Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Payman Maadi
7.3
13 Hours: The Secret Soldiers of Benghazi (2016)
13 Hours: The Secret Soldiers of Benghazi (2016) Imdb rating 7.1/10၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transformers ကားတွေရဲ့ ဒါရိုက်တာ Michael Bay ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အမျိုးအစားက action / war ဖြစ်ပြီး ၂၀၁၂ ခုနှစ် လစ်ဗျားမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။ John Krasinski က အဓိကဇာတ်ကောင် Jack Silver အဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၂ ခုနှစ်မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး နေရာတွေထဲကတစ်ခုဖြစ်လာပါတယ်။ ဘင်ဂါဇီမြို့မှာ တရားဝင်မဟုတ်တဲ့ အမေရိကန်သံတမန်ရုံးတစ်ခုရှိပြီး အဲဒီသံတမန်ရုံးနဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာမှာ Annex ...
movie
13 Hours: The Secret Soldiers of Benghazi (2016)
2016
4K HEVC
6.6
Opponent (2023)
2011တုန်းက ထွက်တဲ့ A Seperation ဆိုတဲ့ အီရန် ရုပ်ရှင်ကားကိုကြည့်ဖူးရင် ဒီရုပ်ရှင်မင်းသား Payman Maadi ကို သိကြမှာပါ။ ဒီကားထဲမှာ သူက အီရန်ဒုက္ခသည် နပန်းသမားဟောင်း Iman အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်လမ်းက ဒုက္ခသည်တွေရဲ့ ဘဝကို နောက်ခံထားရိုက်ထားပေမယ့် Imanရဲ့ ပဋိပက္ခတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အီရန်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်နေရတယ်လို့ မခံစားရဘဲ လက်တွေ့ဘဝကိုကြည့်နေရသလို နစ်ဝင်စီးမြောသွားစေမယ့်ကားပါ။ဇာတ်လမ်းအနေနဲ့ Iman ရယ် သူ့မိန်းမနဲ့ သမီးလေးနှစ်ယောက်က အီရန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို ဒုက္ခသည်အနေနဲ့ ထွက်ပြေးခဲ့ပါ တယ်။ ဆွီဒင်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် တစ်ခုပြီး တစ်ခု ကြိုးစားပါတယ်။ နောက်ဆုံးမှာ ဆွီဒင်နိုင်ငံအတွက် နပန်းပြိုင်ပွဲဝင်ပေးရင် နေထိုင်ခွင့်ရမယ်အထင်နဲ့ နပန်းကိုပြန်လေ့ကျင့်ခဲ့ပါတယ်။ သူမေ့ချင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်နဲ့ သူကိုယ်တိုင် သူ့ကိုယ်သူဝန်မခံချင်ဘဲ ထွက်ပြေးနေတဲ့ အရာက ဘာများလဲ။ သူတို့မိသားစုရော ဘာဆက်ဖြစ်မှာလဲ သိရဖို့ ရုပ်ရှင်ကိုပဲ ...
movie
Opponent (2023)
7.9
About Elly (2009)
"အယ်လီ့အကြောင်း"လို့အမည်ရတဲ့ IMDb 7.9 နဲ့ Rotten Tomatoes 99% အထိ ရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု ၁၇ ခု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနစ်ထွက် အီရန်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ တက္ကသိုလ်တုန်းက သူငယ်ချင်းဟောင်းတွေဟာ မိသားစုစုံစုံလင်လင်နဲ့ ပိတ်ရက်မှာ ကက်စ်ပီယံပင်လယ်ကမ်းခြေဆီကို ၃ရက်တာ ပျော်ပွဲစားခရီး ထွက်လာခဲ့ကြပါတယ်။ဒီအဖွဲ့ထဲမှာ လူလတ်တန်းစားမိသားစု သုံးစုပါ၀င်ပါတယ်။ ခရီးကိုစီစဉ်ခဲ့သူကတော့ "ဆယ်ပီဒေ"ဖြစ်ပြီးတော့ ဆယ်ပီဒေဟာ သမီးဖြစ်သူရဲ့ မူကြိုဆရာမဖြစ်သူ "အယ်လီ"ကို ဂျာမနီကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူ "အာမတ်"နဲ့ မိတ်ဆက်ပေးဖို့ရာ ခရီးကိုခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ ပင်လယ်ကမ်းခြေဘေးက ငှားရမ်းထားတဲ့ အိမ်လေးမှာ အပန်းဖြေအနားယူနေကြရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ "အယ်လီ" တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး သောကပင်လယ်လှိုင်းတွေဟာ ဒီခရီးသွားအုပ်စုလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့နောက်မှာတော့..."ဆယ်ပီဒေ"တစ်ယောက် နာမည်ရင်းကိုတောင်သေချာမသိဘဲ ခေါ်လာခဲ့တဲ့ "အယ်လီ"ဆိုတဲ့မူကြိုဆရာမလေးရဲ့ တကယ့်သရုပ်မှန်က ဘာများလဲ ဘယ်လိုအကြောင်းကိစ္စကြောင့် ...
