးစားရာကနေ ဘယ်လိုအလွှဲလေးတွေကြုံတွေ့ရမလဲ..နောက်ဆုံးဆန္ဒလေးကိုဖြည့်ဆည်းပေးနိုင်ပါ့မလား.... Unicode*******ဒီကားလေးဟာ Imdb5.6ရရှိထားပြီး My drama List မှာ8.1ထိရရှိထားတဲ့ 2019 စက်တင်ဘာ12မှ ထ ွက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဘဝမှာအသက်ရှင်ဖို့ရက်သိပ်မကျန်တော့ရင် ကိုယ်ဖြစ်ချင်တဲ့နောက်ဆုံးဆန္ဒအတွက်အစွမ်းကုန်ဖြည့်ဆည်းပေးမယ့် ဘော်ဒါရင်းတွေရှိနေပြီလား....ဒီဇာတ်လမ်းလေးထဲမှာ တွေ့မြင်ရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ဘဝမှာအသက်ရှင်ရန်သိပ်မကျန်တော့တဲ့ သူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒလေးတစ်ခုကို သူ့ရဲ့သူငယ်ချင်းနှစ်ယောက်ကဖြည့်ဆည်းပေးနိုင်ဖို့ကြိုးစားရာကနေ ဘယ်လိုအလွှဲလေးတွေကြုံတွေ့ရမလဲ..နောက်ဆုံးဆန္ဒလေးကိုဖြည့်ဆည်းပေးနိုင်ပါ့မလား....
movie
The Last Wish ( 2019 )
2019