Channel Myanmar

Paulo Tocha

Bound by Honor (aka) Blood In, Blood Out (1993) 7.9
Bound by Honor (aka) Blood In, Blood Out (1993)  ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Bound by Honor (aka) Blood In, Blood Out (1993)

Strange Days (1995) 7.2
Strange Days (1995) Strange Days (1995)~ IMDb - 7.2/10, RT - 68%, Meta - 66% ~1995 တုန်းက Sci-Fi ကားတစ်ခုအ​နေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်​ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်​ဆောင်ပါဝင်ထားပြီး Rating ​လေး​လည်း​ကောင်းတဲ့ Strange Days ဆိုတဲ့ကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းကို​တော့ ရာစုနှစ်တစ်ခုရဲ့​နောက်ဆုံး​နေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ​ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတစ်​ယောက်ရဲ့​ခေါင်း​ပေါ်မှာ ချပ်ပြား​တွေပါတဲ့​ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်​တွေကို မှတ်တမ်းတင်အ​​ခွေတစ်ခုအ​​နေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစား​ရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့​ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်​ပြောင်းလဲသွားခဲ့ပါတယ်။ဒီကားရဲ့ အဓိကဇာတ်​ကောင်ဖြစ်တဲ့ လန်နီက​တော့ ဒီနည်းပညာကိုအသုံးပြုပြီး လူ​တွေရဲ့စိတ်ကို​ကျေနပ်​​အောင်လုပ်​ပေးရင်း တစ်​နေ့မထင်မှတ်ပဲ လူမည်းတစ်​ယောက်ကို လူဖြူ ရဲ​တွေ ...
movie

Strange Days (1995)

1995
Predator 2 (1990) 6.3
Predator 2 (1990) Predator 2(1990)IMDb Rating (6.3)ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

Predator 2 (1990)

1080p HEVC
In Hell (2003) 6.2
In Hell (2003) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထောင်ဇာတ်လမ်းကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသားကြီး Van Damme ရဲ့ ဇာတ်ကားဖြစ်တဲ့ In Hell ဆိုတဲ့ ဇာတ်ကားပါ ။In Hell ဆိုတဲ့အတိုင်း ထောင်တွင်း လာဘ်စားမှု့တွေ ၊ ထောင်တွင်း လူမိုက်ဂိုဏ်းတွေရဲ့ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု့တွေ အပြင် ထောင်ဆိုတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကိုပါ သေချာရိုက်ပြထားတာပါ ။ဇာတ်လမ်းကတော့...မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါအလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါထောင်တွင်း သတ်ကွင်းတွေ ၊ ...
movie

In Hell (2003)

Bloodsport (1988) 6.8
Bloodsport (1988) [Unicode]Bloodsport (1988)မင်းသားကြီး Van Damme ဟာဆိုရင် ကျွန်တော့်တို့ ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့ရတဲ့ မင်းသားကြီးလို့ ပြောရင် မှားမယ်မထင်ပါဘူး သူ့ရဲ့ကားတွေ တော်တော်များများက အောင်မြင်တဲ့ကားကောင်းတွေချည်းပါပဲ ဒီထဲကမှ ၁၉၈၈ လောက်ကရိုက်ထားတဲ့ ဒီကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားထွက်တဲ့အချိန် ကျွန်တော် မမွေးသေးပါဘူး ဒီလောက်ကြာပြီဖြစ်တဲ့ကားဖြစ်တာတောင် ဘယ်အချိန်ပြန်ကြည့်ကြည့် ကောင်းနေဆဲပါပဲ ရုပ်ရှင်ဆိုတာ ဒါမျိုးကိုခေါ်တာပါဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် Van Damme က ဒီဇာတ်လမ်းမှာ တပ်ပြေးတစ်ယောက်ပါ ငယ်ငယ်တည်းကသူ့ကို အဖေအရင်းတစ်ယောက်လို ကိုယ်ခံပညာတွေသင်ပေးခဲ့တဲ့ သူ့ဆရာ ရှီဒိုးရှီ ကို ဂုဏ်ယူစေချင်တဲ့အတွက်ကြောင့် ဟောင်ကောင်မှာ ကျင်းပမယ့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ကူမစ်တီ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တပ်ပြေးတစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့မလွယ်ကူလှပါဘူး ဘာကြောင့်ဆို သူ့ကို ပင်ရင်းတပ်ဆီပြန်ခေါ်လာဖို့ အမိန့်ထုတ်ထားတာကြောင့် ဟောင်ကောင်ရဲတွေနဲ့ သူ့အထက်အရာရှိရဲနှစ်ယောက်က တစ်မြို့လုံးကို လိုက်လံရှာဖွေနေတာပါဒီထဲမှာတော့ တော်တော်များများ ဘရုစလီကား Enter the dragon မှာ လူသိများပြီး ကျွဲကြီး လို့ခေါ်ကြတဲ့ ...
movie

Bloodsport (1988)