Channel Myanmar

Paulyne Wei

Everything Puppies (2024) 6.0
Everything Puppies (2024)  ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppiesရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိသဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင်ဖန်တီးလေ့ရှိပါတယ်။တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်းတာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေကလက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက်အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့်အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကိုချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစလုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုကလိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်းအထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Everything Puppies (2024)

Would You Kill for Me? The Mary Bailey Story (2023) 6.4
Would You Kill for Me? The Mary Bailey Story (2023)  သားသမီးဆိုတာ မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီးတွေဖြစ်ကြသလို မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သားသမီးတွေလဲရှိကြပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ Would You Kill for Me? The Mary BaileyStory ဆိုတဲ့ဇာတ်ကားနာမည်အတိုင်း အမေ့အတွက် သမီးလူသတ်ပေးနိုင်မလားဆိုတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားစရာကောင်းအောင် ဖြစ်ရပ်မှန်တစ်ခုကိုပြန်လည်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။လက်ရှိမှာ IMDb Rating 6.3 ရရှိထားပြီး တကယ်လည်းကြည့်လို့အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အိမ်တစ်အိမ်မှာပထွေးနဲ့ မိန်းမနဲ့ သားသမီးတွေကြားက အော်ဟစ်ဆူညံသံတွေကို တွေ့ရမှာဖြစ်ပြီးတစ်ခဏ အကြာမှာတော့ သေနတ်သံတစ်ချက်နဲ့ အတူအရာအားလုံးက ငြိမ်သက်သွားပါတော့တယ်။ခဏအကြာမှာတော့ ရဲတွေရောက်ရှိလာပြီး ပထွေးဖြစ်သူသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရပါတော့တယ်။ အဲ့လို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဘယ်သူလည်းဆိုတာကို သိဖို့အတွက် မယ်ရီ အပြင် သူ့အမေဖြစ်သူဗရော်နီကာနဲ့ အဖွားဖြစ်သူတို့ကို စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတော့တယ်။ဘယ်သူဆိုတာ သဲသဲကွဲကွဲ အဖြေမပေါ်တဲ့အတွက် တရားရုံးတင်ပြီးစစ်ဆေးဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်ရဲ့ တစ်ယောက်ချင်းစီပြောပြပုံတွေကိုနောက်ကြောင်းပြန်တဲ့ အနေနဲ့ကြည့်ရှုပြီး နောက်ဆုံးမှာတော့ တကယ်တမ်းပထွေးဖြစ်သူကို သတ်ခဲ့တာ ဇာတ်ကားနာမည်အတိုင်း မယ်ရီဖြစ်နေမလားဆိုတာကိုစိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.58GB / ...
movie

Would You Kill for Me? The Mary Bailey Story (2023)

Buffaloed (2019) 6.2
Buffaloed (2019) 2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island 
movie

Buffaloed (2019)