Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Rodríguez
6.4
Blood Work (2002)
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie
Blood Work (2002)
6.5
Rat Race (2001)
90's born တော်တော်များများ ငယ်ငယ်တုန်းကကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီးတစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာလောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။ ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီးသူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲဆိုတာကိုရယ်ရင်းမောရင်းကြည့်ရှုရမှာဖြစ်တာကြောင့်ကြည့်မိလို့ နောင်တမရစေမယ့် old school comedy လေးတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။ File size… 1.4 GB / 785 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h ...
movie
Rat Race (2001)
2001
5
Beverly Hills Chihuahua (2008)
Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie
Beverly Hills Chihuahua (2008)
5.9
A Cinderella Story(2004)
A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
A Cinderella Story(2004)
6.0
Clifford the Big Red Dog (2021)
ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်၊ IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ၊ Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့ နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါနယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ၊ ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့ တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ် ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါ သူတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို အလွဲအချော်လေးတွေ၊ ဟာသတွေအပြင် ချစ်စရာကောင်းတဲ့ ခွေးလေးရဲ့အပြုအမူတွေကြည့်ပြီး ကြည်နူးရမှာပါ စိတ်ပင်ပန်းစရာတွေများနေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူတွေနဲ့တူတူ စိတ်အပန်းပြေအောင် ကြည့်လို့ရမယ့် Comedy/ Family genre ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File Size : (1.8 GB) & (1 Gb) & ...
movie
Clifford the Big Red Dog (2021)
HEVC 1080p 5.1
5.6
Cats & Dogs: The Revenge of Kitty Galore (2010)
Cats & Dogs: The Revenge of Kitty Galore (2010)==================================IMDb Rating - 5.3/10#Unicode“My name is Bond..James Bond” လို့ကြားလိုက်တာနဲ့ ဆန်းသစ်တဲ့နည်းပညာတွေကိုသုံးပြီးလူဆိုးတွေကို စုံစမ်းဖော်ထုတ်တဲ့ အထူးအေးဂျင့်ကြီးကိုပြေးမြင်ကြပါလိမ့်မယ်။ ဒီကားလေးကတော့James Bondလိုမျိုး နည်းပညာကို သုံးပြီး လူဆိုးကိုရှာဖွေဖော်ထုတ်တဲ့ ထောက်လှမ်းရေးကားလေးတစ်ကားပါပဲ။ အဲ James Bond နဲ့မတူတာက ဒီကားလေးထဲက အထူးအေးဂျင့်လေးတွေက ခွေးလေးကြောင်လေးတွေဖြစ်နေတာပါ။ ခွေးတွေကိုအပြတ်ရှင်းပြီး လူသားတွေကိုအုပ်ချုပ်ချင်နေတဲ့ ကြောင်ဆိုးမလေး ကစ်တီဂလိုရီကို ခွေးအေးဂျင့်တွေဖြစ်တဲ့ ဒစ်ဂ် ၊ ဘတ်ချ်၊ ကြောင်အေးဂျင့်မလေး ကတ်သရင်းတို့နဲ့ရူးကြောင်ကြောင်ခိုလေး ရှိန်းမက်စ်တို့ အတူပူးပေါင်းဖော်ထုတ်တားဆီးကြတဲ့ အိမ်မွေးတိရိစာ္ဆန်လေးတွေရဲ့စွန့်စားခန်းဇာတ်ကားလေးတစ်ကားပါ။ နောက်ပြီးတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကားလေးဆိုတော့ ၂၀၁၀တုန်းကအကြောင်းလေးတွေကိုပြန်တွေးရင်း အေးအေးဆေးဆေးကြည့်လို့ကောင်းတာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyi“My name is Bond..James Bond” ...
movie
Cats & Dogs: The Revenge of Kitty Galore (2010)
2010
5.7
The Curse of La Llorona (2019)
လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ်ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။အင်္ဂလိပ်စာတန်းမထွက်သေးတာကြောင့် ဘာသာပြန်ဖို့ လေးငါးကြောင်း ကျန်နိုင်ပါတယ်။ဒါပေါမယ့် ကြည့်လို့နားလည်မှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (800 MB) and (400 MB) Quality : HCHDRip 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT Translated by Littleneo Encoded by THZ
movie
2019