Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Penélope Cruz
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
6.7
Elegy (2008)
IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားကဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကိုဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲကCaptain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီးအမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley)တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားကသားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကိုတစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင်ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ File size… 2.3 GB ...
movie
Elegy (2008)
7.3
Twice Born (2012)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းဖြစ်ရပ်မှန်ကိုနောက်ခံထားတဲ့ အီတလီဒရာမာဇယတ်လမ်းလေးပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.3 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။မင်းသားကတော့ Into the wild , the girl next door တို့မှာပါဝင်ထားတဲ့ Emile Hirsch ဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Penelope Cruz ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1992 ခုနှစ်မှာ Bosnia and Herzegovina နိုင်ငံရဲ့မြို့တော် Sarajevo ကိုအပိတ်ဆိုခံရတာကိုအခြေခံထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အီတလီနိုင်ငံသူ ဂျမ်မာဟာသူ့ရဲ့သား ပီယက်ထရို့နဲ့အတူ Sarajevo မြို့ပိတ်ဆိုခံရတဲ့အထိမ်းအမှတ်ပွဲအတွက် Bosnia နိုင်ငံကိုသွားခဲ့ပါတယ်။ ဂျမ်မာဟာ ၁၉၉၂ ခုနှစ် Sarajevo မြို့ပိတ်ဆို့ခံရတဲ့အချိန်မှာ အဲ့မြို့မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကဂျမ်မာကတက္ကသိုလ်စာတမ်းပြုစုဖို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ အဲ့ဒီမှာသူမရဲ့သား ပီယက်ထရိုရဲ့အဖေဖြစ်မဲ့သူ အမေရိကန်လူမျိုး ဓါတ်ပုံဆရာ ဒီရေဂိုနဲ့တွေ့ရှိပြီးချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်မာဟာမြုံနေတဲ့အတွက်ကိုယ်ဝန်မရနိုင်တဲ့အခါ အက်စ်ကာဆိုတဲ့ဂီတပညာရှင်ကောင်မလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့စဉ်းစားလာပါတယ်။ ထို့နောက် Sarajevo မြို့ပိတ်ဆို့ခံပြီး ...
movie
Twice Born (2012)
6.8
Ferrari (2023)
Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie
Ferrari (2023)
2023
4K HEVC
5.8
All the Pretty Horses (2000)
All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါသေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
All the Pretty Horses (2000)
2000
7.1
Vicky Cristina Barcelona (2008)
IMDb----7.1/10မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Tz
movie
Vicky Cristina Barcelona (2008)
6.0
Sahara (2005)
Sahara (2005)IMdb Rating (6.0)ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့....၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက ...
movie
Sahara (2005)
2005
1080p HEVCOpenMatte
6.7
On the Fringe (2022)
On the Fringe (2022)~ IMDb - 6.7/10, Rotten Tomatoes - 80% ~စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ...
movie
On the Fringe (2022)
2022
6.7
The Counselor(2013)
The Counselor(2013)*******************2013 ထွက် The Counselor ဆိုတဲ့ ဇာတ်ကားဟာ cast အလန်းစားတွေချည်း ပါဝင်ထားတဲ့Thriller/Crime ဇာတ်ကားတကားဖြစ်ပါတယ် မက္ကဆီကိုမှာ မူးယစ်ဆေးတွေကို မိလ္လာကားတွေနဲ့ တင်ပို့နေတဲ့ လောကကိုရှေ့နေတယောက် ဝင်ရောက်လာပြီး ပွပေါက်ရှာခဲ့တယ်..သူ့အတွက်တော့ အစပိုင်းတော့ ငွေထုတ်တွေနဲ့ ယစ်မူးချင်စရာဖြစ်ပေမဲ့...အချိန်ကြာလာနာနဲ့အမျှ သူဟာ သေမင်းဆီတဖြည်းဖြည်းတိုးကပ်သလိုဖြစ်လာပါတယ်..ဘယ်သူတွေက ဒီလောကနောက်ကွယ်မှာရှိနေတာလဲ..ဒီပြဿနာတောကြီးထဲကနေ သူထွက်လာနိုင်ပါ့မလား..File Size :(2.3GB) (980 MB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:57:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Thwin Encoded by Phyo Pyae