movie
About Elly (2009)
5.3
Aporia (2023)
Aporia (2023)ဆိုဖီဟာ ခင်ပွန်းဖြစ်သူ မယ်လ်ကို ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးထားရပြီးနောက်ပိုင်းမှာ သမီးလေး ရိုင်လီနဲ့ သူဟာ ဦးတည်ရာမဲ့ စိတ်လေလွင့်နေခဲ့ကြပါတယ်။ အမေနဲ့ သမီး အစေးမကပ် နေ့ရက်တွေကို ဖြစ်သလို ဖြတ်သန်းနေကြရင်းက မယ့်လ် သူငယ်ချင်း ဂျဘီးယားက ဆိုဖီိ့ကို သူနဲ့ မယ်လ် တီထွင်ထားတဲ့ အချိန်သွားခရီးစက်ကို ပြသပါတော့တယ်။အချိန်သွားခရီးစက်ဆိုတာထက် ဒီစက်ဟာ အတိတ်က လူတွေကို သတ်ပစ်နိုင်တဲ့စက်ပေါ့... ဆိုဖီဟာ ချက်ချင်းဆိုသလို ဒီစက်ကိုအသုံးပြုပြီး မယ့်လ်ကို ပြန်ခေါ်ခဲ့ပါတယ်.... ဒါပေမယ့် အကြောင်းကြောင့် အကျိုး… အရာရာတိုင်းဟာ ဆက်စပ်မှုတွေ ရှိနေစမြဲပါ... ဒီစက်ကို အသုံးပြုလိုက်တဲ့အတွက်ကြောင့် ဘာတွေ ဖြစ်လာသလဲ... မယ်လ်တစ်ယောက်ပဲ ပြန်လာတာလား.... ဒီလူတစ်ယောက်ကနေ ဘာတွေ ဆင့်ပွားဖြစ်လာခဲ့သလဲ... မယ်လ်ကရော ဆိုဖီသိတဲ့ မယ်လဲပဲလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...Timelineeနဲ့ ပက်သက်တဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ဒိကားကို ကြည့်ရှုဖို့ လုံးဝ recommend ပေးပါတယ်ခင်ဗျအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ...
