Channel Myanmar

Paul Wong Kwan

Once Upon a Time in China V (1994) 5.9
Once Upon a Time in China V (1994)  ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ မိသားစုဝင်တွေ တပည့်တပန်းတွေနဲ့ ဟောင်ကောင်ကို ပြန်တဲ့လမ်းတစ်ထောက်မှာ သုဿန်တလင်းလို ခြောက်ကပ်နေတဲ့ မြို့တစ်မြို့ကို ရောက်ရှိလာပါတော့တယ်။ ဖြစ်ပုံကတော့ မဟာမိတ်တပ်တွေက မြို့တော်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး မြို့နယ်ဘဏ္ဍာငွေတွေကို ခိုးယူကာ ထွက်ပြေးသွားပါတော့တယ်။ဒါကြောင့် တစ်မြို့လုံးက တရားဥပဒေစိုးမိုးမှုမရှိဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပင်လယ်ဓားပြတွေကလည်း သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး မြို့သူ့မြို့သားတွေခမျာ စားစရာမရှိ လျော်စရာရှိ ဖြစ်နေပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ဝမ်ဖေးဟုန်ဟာ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ဖြစ်တည်လာအောင် ပင်လယ်ဓားပြတွေကို တိုက်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ဂျက်လီ၊ ဂျက်ကီချန်း၊ ဝမ်ဖေးဟုန်တို့ဆိုတာ ငယ်ငယ်ကတည်းက မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့အတွက် ဒီဇာတ်ကားလေးကတော့ ငယ်ဘဝကို လွမ်းဆွတ်စရာ ဇာတ်ကားကောင်းလေးမို့လို့ ကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, ...
movie

Once Upon a Time in China V (1994)

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

In the Line of Duty 4 (1989) The Witness 7.1
In the Line of Duty 4 (1989) The Witness မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခု ၄ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 4 (1989) ဇာတ်ကားကို The Witness လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသားကြီး Donnie ...
movie

In the Line of Duty 4 (1989) The Witness