Channel Myanmar

Paul Rudd

The Shape of Things (2003) 6.6
The Shape of Things (2003)  ဒီရုပ်ရှင်က နားလည်ရခက်တဲ့ မိန်းမတွေထက် ပိုနားလည်ရခက်တဲ့ Artist တွေအကြောင်းပါ။တချို့လူတွေဟာ အချစ်မှာနစ်မြောသွားတဲ့အခါ ထိုလူပြုသမျှနုပြီး ထိုလူအကြိုက်လိုက်ကာ မိမိမဟုတ်တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲနေထိုင်ရင်း ကိုယ့်ရဲ့ပင်ကိုယ်ဇာတိကိုပါပျောက်ရှရတတ်ပါတယ်။ လူတစ်ယောက်ကို အဲ့လိုလုပ်နိုင်ဖို့က အချစ်၊ ဂရုစိုက်မှုတွေနဲ့ အဲ့လူရဲ့အားနည်းချက်ကို ကောင်းကောင်းနားလည်ပြီးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။ဒီလူဟာ ဖယောင်းလိုအပူပေးရုံနဲ့ ပြောင်းလဲလို့ရသူလား၊ ဒါမှမဟုတ် ရွံ့စေးလို ဖဲ့ထုတ်ဖြုတ်ဆက်ဖို့လိုအပ်သေးလား ဆိုတာကို ကြည့်တတ်မြငါတတ်ရပါမယ်။ ဒီဇာတ်လမ်းလေးကတော့ ချစ်သူအတွက်ဆို ဘာမဆိုပြောင်းလဲပေးနိုင်တဲ့ ကောင်လေးနဲ့ သူ့ကို အသုံးချပြီး "သက်ရှိလူသားရုပ်တု"တစ်ရုပ်လို ပြုပြင်ပြောင်းလဲဖို့ ချဉ္းကပ်လာခဲ့တဲ့ နားလည်ရခက်တဲ့ artist ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။တချို့ စကားအသုံးအနှုန်းတွေက ကြမ်းတမ်းတဲ့အတွက် ရုပ်ရှင်ကိုတော့ ၁၈+ Rating ပေးထားပါတယ်။T Hmue မှ ဘာသာပြန်အညွှန်းရေးသည်။ File size…(1.9 GB)/(960 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:66:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle ...
movie

The Shape of Things (2003)

Wanderlust (2012) 5.6
Wanderlust (2012) Wanderlust (2012)Paul Rudd ရယ်...Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်...အလုပ်အကိုင်မရှိတော့လို့ ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..ဒါကြောင့်မလို့ နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်းမတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်းအေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာ...။ File size….(3 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Wanderlust (2012)

Ghostbusters: Afterlife (2021) 7.6
Ghostbusters: Afterlife (2021) Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie

Ghostbusters: Afterlife (2021)

4K HEVC
Ghostbusters: Frozen Empire (2024) 6.3
Ghostbusters: Frozen Empire (2024) Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie

Ghostbusters: Frozen Empire (2024)

4K HEVC
Monsters vs Aliens (2009) 6.4
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်....  File size…   1.8 GB  /   867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Monsters vs Aliens (2009)

2009
Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie

Walk Hard: The Dewey Cox Story (2007)

This Is 40 (2012) 6.2
This Is 40 (2012) This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေကောင်း လေဆိုတာကို မြင်ဖူးကြမှာပါတစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်းထို့အတူ ပိထ် ဆိုတဲ့   Paul Rudd ကသီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီးခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ကပ်သီးကပ်သပ် ဖြစ်နေပါရော။ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင်အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ...
movie

This Is 40 (2012)

2012
Dinner for Schmucks (2010)
Dinner for Schmucks (2010)  လောကကြီးမှာ လူတစ်စုက တစ်ပါးသူရဲ့ ကံဆိုးမှုတွေကို လှောင်ပြောင်ဖို့သက်သက်နဲ့ တကူးတကပိုက်ဆံအကုန်ကျခံပြီး ပွဲလုပ်ကြတဲ့သူတွေရှိတဲ့အကြောင်းကို Comedy နှောပြီး မီးမှောင်ထိုးပြထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကောင်မလေးဖြစ်သူ ဂျူလီကို သူ့အပေါ် အထင်ကြီးလာအောင် ဒါမှ သူ့လက်ထပ်ခွင့်ကို လက်ခံမှာဆိုပြီး တွေးတဲ့ တင်မ်ဟာ ရာထူးတိုးဖို့အတွက် အထက်လူကြီးတွေ စီစဉ်နေကျ “Dinner for Winners” ဆိုတဲ့ ညစာစားပွဲကို သူတို့အခေါ် ထူးခြားကွဲပြားတဲ့သူ (အတည်ကတော့ အရူးတွေပေါ့) ဆိုတဲ့သူတစ်ယောက်ကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲအကြောင်းကို ကောင်မလေးဖြစ်သူသိသွားတဲ့အခါမှာတော့ မလုပ်ဖို့ တားရာကနေ ကတောက်ကဆဖြစ်ကြတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲနေ့မှာ တင်မ်က ဘာရီဆိုတဲ့ ကြွက်တွေကို ရုပ်လုံးကြွဖန်တီးတဲ့ သူကို ကားနဲ့ တိုက်မိသွားခဲ့ရာကနေ ဘာရီဟာ သူ့ရဲ့ ဒင်နာကို ခေါ်သွားနဲ့ “ထူးခြားကွဲပြားတဲ့သူ” ဖြစ်လာခဲ့တယ်။ဒီထဲမှာတော့ ဘာရီရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေ ဆိုပေမဲ့ မိတ်ဆွေဖြစ်သူအပေါ်ထားတဲ့ ...
movie

