Channel Myanmar

Paul Sparks

Deception (2008) 6.0
Deception (2008)  နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။  File size…1.67GB / 756MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Deception (2008)

The Bikeriders (2024) 7.1
The Bikeriders (2024)  Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင်ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကိုအလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။The Bikeriders မှာတော့ မင်းသားကြီး Tom Hardy,ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီးJodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့The Bikeriders photo book ကို မှီငြမ်းထားတယ်လို့သိရပါတယ်။ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်ကအဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက်ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကိုဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File ...
movie

The Bikeriders (2024)

Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
The Greatest Showman (2017) 8.0
The Greatest Showman (2017) The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie

The Greatest Showman (2017)

2017
4K HEVC
The Lovebirds (2020) 6.1
The Lovebirds (2020) Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size…  1.67 GB /  640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  ...
movie

The Lovebirds (2020)

2020
Edge of Darkness(2010) 7.0
Edge of Darkness(2010) Edge of Darkness(2010) အညွှန်း***************************IMDb...7.0"လူတိုင်းနိုင်ငံရေးလုပ်လာကြတဲ့ အခြေအနေတစ်ခုရှိတယ် လုံးဝမဖြစ်သင့်တဲ့အဖြစ်မျိုးမှန်း သိနေတဲ့အခါမှာ ဝင်ပါရတော့တာပဲလေ ကိုယ့်ဘဝဆုံးသွားနိုင်တယ်ဆိုတာတောင်သိလျှက်နဲ့ပေါ့"ဒါကတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဂျက်ဘာ့ဂ်က ပြောခဲ့တဲ့စကားပေါ့...ဘော်စတွန်မြို့က စုံထောက် သောမတ်စ်ခရေဗင်မှာ အမ်မာခရေဗင်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်.. တစ်နေ့တော့ သူနဲ့သူ့သမီးနဲ့ အိမ်တံခါးဝကအထွက် လူတစ်ယောက်က "ခရေဗင်"လို့အော်ပြီး Shotgun နဲ့ပစ်သွားတာမှာ သူ့သမီးမှန်ပြီး ဆုံးသွားတယ်..... ခရေဗင်ဟာ စုံထောက်တစ်ယောက်ဖြစ်တဲ့အတွက် ရန်ငြှိုးရန်စတွေရှိမှာပဲလို့ရဲတွေကတွေးမိတဲ့အခါမှာ လူသတ်သမား တကယ်တမ်းသတ်ချင်တဲ့လူကစုံထောက်ခရေဗင်ပဲဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်... သူ့ကိုပစ်တဲ့အချိန်မှာ သူ့သမီးကိုမှားပြီးထိသွားတယ်ပေါ့... ဒါပေမဲ့ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိတဲ့ စုံထောက်ခရေဗင်အတွက်တော့တစ်ကိုယ်တော်ထောက်လှမ်းမှုတွေလုပ်ပြီး လူသတ်သမားကို လိုက်ရှာတဲ့အခါမှာသူ့သမီးနဲ့ပတ်သက်တဲ့အကြောင်းတွေကို မထင်မှတ်စွာဘဲ ရှာဖွေတွေ့ရှိလာခဲ့ရချိန်မှာတော့...   File Size :(2.2GB) (0.9 GB) and (365 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…01:52:00 Genre : Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie

Edge of Darkness(2010)

Human Capital (2019) 6.9
Human Capital (2019) နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်‌ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ‌၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Human Capital (2019)

Thoroughbreds (2017) 7.3
Thoroughbreds (2017) ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။သူတို့ဘ၀ဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by ...
movie

Thoroughbreds (2017)

2017