movie
The Counselor(2013)
6.6
Pirates of the Caribbean: On Stranger Tides(2011)
Pirates of the Caribbean: On Stranger Tides(2011) ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့ မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်... File Size : (5.06GB)(3.63GB) and (1.24GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: On Stranger Tides(2011)
2011
4K HEVC
[+18]Jamon Jamon(1992)
[+18]Jamon Jamon(1992) အညွှန်း*****************************Penélope Cruz နဲ့ Javier Bardem တို့လို့ နာမည်ကျော်တွေပါပြီးအတော်ကြမ်းတဲ့ (၁၈+ )ခန်းတွေပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဇာတ်လမ်းလေးကတော့ အမျိုးသားအောက်ခံဘောင်းဘီထုတ်လုပ်တဲ့စက်ရုံပိုင်ရှင်ရဲ့သား ဂျိုးလူးဝစ်ဟာသူတို့စက်ရုံက အလုပ်သမားလေးဆေဗီယာဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်မိသွားကြတယ်။ဆေဗီယာတို့မိသားစုပြေလည်ကြတဲ့သူတွေမဟုတ်ကြပါဘူး၊ဖခင်ကစွန့်ပစ်သွားတဲ့အတွက် ဆေဗီယာရဲ့မိခင်ဟာသူတို့ညီအစ်မသုံးယောက်ကိုငယ်စဉ်ကတည်းကရှာကျွေးရတယ်။စီးပွားရေးအခြေအနေအရ ဘားလေးတစ်ခုဖွင့်ထားတယ်၊ပတ်ဝန်းကျင်ကသူ့အမေကိုအပျက်မလို့သမုတ်ကြတယ်၊ဒီလိုနဲ့ဆေဗီယာဟာလူးဝစ်နဲ့ကိုယ်ဝန်ရှိသွားတယ်၊လူးဝစ်ရဲ့အမေဟာ ဆေဗီယာနဲ့သဘောမတူပါဘူး၊စက်ရုံမှာကြော်ငြာလာရိုက်တဲ့ ရာဟူးလ်ဆိုတဲ့တစ်ယောက်ကိုပိုက်ဆံပေးပြီးသူတို့နှစ်ယောက်ကိုပြတ်ခိုင်းအောင်ကြံစည်ခိုင်းတဲ့အခါမှတော့..... File Size :(1.9GB)(0.9GB) and (311MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
[+18]Jamon Jamon(1992)
Official Competition (2021)
Official Competition (2021)2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ ...
movie
Official Competition (2021)
2021
5,8
Gothika(2003)
Gothika (2003)ဒီတစ်ခေါက် CM ပရိတ်သတ်တွေကို ၂၀၀၃တုန်းက ထွက်ရှိထားတဲ့Gothika ဆိုတဲ့ သည်းထိပ်ရင်ဖိုသဘာ၀လွန်ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်R Rated လဲရထားပြီး ဆု၆ခုထိရထားတဲ့ Horrorကားတကားမလို့ အတော်လေးကောင်းတဲ့ထဲပါပါတယ် Castပိုင်းမှာဆိုရင်လဲ Robert Downey Jrလိုသရုပ်ဆောင်ကောင်းတစ်ယောက်ပါ ပါဝင်ထားတာမလို့ ရုပ်ရှင်ကားကောင်းတခုဆိုတာညွှန်းလိုပါတယ်.....ဇာတ်လမ်းအကျဉ်းလေးကတော့Miranda ဆိုတဲ့ စိတ်ရောဂါအထူးကုဆရာ၀န်တစ်ယောက်ဟာ မိုးရွာတဲ့ညတစ်ညမှာအိမ်ပြန်ရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကိုတိုက်မိမလိုဖြစ်ရာကနေရှောင်ရင်း ယာဉ်တိုက်မှုဖြစ်သွားခဲ့ရပါတယ်။နောက်တစ်နေ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ သူအလုပ်လုပ်ရာအကျဉ်းထောင်ရဲ့အကျဉ်းခန်းကို ရောက်နေပြီးယောက်ျားဖြစ်သူက ရက်ရက်စက်စက်အသတ်ခံခဲ့ရကြောင်းနဲ့ သူကသံသယရှိသူဖြစ်နေကြောင်းကိုသိလိုက်ရတော့Miranda တစ်ယောက်တုန်လှုပ်သွားခဲ့ရပြန်ပါတယ်။သူမြင်နေတဲ့မိန်းကလေးကလည်းသေပြီးသားသူဖြစ်နေတဲ့အပြင် ယောက်ျားဖြစ်သူကိုမသတ်ကြောင်း အဲမိန်းကလေးကိုမြင်မြင်နေရကြောင်းပြောတော့လည်း ဘယ်သူကမှသူ့ကိုမယုံကြဘဲစိတ်ရောဂါသည်ကြီးလို့ထင်ကုန်ကြတဲ့အချိန်မှာ Miranda တစ်ယောက် မရူးကြောင်းဘယ်လိုသက်သေပြမလဲထောင်ထဲရောက်နေရတဲ့ပြဿနာကို တစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File size…2GB / 900MB Quality…1080p BluRay AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena
movie
Gothika(2003)
2003
7.1
Parallel Mothers (2021)