Dinner for Schmucks (2010)

Friends: The Reunion (2021) 8.7
Friends: The Reunion (2021) Friends: The Reunion (2021)=====================IMDb Rating - 8.7/10FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလိုစကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကိုမြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoilerအကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် ...
movie

Friends: The Reunion (2021)

2021
How Do You Know(2010) 6.7
How Do You Know(2010) How Do You Know(2010)*********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာအသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle ...
movie

How Do You Know(2010)

Teenage Mutant Ninja Turtles: Mutant Mayhem (2023) 7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023) Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie

Teenage Mutant Ninja Turtles: Mutant Mayhem (2023)

2023
4K HEVC
Our Idiot Brother (2011) 6.4
Our Idiot Brother (2011)  ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Our Idiot Brother (2011)

Role Models (2008) 6.8
Role Models (2008) Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ...
movie

Role Models (2008)

I Love You, Man (2009) 7
I Love You, Man (2009) I Love You, Man (2009)~ IMDb - 7/10, Rotten Tomatoes - 83% ~ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် "သားကြီး" တွေပေါ့ဗျာ။ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ...
movie

I Love You, Man (2009)

2009
Ant-Man and the Wasp: Quantumania (2023) 6.4
Ant-Man and the Wasp: Quantumania (2023) Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie

Ant-Man and the Wasp: Quantumania (2023)

2023
4K HEVC
Forgetting Sarah Marshall (2008) 7.1
Forgetting Sarah Marshall (2008) Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie

Forgetting Sarah Marshall (2008)

2008
Sausage Party (2016) 6.7
Sausage Party (2016) ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်...စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ...တစ်နေ့တာ စျေးဝယ်မှု မှာ ဝယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့ မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ....ဒီဇတ်လမ်းမှာ မင်းသားကတော့ ဝက်အူချောင်း ပါပဲ ဟုတ်ပါတယ် ဝက်အူချောင်း ပါ.... ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ဝက်အူချောင်းပါကင်ထုပ်ထဲက သူငယ်ချင်းတွေပေါ့ သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ... အနီးကပ် နေရတဲ့ အခါ တစ်ဦးကို ...
movie

Sausage Party (2016)

2016
The Bob’s Burgers Movie(2022) 7.1
The Bob’s Burgers Movie(2022)  ဟာသရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ထွက် animated movie အသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2011 လောက်ကတည်းကစပြီး ထုတ်လွှင့်နေဆဲဖြစ်တဲ့ နာမည်ကြီး Bob's Burgers animated series ရဲ့ တစ်ကားပြီး ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။Series အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ဘော့ဘ်နဲ့ လင်ဒါတို့ လင်မယားနှစ်ယောက်က ဘာဂါဆိုင်ဖွင့်ထားတာ။ သူတို့မှာ တီနာ ဂျင်း လူးဝစ်ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့မိသားစုက နည်းနည်းဂေါက်စီတော့နိုင်တယ်။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်း သူတို့မိသားစုပါတယ်။ မိသားစုလိုက်ကို စွန့်စားခန်းဖွင့်ကြတာ။ ဒါက series အကြောင်းပေါ့။အခု ရုပ်ရှင်က သူတို့စွန့်စားခန်းတွေထဲကတစ်ခုအကြောင်းရိုက်ထားတာပါ။ series မကြည့်ဖူးလည်း ခွီလို့ရအောင် ရိုက်ထားတာမို့ ရှုစားလို့ရပါတယ်ခင်ဗျာ။ (ရုပ်ရှင်မှာ ခေတ်စကားတွေ အရမ်းသုံးထားတော့ အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပေးထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့File size…(1.18GB)/(711MB)/(361MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy ...
movie

The Bob’s Burgers Movie(2022)