movie
Aporia (2023)
2023
7.9
Leila’s Brothers (2022)
Leila's Brothers (2022)~ IMDb - 7.9/10, Rotten Tomatoes - 86% ~ဒီတစ်ခေါက်မှာတော့ မိသားစု Vibe ကို အပြည့်ပေးစွမ်းနိုင်မယ့် အီရန်ကားတစ်ကား တင်ပေးလိုက်ပါတယ်။ မိသားစုဇာတ်လမ်းလို့ ပြောလိုက်ရင် တော်တော်များများက ပျင်းဖို့ကောင်းတယ်လို့ထင်ကြမှာပါ။ ဒါပေမဲ့ အီရန်ကားတွေထုံးစံအတိုင်း တကယ်လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေ၊ ဖြစ်ချင်ဇောနဲ့ လူငယ်တွေကိုလိုက်ပြီး အတင်းအကြပ်ချုပ်ချယ်တတ်တဲ့ လူကြီးတွေရဲ့ အတ္တစိတ်၊ ပတ်ဝန်းကျင်အခြေအနေကြောင့် လုပ်ချင်ရာလုပ်ပြီး ကိုယ့်အတွက်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တော့မှ လွယ်လွယ်နဲ့လက်မြောက်အရှုံးတတ်တဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ မိုက်မဲမှုတွေကို ပေါ်လွင်အောင် ရိုက်ကူးပေးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ သိပ် မ Spoil တော့ပါဘူး။ နာမည်အတိုင်း လိုင်လာဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကိုအခြေခံရိုက်ကူးထားပါတယ်။ လိုင်လာ့မှာ မိသားစုဝင် မိသားစုဝင်ခုနစ်ယောက်ရှိပါတယ်။ သူ့အစ်ကို အကြီးနှစ်ယောက်ကလည်း အလုပ်လက်မဲ့ဖြစ်သွား၊ သူ့မောင်နှစ်ယောက်ကလည်း သုံးစားမရဖြစ်တဲ့အပြင်၊ သူမိဘနှစ်ပါးကလည်း အမျိုးတွေကြားမှာ မျက်နှာရအောင် ရရာကြံပြီး မိသားစုဂုဏ်ကိုပြိုင်လုကြတာကို အီရန်ကားတစ်ကား ...
movie
Leila’s Brothers (2022)
2022
8.3
A Separation (2011)
A Separation (2011)~ IMDb - 8.3/10, Rotten Tomatoes - 99% ~ဒီဇာတ်လမ်းကတော့ အီရန်လူ့အဖွဲ့အစည်းရဲ့ တင်းကြပ်တဲ့စည်းမျဥ်းတွေအောက်မှာ ရုန်းကန်နေရတဲ့ဘဝတွေအကြောင်းဖြစ်ပြီး နာဒါ စီမင်တို့စုံတွဲနဲ့ ရာဇီရက် ဟိုဂျက်တို့စုံတွဲနှစ်တွဲက ဒီဘဝတွေကို ကိုယ်စားပြုထားပါတယ်။နာဒါနဲ့စီမင်တို့က ၁၄ နှစ်ကြာအိမ်ထောင်ရေးကိုအဆုံးသတ်ဖို့လုပ်နေကြပြီး အကြောင်းရင်းကတော့ စီမင်က သူ့သမီးကို လုံခြုံပြီးတိုးတက်တဲ့နိုင်ငံမှာ ပျိုးထောင်ချင်ပေမဲ့ နာဒါကတော့ အယ်ဇိုင်းမားရောဂါခံစားနေရတဲ့သူ့အဖေကိုထားခဲ့ပြီး ဘယ်ကိုမှမသွားဖို့ဆုံးဖြတ်ထားလို့ပါ။ရာဇီရက်ဇာတ်ကောင်ကတော့ တင်းကြပ်တဲ့ဘာသာရေးနဲ့ ဖိုဝါဒကြီးစိုးမှုအောက်မှာ ဘယ်အရာကိုမှကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ မွန်းကြပ်မှုကိုထင်ဟပ်နေပါတယ်။ ရာဇီရက်တစ်ယောက် အိမ်ရဲ့ငွေကြေးအခက်အခဲကိုဖြေရှင်းဖို့ ယောက်ျားမသိအောင်အလုပ်ထွက်လုပ်ရာကနေ ပြဿနာပိုကြီးသွားပါတယ်။မိသားစုနှစ်ခုရဲ့ဒုက္ခသုက္ခတွေနဲ့အတူ လိင်ခွဲခြားမှု လူတန်းစားခွဲခြားမှု ဘာသာရေးအယူသီးမှုတွေကို Highlight လုပ်ထားတာကိုတွေ့ရမှာပါ။A Separation ဟာ Academy Award for Best Original Screenplay ဆုကို ဆန်ခါတင်ဝင်ခဲ့သလို Golden Globe မှာလည်း Best Foreign Language ...
movie
A Separation (2011)
2011
6.2
Last Knights(2015)
Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie
Last Knights(2015)
6.3
6 Underground (2019)
deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းကတော့...ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie
6 Underground (2019)
2019
4K HEVC