Parallel Mothers (2021) ~ IMDb - 7.1/10, RT - 97%, Meta - 88% ~Directed by Pedro Almodóvarလက်ရှိအော်စကာမှာ Best Actress နဲ့ Best Original Score ဆန်ခါတင် ၀င်ထားတဲ့ စပိန်ရုပ်ရှင်ပါ။ စပိန်ကားပေမဲ့ စပိန်က Oscar Entry အဖြစ် မရွေးခဲ့တာကြောင့် International Feature Film ထဲ ဆန်ခါတင်မ၀င်ပဲ Main Category တွေထဲ ၀င်သွားတဲ့ ရှားရှားပါးပါးရုပ်ရှင်ပါပဲ။ ဟိုးတုန်းကတော့ အလားတူ ဂျပန်ကလည်း ခုရိုဆ၀ရဲ့ Ran ကို မရွေးဘဲ တခြားကားကိုရွေးခဲ့တာကြောင့် အော်စကာရဖို့ လက်လွတ်ခဲ့ရဖူးပါတယ်။ ခုလည်း စပိန်က Parallel Mothers ကို မရွေးခဲ့ပေမဲ့ အော်စကာကတော့ IFF ထဲမ၀င်တဲ့ ...
movie
Parallel Mothers (2021)
2021
4.8
The 355 (2022)
The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie
The 355 (2022)
6.5
Murder on the Orient Express (2017)
Murder on the Orient Express (2017) IMDb - 6.5/10_____Rotten - 61% စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ ...
movie
Murder on the Orient Express (2017)
2017
4K HEVC
6.6
The Brothers Grimsby (2016)
၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးမြို့သား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီးညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။နှစ်ပေါင်း ၃၀ ကြာတဲ့ထိ ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာစစ်ဆင်ရေးနဲ့ရောက်နေတဲ့ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ဝမ်းသာအားရ နှုတ်ဆက်မိချိန်မှာ...အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေသလိုဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့်မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။ File size…(1.4 GB ) / (800 MB) Quality…BluRay 1080p / ...
movie
The Brothers Grimsby (2016)
5.1
G-Force (2009)
G-Force (2009)IMDb - 5.1CM ပရိသတ်ကြီးကို စိတ်၀င်စားဖို့ကောင်းပြီး အပန်းလည်းပြေစေမယ့် comedy/family film လေးတစ်ခုတဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူးလေးတွေကို ချစ်တတ်သူဆိုရင်လည်း ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဒါ၀င်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို့ဟာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။သူတို့အဖွဲ့ကို G-Force လို့ခေါ်ပြီး သူတို့ဟာ အစိုးရဘက်က လိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါ၀င်အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွားပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံလွတ်အောင်ပြေးပြီး ဆိုလာရုံမက ဒါ၀င်တို့ကိုပါ ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့ ဒါ၀င်တို့ လေးကောင်လည်း ရန်သူတွေလက်က လွတ်အောင်ပြေးပြီး သူတို့ စုံစမ်းခဲ့တဲ့ အမှုက မမှားကြောင်း သက်သေပြန်ပြဖို့ ကြိုးစားကြပါတော့တယ် ....အစိုးရကရော ဘာအမှုကို လိုက်နေတာလဲ G-Force အဖွဲ့ကရော သူတို့မှန်ကန်ကြောင်း ဘယ်လိုလဲ သက်သေတွေပြကြဦးမှာလဲ .....ဟာသလေးတွေနှောပြီး စိတ်၀င်စားဖို့ကောင်းတာမလို့ ကြည့်ရှူကြဖို့တိုက်တွန်းလိုက်ရပါတယ် Translated by : ...
movie
G-Force (2009)
6.3
To Rome with Love (2012)
[Unicode]To Rome With Love (2012)Directed By Woody Allenဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။ ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။ ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။ ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ဘယ်လောက်ထိသရော်သလဲဆို စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့ မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။ ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။ သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ...
movie
To Rome with Love (2012)
5.8
Wasp Network 2019
ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie
Wasp Network 2019
1
2
Next