Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Johansson
Impulse (2023)
ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ ...
movie
Impulse (2023)
Bad Hombres (2023)
Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter's to do list, Rango, Spiderman (Tom Holland's versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ...
movie
Bad Hombres (2023)
5.1
Wishmaster 2: Evil Never Dies (1999)
Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size… 2 GB / 883 MB Quality… WEB ...
movie
Wishmaster 2: Evil Never Dies (1999)
The Boondock Saints II: All Saints Day (2009)
ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Boondock Saints II: All Saints Day (2009)
6.9
Alpha Dog (2006)
၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie
Alpha Dog (2006)
5.5
God Is a Bullet (2023)
God Is a Bullet (2023)ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ ...
movie
God Is a Bullet (2023)
2023
7.8
The Notebook (2004)
The Notebook (2004)IMDb Rating (7.8 )Romantic ရုပ်ရှင်ဆိုတာနဲ့ အရင်ဆုံးပြေးမြင်ကြမှာကတော့ The Notebook ဆိုတဲ့ဇာတ်ကားပါပဲ။ဒီဇာတ်ကားက အမေရိကန် ရိုမန့်တစ် စာရေးဆရာကြီး Nicolas Sparks ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပြီးမင်းသား Ryan Gosling နဲ့ မင်းသမီး Rachel McAdams တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆိုတာ တကယ်ရှိတယ်ပြဖို့လိုအပ်လာရင် ဒီရုပ်ရှင်ကို ထိုးပြလိုက်ယုံပါပဲ..."ငါတို့ချစ်ခြင်းက ငါတို့ ဖြစ်ချင်တာ အကုန်လုပ်ပေးနိုင်တယ်လို့ ငါထင်တယ်"ချစ်ခြင်းနဲ့ဖန်ဆင်းထားတဲ့ကမ္ဘာကြီးဟာ ဘယ်လောက်ထိလှပလဲဆိုတာ ခံစားကြည့်ကြပါဦး။ File size…(2.4 GB)/ (1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:03:48 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie
The Notebook (2004)
1080p HEVC
4.9
Detective Knight: Redemption (2022)
Detective Knight: Redemption (2022) ===========================Detective Knight ရဲ့ Trilogy ထဲက Detective Knight : Redemption လေးတင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်လည်း နီးပြီဆိုတော့ Bruce Willis ခရစ္စမတ်မှာ ဘယ်လိုသောင်း ကြမ်းမလဲဆိုတာ ကြည့်လိုက်ပါတော့နော်။စုံထောက်နိုက် (Bruce Willis) ကတော့ Redemption မှာ တရား ရင်ဆိုင်ဖို့ ထောင်မှာစောင့်ဆိုင်းနေရတာပါ။ ထောင်ထဲမှာ ဖာသာ ကွန်လန်၊ ဆေးသမားကိုဒီရို့ဒ်နဲ့သိကျွမ်းခဲ့ပြီး လွတ်မြောက်ရေးတရား တွေ ဆွေးနွေးခဲ့ကြတာပေါ့။မကြာခင် နယူးယော့ခ်မှာ ဘဏ်ဓါးပြတိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတာကြောင့် ပြည်သူတွေလည်းကြောက်နေ ကြပါပြီ။ ရဲဌာနနဲ့မြို့တော်ဝန်လည်းခေါင်းကိုက်နေပြီမို့ အတွဲညီခဲ့တဲ့ စုံထောက်နိုက်နဲ့စုံထောက်ဖစ်တို့ကို အကူအညီတောင်းဖို့ ဖြစ်လာပါ တော့တယ်။ခရစ္စမတ်နေ့ကြီးမှာ ဆန်တာဝတ်စုံတွေဝတ်ပြီး ဘဏ်ဖောက်နေကြတဲ့ အရူးတစ်သိုက်ရဲ့ နောက်ကြောင်းနဲ့ စုံထောက်နိုက်ရဲ့ဖြေရှင်းပုံတွေကို ခပ်မိုက်မိုက်ရိုက်ပြထားတာမို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက် ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.0 GB) / (500 MB) / (280 MB) Quality............WEB-DL 1080p, 720p, 480p Duration.........1h ...
movie
Detective Knight: Redemption (2022)
2022
6.4
Kid Cannabis (2014)
Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie
Kid Cannabis (2014)
2014
4.9
Secret Agent Dingledorf and His Trusty Dog Splat (2021)
Secret Agent Dingledorf and His Trusty Dog Splat 2021 ================================= အခုလို စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့ ကာလကြီးမှာ ပျော်စရာ၊ ရွှင်စရာ ပေါ့ပေါ့ပါးပါးနဲ့ မိသားစု ကလေးတွေနဲ့ ကြည့်လို့ရမယ့်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Secret Agent Dingledorf and His Trusty Dog Splat ဟာ အခုနှစ်ထဲမှာ အသစ်ထွက်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရဘူးတဲ့ Home Alone တို့ Spy Kid တွေကလိုပဲ ကလေးတွေက ဇာတ်လိုက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အရူးတပိုင်းဖြစ်နေတဲ့ လူဆိုးခေါင်းဆောင် ဒေါက်တာချက်ကယ်ဟာ ကမ္ဘာကြီးကို အလွန်အကျွံရယ်မောစေနိုင်တဲ့ လှိုင်းနဲ့ ဖျက်ဆီဖို့ ကြိုးစားရမှာ မထင်မှတ်ထားပဲ ကလေး ၃ ယောက်က ကမ္ဘာကြီးကို ကယ်တယ်ဖို့ အထိဖြစ်လာတာပါပဲ။ဆန်းဆန်းပြားပြားတွေမပါပဲ ကလေးအကြိုက် ဟာသ ရီစရာအနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဟာသလေးတွေကလည်း လူကြီးတွေကြည့်မယ်ဆိုရင် ငယ်ဘဝကိုတောင် ပြန်သတိရစေနိုင်မယ်လို့ ...
movie
Secret Agent Dingledorf and His Trusty Dog Splat (2021)